Sunday, August 12, 2007

Who old first, men or women?

ကဲ အရင်ကရေးခဲ့ဖူးတဲ့ ပိုစ့်လေးကို ပြန်တင်လိုက်မယ်ရှင်။ ပျက်သွားတဲ့ ဘလောဂ့်ထဲ ပါသွားပေမယ့် ကျွန်မဘလောဂ့်နဲ့ လိုက်တယ်ထင်လို့ ပြန်တင်ပါရစေနော်။ ဖတ်ပြီးသား သူတွေလည်း ပြန်ဖတ်ရင်း မဖတ်ရသေးတဲ့ သူတွေလည်း အသစ်ခံစားနိုင်အောင်ပေါ့နော်

အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အရေပြားဟာ လုံးဝတူညီမှုမရှိတာကြောင့် ဖရာလက်ခဏာပြသတဲ့ နေရာမှာ ကွဲပြားမှုတွေရှိပါတယ်။ အမျိုးသမီးတွေရဲ့ အရေပြားဖွဲ့စည်းပုံဟာ ကိုလာဂျင်ပါဝင်မှုမှာ အမျိုးသားတွေထက် နည်းပါတယ်။ အမျိုးသားတွေရဲ့ stratum corneum အလွှာကလည်း အမျိုးသမီးများထက် ပိုပြီးထူပါတယ်။ ဆီဘမ် ထုတ်လုပ်မှုဟာပိုများသလို အသက်အရွယ် 80 ထဲရောက်သည့်တိုင် ရပ်တန့်မှုမရှိသေးပါဘူး။ ကျား လိင် ဟော်မုန်းထက် testosterone ရေချိန်ပိုမိုလာသလို ကိုလာဂျင်ထုတ်လုပ်နိုင်မှုလည်း ပိုများပါတယ်။ ဒါကြောင့် အမျိုးသားများရဲ့ အရေပြားဟာ သဘာဝအလျောက် ပိုမိုကြံ့ခိုင် တောင့်တင်းပါတယ်။ အမျိုးသားများရဲ့ အရေပြား လျော့ရဲမှုဟာ တစ်နှစ်မှာ တစ်ရာခိုင်နှုန်းသာရှလို့ မပြောပလောက်ပါဘူး။ အမျိုးသမီးများ၇ဲ့ အရေပြားဖွဲ့စည်းမှုဟာ မီးယပ်သွေးမဆုံးခင် အချိန်ထိ ကင်းရှင်းမှုရှိပါတယ်။ မီးယပ်သွေးဆုံးပြီးနောက်ပိုင်း မဟော်မုန်းဓါတ်ဖြစ်တဲ့ estrogen လျော့နည်းသွားချိန်မှာ အရေပြားဟာ ရေဓါတ်ကိုပါ ဆုံးရှုံးလာပါတယ်။ ကိုလာဂျင်အမျှင်များ၇ဲ့ ဖွဲ့စည်းမှုကလည်း လျော့ရဲလာတဲ့ အတွက် အမျိုးသမီးများရဲ့ အရေပြားဟာ အမျိုးသားများရဲ့ အရေပြားထက်စာရင် ဇရာလက်ခဏာများကို ပြသလာနိုင်ပါတယ်။

No comments: