Thursday, August 9, 2007

Foundation


ဖောင်ဒေးရှင်းဆိုတာ ကျွန်မတို့ မိန်းကလေးတွေ အတွက်တော့ အရေးပါတဲ့အရာတစ်ခုပါ။ မျက်နှာအသားအရေကိုလည်း ပြုပြင်ပေးတဲ့ အရာတစ်ခုပါ။ အသားအရေ မညီတာတွေကို ဖောင်ဒေးရှင်းနဲ့ ညှိပေးနိုင်ပြီး မိန်းကလေးတိုင်းမှာ မရှိမဖြစ်တဲ့ အလှအပပစ်စည်းလေးတစ်ခုပေါ့။ ဖောင်ဒေးရှင်းတွေကို ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ အသားအရေနဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးတတ်ဖို့လိုသလို၊ ကိုယ့်အသားအရေ အမျိုးအစားနဲ့လိုက်တာကိုလည်း ရွေးသုံးတတ်ဖို့လိုပါတယ်။ ဖောင်ဒေးရှင်းကို ၀ယ်တဲ့အခါ လက်ကောက်ဝတ်မှာ လိမ်းကြည့်ပြီးမှ ၀ယ်ယူရမှာ ဖြစ်သလို လည်ပင်းအသားနဲ့ သိပ်မကွာစေဖို့ကိုလည်း သတိထားရပါလိမ့်မယ်။ ဒါမှ မျက်နှာနဲ့ လည်ပင်းက အသားအရောင် မကွာပဲ ကြည့်ကောင်းစေမှာပေါ့။ ဖောင်ဒေးရှင်း အမျိုးမျိုးရှိပါတယ်။ liquids, gels, creams, solid creams, in sticks (pen stick), cakes (pancakes) ဆိုတဲ့ အမျိုးအစား အမျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။ ဘယ်လို ဖောင်ဒေးရှင်း အမျိုးအစားက ဘယ်လိုအကျိုးသက်ရောက် မှုတွေရှိတယ်ဆိုတာ တစ်ချက်လောက် ပြောပြပေးမယ်နော်…

Emulsions : ဒီလိုဖောင်ဒေးရှင်း အမျိုးအစားကိုတော့ tube ပုံစံနဲ့ထုတ်လုပ် ပြီး အသားအရေအမျိုးအစားတိုင်းအတွက် သင့်တော်ပါတယ်။ သူက ခရင်ပုံစံ ဖောင်ဒေးရှင်းနဲ့ အရည်ပုံစံထုတ်ထားတဲ့ ဖောင်ဒေးရှင်းတွေထက်စာရင် အရမ်းကြီး ပြောင်ပြောင်လက်လက် ဖြစ်မနေပါဘူး။ ဒါပေမယ့် မျက်နှာပေါ်က မညီညာမှုတွေ၊ အနာအဆာတွေကိုတော့ ထိထိရောက်ရောက် ဖုံးပေးနိုင်စွမ်းရှိပါတယ်။
Creams: ဒီအမျိုးအစားကိုတော့ ဘူးပုံစံနဲ့ ထုတ်လုပ်တတ်ကြပါတယ်။ သူ့မှာ အဆီဓါတ်လွန်ကဲစွာ ပါဝင်တဲ့အတွက် အသားခြောက်တဲ့သူတွေ သုံးသင့်ပါတယ်။ မျက်နှာပေါ်မှာလိမ်းထားရင် ပြောင်ပြောင်လက်လက် ဖြစ်နေစေတတ်ပြီး၊ မျက်နှာကို ခပ်ထူထူဖုံးအုပ်ပေးပါတယ်။
Liquids: သူကတော့ ပုလင်းပုံစံနဲ့ လာတတ်ပါတယ်။ အသားအရေ အမျိုးအစားတိုင်းနဲ့သင့်တော်ပြီး လိမ်းထားမှန်းမသိသာအောင် ပေါ့ပါးတဲ့ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ မျက်နှာအသားအရေကို ထိန်းညှိပေးနိုင်ပြီး အပြစ်အနာအဆာတွေကိုလည်း ဖုံးအုပ်ပေးနိုင်ပါတယ်။
Gels : gel ပုံစံဖောင်ဒေးရှင်းတွေကိုတော့ ညှစ်လို့ရတဲ့ squeeze tubes လေးတွေနဲ့ ထုတ်လုပ်တတ်ကြပါတယ်။ ပေါ့ပါးပြီး သဘာဝဆန်တဲ့ အလှတရားကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအမျိုးအစားကိုတော့ အပြစ်အနာအဆာကင်းတဲ့ သဘာဝအတိုင်းလှနေတဲ့ အသားအရေတွေအတွက်ပဲ သင့်တော်ပါတယ်တဲ့။
Cakes or sticks : ဒီလိုအမျိုးအစားတွေကတော့ အတောင့်၊ အခဲပုံစံ လာတတ်ကြပါတယ်။ သူတို့တွေမှာ ခြောက်သွေ့တဲ့ ဓါတ်တွေရှိတဲ့အတွက် အဆီပျံတဲ့ အသားအရေမျိုးနဲ့ သင့်တော်ပါတယ်။ မျက်နှာပေါ်က အမဲစက်တွေ၊ အမာရွတ်တွေကို ဖုံးပေးပြီး၊ ဓါတ်ပုံအရိုက်ခံတဲ့ အချိန်မျိုး၊ စတေ့ခ်ျပေါ်မှာ လမ်းလျှောက်၊ သီချင်းဆိုတဲ့ အချိန်မျိုးတွေမှာ လိမ်းဖို့ ပိုမိုသင့်တော်ပါတယ်။ သူကနေ့စဉ်သုံးဖို့တော့ မသင့်တော်ပါဘူးရှင်။
Powders : မျက်နှာလိမ်းတဲ့ ပေါင်ဒါအမျိုးမျိုးရှိပါတယ်။ ခုချိန်မှာဆိုရင် ပြောင်ပြောင်လက်လက်လေးနဲ့ လိမ်းလို့ လိမ်းထားမှန်း မသိသာတဲ့ transparent powders တွေတောင် ရရှိလို့နေပါပြီ။ ပေါင်ဒါတွေကိုတော့ ဖောင်ဒေးရှင်းလိမ်းပြီးသွားတဲ့အချိန်မှာ အပြီးသတ်ချောမွတ်ပေးဖို့ လိမ်းပေးရမှာ ဖြစ်ပါတယ်။ Cake or compact powders တွေကတော့ ပိုမိုသိပ်သည်းအောင် ဖော်စပ်ထားပြီး ဖောင်ဒေးရှင်း ပမာဏ တစ်ချို့ပါဝင်နေတတ်ကြပါတယ်။ ဒီအမျိုးအစားတွေကတော့ ဖောင်ဒေးရှင်းလိမ်းပြီး အပေါ်ကထပ်လိမ်းဖို့ အရမ်းကြီးတော့ မသင့်တော်လှပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူက အောက်ခံဖောင်ဒေးရှင်းကို ပျက်ယွင်းစေတတ်ပြီး၊ အရောင်အစပ်အဟပ်လည်း ကွားခြားတတ်တဲ့ အတွက်ကြောင့်ပါ။ ဒီလိုအမျိုးအစားတွေကို အဓိကအားဖြင့်တော့ ဖောင်ဒေးရှင်းမလိုတဲ့ two-way ပုံစံအဖြစ်နဲ့ သုံးသင့်ပါတယ

No comments: