Friday, August 10, 2007

Tips of thinking

ဘယ်သူပိုရူးသလဲ
ခေါင်းတစ်ခြမ်းရိတ်ပေးရင် ၅၀၀ ပေးမယ်ဆိုလို့ ခေါင်းတစ်ခြမ်းရိတ်တဲ့သူမျိုးကြုံဖူးတယ်။ သူကမေးတယ် အဓိပ်ပယ်မရှိတာကို ငွေပေးခိုင်းတဲ့သူနဲ့ အဓိပ်ပယ်မရှိတာကို ငွေရလို့ လုပ်တဲ့သူ ဘယ်သူက ပိုရူးသလဲတဲ့။

လက်ခံပါသလား
ဂုဏ်ထူးပြုသော စကားလုံးများမှာ
၁။ ကောင်းသော ၂။ပိုကောင်းသော ၃။ အကောင်းဆုံးဆိုပြီ ကျွန်မတို့မှတ်သားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနေ့မှာတေ့ အကောင်းဆုံးလုပ်နေသူထက် ပိုကောင်းသော အလုပ်ကိုလုပ်နေသူက တိုးတက်သွားသည်ဆိုတဲ့ အယူအဆပေါ်လာပါပြီ။ စဉ်းစားကြပါစို့

မရှုံးမနိုင်
လက်ဝှေ့ချန်ပီယံက လူသစ်ကလေးကို စိန်ခေါ်ပါတယ်။ လူသစ်ကလေးက လက်ခံတယ်။ ထိုးကြတော့ လူသစ်ကလေးရှုံးတာပေါ့။ ဒါပေမယ့် ချန်ပီယံကြီးလည်း မနိုင်ပါဘူးရှင်။

တိုးတက်ဖို့ဆိုရင်
အနုပညာ
နည်းပညာ
အတတ်ပညာ
စီးပွားရေးလုပ်ငန်း
ကုန်ထုတ်လုပ်ငန်း စတဲ့ လူမှုဝန်းကျင်မှာ ရှိနေတာတွေအားလုံး တိုးတက်စေချင်ရင် ကလေးတိုင်းအတွက် မူလတန်းစာပေတွေသင်ကြားပေးနေသလို အသက် ၄၀ ကျော်တိုင်းအတွက် ကွန်ပျူတာအခြေခံလေးတော့ သင်ပေးဖို့ မလိုအပ်ပေဘူးလား။ (အကျိုးရှိရှိတော့ သုံးတတ်ရမှာပေါ့နော်)


ဘာကိုရွေးမှာလဲ
ရှိတဲ့အရင်းအနှီးနဲ့ လုပ်လို့ရတဲ့ လုပ်ငန်းတွေကို ရှာမလား လုပ်ချင်နေတဲ့ လုပ်ငန်းအတွက် အရင်းအနှီးရှာမလား။ ကိုယ့်ဘ၀အခြေအနေနဲ့ ကိုယ့်ဝန်းကျင်အပေါ် မူတည်ပြီး ဒီနှစ်ချက်ကို မှန်မှန်ကန်ကန်ေ၇ွးတတ်ရပါမယ်။

ဘာလုပ်မှာလဲ
ကြက်ဥနဲ့ ကြက်မ ဘယ်ကအရင်စသလဲလို့ တွေးနေမယ့်အစား၊ ကြက်ဥတွေလိုချင်တာလား၊ ကြက်မတွေလိုချင်တာလား ဆိုတာအရင်တွေးရမှာပေါ့။

ကြက်ဥတွေလိုချင်ရင် ကြက်မရှိရမယ်။ ကြက်မတွေလိုချင်ရင်လည်း ကြက်ဥရှိမှဖြစ်မှာပေါ့။ ကဲဘယ်လိုထင်ကြပါသလဲရှင်။

No comments: