
အောင်ဆန်းဇာနည်
ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား။
၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး ။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
်ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ။
ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
4 comments:
ပင့်ဂိုးလ်ရေ။ ဒီ post လေးကူးသွားတယ်နော့။ အားလုံးကို သတိရစေချင်လို့ပါ။
Hi friend, I refer this poem for my blog. But I don't copy. It's just same idea of us. Pls don't mind me. Thanks.
ဒီကဗျာလေးကို တသက်လုံး ဒီလိုပဲ သိလာ ကျက်လာ ဖူးပါတယ်။ ကဗျာ အရ ဟုတ်နိုးနိုး အလိမ်ခံလာတာ ၂၅နှစ် သမီး အရွယ် အထိ ပါပဲ။ နောက်မှ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းတွေ နားထောင်မိမှ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်သွားတာ ဆိုရှယ်လစ် လမ်းစဉ် မဟုတ်ဘဲ ဒီမို ကရေစီ လမ်းစဉ် ဖြစ်မှန်း သိလိုက်ရတယ်။ ဒါဆို ဆိုရှယ်လစ်ဘောင် လမ်းစဉ်ကို တကယ်ချခဲ့တာ ဗိုလ်ချုပ် အောင်ဆန်း မဟုတ်တာ သေချာ တာပေါ့။ ဘယ်ဗိုလ်ချုပ် ချမှတ်ခဲ့တာလဲ။ ညာတာပါတေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူက လေးစား ကြည်ညိုတာ ခုတုံးလုပ် ဗိုလ်ချုပ်ရဲ့ နာမည်ကို အလွဲသုံးစား လုပ်ခဲ့တာ ဘယ်သူလဲ.. သိချင်လို့ပါ။ သက်သေ လေးနဲ့ပေါ့
ဗိုလ်ချုပ်နေ၀င်းလက်ထက်ကလားမသိဘူးနော် အမ
အထောက် အထားတော့မရှိဘူး အမရဲ့
အဲလိုပဲ ကြားဖူးတာ
Post a Comment