Saturday, February 2, 2008

Love Poem

ရင်ထဲမှာ ဟာတာတာနဲ့
မျှော်လင့်ချက်တွေက မရေရာခဲ့
ပွင့်ထွက်လုမတတ် ခံစားချက်တွေကို
ခက်ခဲစွာ မြိုသိပ်ရင်း
ငါ့ရဲ့ အလွမ်းတွေက
မျက်ရည်အဖြစ် ပြောင်းလဲခဲ့။

မင်းသိနိုင်မလား
ပြောမထွက်ခဲ့တဲ့ စကားလုံးတစ်ချို့ကို
လွမ်းဖို့တောင် ခွင့်မတောင်းရဲတဲ့အဖြစ်
နှုတ်ဆက်ထွက်ခွာသူအတွက်
အပြုံးတစ်ချက်လောက်ကိုတော့
လက်ဆောင်အဖြစ် ပေးစေချင်တာပေါ့။

တစ်ကယ်ပါ ချစ်သူ
သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်း
မိန်းကလေးဆိုတဲ့ ကန်လန့်ကာရဲ့ နောက်ကွယ်မှာ
ဘာကိုမှ ချမပြရဲခဲ့တဲ့ ငါ့အဖြစ်
နောက်ဆုံးတွေ့ဆုံချိန်မှာတောင်
အမှတ်ရစရာ တစ်စုံတစ်ခုကိုမှ
ငါတို့မပြောဖြစ်ခဲ့ဘူးလေ။

ငါတို့ မဝေးပါဘူး ချစ်သူ
ငါ့အတွေးတွေကို နင်စိုးမိုးထားသရွေ့
ငါ့ခံစားချက်တွေမှာ နင်ပါနေသေးသရွေ့
ဆက်သွယ်မှုကွန်ယက်တွေ ပြတ်တောက်မသွားသရွေ့
နင်နဲ့ငါ အမြဲတမ်းတစ်သားထဲ ဖြစ်နေအုံးမှာပါ။
ငါနင့်ကို ချစ်နေအုံးမှာပါ။

(အင်း ဟိုတစ်ခါ အချစ်ဝတ္ထုကို ဖြစ်ညှစ်ရေးပြီးပြီ။ ဒီတစ်ခါ အချစ်ကဗျာကိုလည်း ဖြစ်ညှစ်ရေးထားတယ်။ ဖတ်ပြီးရင် ကောင်းတယ် ပြောသွားကြနော်.. ဟိ နောက်တစ်ခါ ဘယ်တော့မှ ထပ်မရေးတော့ဘူး)

5 comments:

Anonymous said...

ကဗျာဖတ်သွားတယ်။ ကောင်းတယ်။ လက်တွေ့ ခံစားနေရတာ မို့ လို့ ထင်တယ်။ :-D

Anonymous said...

တစ်ကယ်ပါ ချစ်သူ
သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်း
မိန်းကလေးဆိုတဲ့ ကန်လန့်ကာရဲ့ နောက်ကွယ်မှာ
ဘာကိုမှ ချမပြရဲခဲ့တဲ့ ငါ့အဖြစ်
နောက်ဆုံးတွေ့ဆုံချိန်မှာတောင်
အမှတ်ရစရာ တစ်စုံတစ်ခုကိုမှ
ငါတို့မပြောဖြစ်ခဲ့ဘူးလေ။

ငါတို့ မဝေးပါဘူး ချစ်သူ
ငါ့အတွေးတွေကို နင်စိုးမိုးထားသရွေ့
ငါ့ခံစားချက်တွေမှာ နင်ပါနေသေးသရွေ့
ဆက်သွယ်မှုကွန်ယက်တွေ ပြတ်တောက်မသွားသရွေ့
နင်နဲ့ငါ အမြဲတမ်းတစ်သားထဲ ဖြစ်နေအုံးမှာပါ။
ငါနင့်ကို ချစ်နေအုံးမှာပါ။

သူငယ်ချင်းရေ....
ဖြစ်ချင်တိုင်း မဖြစ်တဲ့လောကကြီးထဲမှာ....
ငါတော့ မဆုတောင်းချင်ဘူးဟာ...
ဒါပေမယ့်နင့်ကိုတော့ ငါဆုတောင်းပေးလိုက်မယ်...

ခံစားချက်တွေကို မျက်ရည်အဖြစ်ရွာချခဲ့ရတဲ့နင့်ကိုငါမကြည့်ရက်လို့ပါ..

လှပသော နေ့ရက်တွေနဲ့အတူ ပျော်ရွှင်ဖွယ်အနာဂါတ်ကို ပိုင်ဆိုင်နိုင်ပါစေ သူငယ်ချင်းရေ...။

မပြည့်စုံသေးတဲ့ ပြည့်စုံ

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာ....
ခံစားချက်တွေ သိပ်မထုတ်ပြနဲ့....
လာဖတ်တဲ့သူတွေ ငိုပြီင်္းပြန်သွားရဦးမယ်....

Anonymous said...

ကောင်းကင်ကို > ဟုတ်တယ် လက်တွေ့ပဲ

ပြည့်စုံ > ဆုတောင်းတိုင်း ပြည့်သတဲ့လား..

လင်းဦး > ဖတ်တဲ့သူ ငိုမငိုတော့ မသိ ငါ့ကဗျာကို င့ါဟာငါ ဖတ်ငိုနေတာ ဟီး

Anonymous said...

ကောင်းပါတယ် ဗျ ထပ်ရေးပါ လာလာဖတ်မှာ ... :D