Saturday, August 18, 2007

Types Of Skin

ကျွန်မတို့ရဲ့ အသားအရေကို သူ့ရဲ့ဖွဲ့စည်းပုံ အပေါ်မူတည်ပြီး အမျိုးမျိုးခွဲခြားနိုင်ပါတယ်ရှင်။ ကိုယ်ရဲ့ အသားအရေဟာ ဘယ်လိုအမျိုးအစားလဲ ဆိုတာ သေချာသိပါမှ နေ့စဉ် အသားအရေ ထိန်းသိမ်းမှုတွေ ပြုလုပ်တဲ့အခါ မှန်ကန်တဲ့ ပစ္စည်းတွေ၊ မှန်ကန်တဲ့ နည်းလမ်းတွေ အသုံးပြုနိုင်ပြီး ထိရောက်မှု ရှိမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အသားအရေတွေကို

1. Normal skin
2. Dry skin
3. Oily skin
4. Combination skin
5. Sensitive skin
ဆိုပြီး 5 မျိုးခွဲခြားနိုင်ပါတယ်။ တစ်မျိုးချင်းစီဟာ ဘယ်လိုပုံစံ၊ ဘယ်လို texture ရှိတယ်ဆိုတာ ကျွန်မဆက်လက် တင်ပြချင်ပါတယ်။


Normal Skin
ကောင်းမွန်တဲ့ အသွင်အပြင်ရှိပြီး၊ ချောမွေ့တောက်ပြောင်တဲ့ လက္ခဏာ ရှိတတ်ပါတယ်။ အစိုဓါတ်နဲ့ အဆီဓါတ်မျှတပြီး စိုပြေနေပါတယ်။ ဒီအသားအရေမှာ ဘယ်လို အနာအဆာမျိုးမှ မရှိပဲ ချွေးပေါက်တွေ ဟာလည်း ကောင်းမွန်မျှတမှု ရှိနေတတ်ပါတယ်။ အရမ်းကြီး ချွေးပေါက်တွေ ကျယ်နေတာမျိုးလည်း မဟုတ်ပဲ တင်းရင်းတဲ့ အသားအရေ ပိုင်ရှင်တွေပါ။ ဒီလိုအသားအရေ မျိုးအတွက်တော့ နေ့စဉ် Daily Care လုပ်ပေးနိုင်ရင် လုံလောက်ပါပြီရှင်။

Dry skin

ခြောက်သွေ့တဲ့ အသားအရေကတော့ အရေပြားရဲ့ မျက်နှာပြင်ဟာ အခြောက်သွေ့တဲ့ လက္ခဏာ ရှိနေတတ်ပြီး၊ အရေပြားအလွှာတွေဟာလည်း ခဏခဏ ကွာကျတတ်ပါတယ်။ မျက်နှာမှာ အရေးကြောင်းတွေလဲ စောစောပေါ်တတ် ပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတော့ အရေပြားမှာ အစိုဓါတ်တွေကို ကောင်းကောင်း မထိန်းသိမ်းနိုင်ခြင်းနဲ့ အရေပြားပေါ်မှာရှိတဲ့ အဆီဂလင်းတွေက အဆီထုတ်လုပ်မှုဟာ ပုံမှန်မဟုတ် လို့ပဲဖြစ်ပါတယ်။ ဆောင်းရာသီလိုမျိုး အေးတဲ့ရာသီတွေမှာ ခြောက်သွေ့တဲ့ အသားအရေမျိုးဟာ ပြသနာနဲ့ကြုံတွေ့ တတ်ပြီ တစ်ခြားအသားအရေမျိုးထက် မြန်မြန်အိုစာ တတ်ပါတယ်။ သူ့ကို အဆက်မပြတ် ဂရုစိုက်မှုတွေ ပြုလုပ်ပေးရမှာ ဖြစ်ပြီး၊ နေ့ဘက်မှာ အစိုဓါတ်ထိမ်းဆေးတွေနဲ့ ညဘက်မှာဆို night cream တစ်မျိုးမျိုးကို သေချာလေး လိမ်းပေးဖို့ လိုအပ်ပါလိမ့်မယ်။

Oily skin

အဆီပြန်တဲ့ အသားအရေကတော့ အရေပြားပေါ်က အဆီဂလင်းတွေမှာ အဆီဓါတ်လွန်ကဲစွာ ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာရတာပါ။ ဒါကြောင့် ဒီအသားအရေမျိုးဟာ ပတ်ဝန်းကျင်က ဖုန်တွေ၊ လေထဲမှာပါလာတဲ့ တစ်ခြား အညစ်အကြေးတွေ ကပ်လွယ်တတ်ပါတယ်။ ဒါကြောင့် ၀က်ခြံမျိုးစုံ ဖြစ်လွယ်ပါတယ်။ ဒီလိုမျိုး အသားအရေကိုတော့ cleansing ပုံမှန်လုပ်ပေးရမှာပဲ ဖြစ်ပါတယ်ရှင်။



Combination skin

ဒီလိုအသားအရေ မျိုးကတော့ လူတော်တော်များများမှာ တွေ့ရလေ့ရှိပါတယ်။ သူ့ရဲ့နာမည်အတိုင်း ခြောက်သွေ့အသားအရေနဲ့ အဆီပြန်တဲ့အသားအရေ နှစ်မျိုးပေါင်းစပ်ပြီး ဖြစ်ပေါ်လာရတာပါ။ နဖူး၊ နှာခေါင်းနဲ့ မေးစေ့တစ်ဝိုက်မှာ အဆီပြန်နေတတ်ပြီး ကျန်တဲ့နေရာတွေမှာ ခြောက်သွေ့နေတတ်တဲ့ သဘောရှိပါတယ်။ အဲလို အဆီပြန်တဲ့နေရာကို T-Zone လို့ခေါ်ပါတယ်။ ဒီလိုအသားအရေမျိုးကို ထိန်းသိမ်းတဲ့အခါ အဆီပြန်တဲ့ အသားအရေနဲ့ ခြောက်သွေ့တဲ့ အသားအရေတို့ရဲ့ ထိမ်းသိမ်းနည်းအတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Sensitive skin

ဒီလိုအသားအရေမျိုးကတော့ တစ်ကယ့်ကို ကောင်းမွန်တဲ့ အသွင်ရှိနေပေမယ့်လို့ အရမ်းကို ထိခိုက်လွယ်တဲ့ အသားအရေမျိုးဖြစ်ပါတယ်။ ရာသီဥတု အပြောင်းအလဲမှာ၊ အသုံးပြုနေကျပစ္စည်းကို မသုံးမိပဲ နောက်တစ်မျိုး ပြောင်းသုံးတဲ့အချိန်မှာ allergic တွေဖြစ်တာမျိုး၊ အသားတွေ နီရဲ လာတာမျိုးဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအသားအရေမျိုးကို ဂရုစိုက်တဲ့အခါ လုပ်နေကျ နည်းတစ်ခုကိုပဲ တစ်သတ်မတ်ထဲ အသုံးပြုပေးရမှာ ဖြစ်ပါတယ်။

2 comments:

Anonymous said...

it's interesting to read.
Your blog is so useful for many mm women. =)
Now, I save your blog in my fav links also ^.^

Anonymous said...

Thanks a lot Ma Eithu,
I'll try other posts that I hope to be useful for all.