Wednesday, February 6, 2008

Blogger's Life

Image Hosted by ImageShack.us


မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ကိုဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြ အုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခု တော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စ နဲ့ သွားပြီးတိုက်ဆိုင် ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။ အောက်မှာ ဘလောက်မှာဖော်ပြဖို့ linkရေးပေးထားတယ်..။ ယူသွားပြီး ဘလောက်မှာ ကြော်ငြာပေးနော်…။

(img alt="funny" src="http://artofkha.files.wordpress.com/2008/02/funny-news01.jpg" /)

လက်သဲကွင်းများ နေရာတွင် '' တို့အစားထိုးရန်


(ဤပို့စ်ကို ကိုခ ဘလော့ဂ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။)

2 comments:

Anonymous said...

thanks for sharing this post.

Anonymous said...

ကိုနေဘုန်းလတ်ဟာ ဘာအကြောင်းနဲ့ အထိန်းသိမ်းခံထားရတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိသေးခင်မှာ ဘလော့ဂ်ကြောင့်လို့ ဘာကြောင့် စွပ်စွဲနေကြတာလဲ။ ပြည်တွင်းက ဘလော့ဂါတွေကို အနေအစားကျပ်အောင် လုပ်နေကြတာလား။ ပြည်တွင်းဘလော့ဂါတွေ အသစ်အသစ် ထွက်မလာရဲအောင် လုပ်နေကြတာလား။ ရှိပြီးသား ဘလော့ဂါတွေ ဆက်မလုပ်ရဲအောင် လုပ်နေတာလား။ အကြောင်းအရာတွေကို ရောထွေးသွားအောင် မလုပ်ကြပါနဲ့။ ခင်ဗျားတို့လို ဟိုအဝေးကနေ ဘေးတီးနေတဲ့သူတွေကြောင့် ဘာအကြောင်းမှ ထူးပြီး ကောင်းလာစရာမရှိဘူး။ အကျိုးယုတ်ဖို့ပဲ ရှိတယ်။

ဒါအမှန်အကန်ဘဲ..လူတွေကသိပ်ပြီးနာမည်ကြီးချင်နေကြလို့ဖြစ်နေတာ.ပြည်ပကမီဒီယာတွေအနေနဲ့ပြည်တွင်းကလူတွေကိုငဲ့သင့်တယ်.ကိုယ်ထင်ရာကိုယ်ဆွဲမပြောသင့်ကြပေဘူး