Monday, August 13, 2007

Laughing and its benefit


ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးတွေရယ်၊ ပြုံးခြင်းရဲ့ တန်ဘိုးတွေရယ်ကို ကျွန်မရေးသားခဲ့ဖူး ပါတယ်။ ခုဆက်ပြီး လူ့ဘ၀မှာ အရေးပါတဲ့ အရာတစ်ခုဖြစ်တဲ့ ရယ်မောခြင်းရဲ့ အကျိုးသက်ရောက်မှုလေးတွေကို ရေးသားတင်ပြပေးချင်ပါတယ်။ နှစ်သက်ကြလိမ့်မယ် ထင်ပါတယ်ရှင်။

ရယ်မောခြင်းဆိုတာ အလွန်ကိုအစွမ်းထက်သော ဆေးတစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှု့ကို လျော့ပါးစေတယ်။ မိသားစုအတွင်းမှာလည်း ပြသနာတွေကို ပြေလျော့စေတယ်။ ဒေါသတွေကို ဖြေဖျောက်ပေးနိုင်တယ်။ ပြီးတော့ အတွေးအခေါ်တွေကို ရှင်သန်ထက်မြက် စေပါတယ်။ ရယ်မောခြင်းဟာ ကျွန်မတို့ရဲ့ နေထိုင်မှုဘ၀မှာ များစွာအကျိုးသက်ရောက်မှု ရှိပါတယ်။ သူ့ကြောင့် ဘယ်လိုအကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ခေါင်းစဉ်လေးတွေ ခွဲပြီးရေးသားပေးချင်ပါတယ်။

Health Benefit Of Laughter

၁။ စိတ်ဖိစီးမှုကို လျော့ပါးစေသည်
၂။ Blood Pressure ကိုလျော့နည်းစေသည်
၃။ စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးသည်
၎။ ကိုယ်ခံစွမ်းအားကို တိုးပွားစေသည်
၅။ ဦးနှောက်၏ လုပ်ဆောင်ချက်ကို သွက်လက်ကောင်းမွန်စေသည်
၆။ နှလုံးရောဂါမှ ကာကွယ်ပေးသည်
ရ။ လူမှုဆက်ဆံရေး အဆင်ပြေစေသည်
၈။ အညောင်းအညာပြေ၍ relax လုပ်ပေးနိုင်သည်
၉။ ကိုယ့်ကိုကိုယ် စိတ်ကျေနပ်စေသည်

Social Benefit Of Laughter

ကျွန်မတို့ရဲ့ အလုပ်ခွင်မှာရော မိသားစုအတွင်းမှာပါ ရယ်မောခြင်းဟာ မဖြစ်မနေလိုအပ်ပါတယ်။ "ကျွန်မတို့တွေ အတူတစ်ကွ ရယ်မောသင့်သလား" ဒါမှမဟုတ် "ရယ်မောခြင်းက ပြသနာတွေကို ကျော်လွှားနိုင်လား" စတဲ့မေးခွန်းတွေကတော့ ပေါ်ပေါက်လာနိုင်ပါတယ်။ ဟုတ်ကဲ့ပါ။ ရယ်မောခြင်းဟာ ကျွန်မတို့အချင်းချင်းကို ပိုနီးစပ်ခင်မင်မှုရရှိစေပါတယ်။ ကျွန်မတို့ရဲ့ ပြသနာဝန်ထုပ်တွေကို ပြေလျော့စေပြီး ရှုထောင့်မျိုးစုံကနေ ဖြေရှင်းဖို့ နည်းလမ်းတွေ ထွက်လာစေပါတယ်။ ကျွန်မတို့ရဲ့ စွမ်းအားတွေကို လျော့နည်းစေတဲ့ အဓိကအကြောင်းအရာတွေကတော့ လူမှုပြသနာများကို ဖြေရှင်းခြင်း၊ တစ်ခုခုအပေါ်မှာ အာရုံစူးစိုက်ခြင်းနဲ့ အချိန်ရှိသရွေ့မှာ အလုပ်လုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ ဘာတွေပဲ လုပ်နေလုပ်နေ ဘ၀ဆိုတာ ပြီးပြည့်စုံမှု ရရှိနေတာ မဟုတ်ပါဘူး။ မိသားစုတွေ၊ မိတ်ဆွေတွေ၊ ထိမ်းမြားလက်ထပ်ပြုတာတွေကအစ ကျွန်မတို့ရဲ့ မျိုးဆက်တွေ၊ ဆွေမျိုးတွေ အစရှိသူတိုင်းမှာ တစ်ခုမဟုတ် တစ်ခုတော့ လိုအပ်ချက်တွေရှိနေကြတာပါပဲ။ ဒီတော့ ကျွန်မတို့ အတူတူရယ်မော ပျော်ရွှင်ကြတဲ့အခါ ကျွန်မတို့ကို လူမှုပတ်ဝန်းကျင်နဲ့ ပိုမိုနီးစပ်စေပြီး အချင်းချင်းကြားမှာလည်း နားလည်ကြင်နာမှု ပိုရကာ ပြသနာတွေ ပြေလျော့စေနိုင်မှာ ဖြစ်ပါတယ်။

*Laughter is the shortest distance between two people.
*Humor unites us, especially when we laugh together.
*Laughter heals.
*Laughs and smiles are enjoyed best when shared with others.
*To laugh or not to laugh is your choice.

What is the difference between hurtful and healthful humor?

ယေဘုယျအားဖြင့်တော့ ကျန်းမာရေးကို အထောက်အကူပြုသော ရယ်မောခြင်းဆိုတာ ဟာသဥာဏ်ရွှင်ခြင်း၊ ပျော်ရွှင်တတ်ခြင်း အစရှိတာတွေကြောင့် ဖြစ်ပေါ်လာရတာပါ။ ထိခိုက်စေတဲ့ ဟာသတွေ ကတော့ ကျွန်မတို့ကို လူတွေနဲ့ ပိုဝေးကွာစေပါတယ်။ ထေငေါ့တဲ့ ပျက်လုံးတွေ၊ နှိမ့်ချပြောပြီး ဟာသလုပ်တာတွေ၊ တိုင်းရင်းသားတွေကို လှောင်ပြောင်တဲ့ ပျက်လုံးတွေ၊ အချင်းချင်းနှိပ်ကွပ်တာတွေ အစရှိတဲ့ ပျက်လုံးတွေကြောင့် ရယ်မောရတာဟာ မကောင်းတဲ့ အရာတွေပါ။ လူတွေကြားမှာ နားလည်မှုတွေ လွဲမှားစေပြီး၊ ပြသနာတွေကိုတောင် ဖန်တီးပေးတတ်ပါတယ်။

"Laughing with others is an ice breaker while laughing at others is an ice maker."

No comments: