Tuesday, February 26, 2008

အပေး အကမ်း

အိပ်မက်လိုပဲေ၀၀ါးနေတယ်
ဟုတ်တယ်....
ငါဟာ မင်းရဲ့ အစေအပါးပါ....

ရှည်းလျားလွန်းတဲ့ စက္ကန့်တိုင်းမှာ
မင်းဟာ သက်တန့်လှိုင်းလို တစ်ရစ်ရစ်နဲ့
ချစ်တတ်လာအောင် လုပ်နိုင်ခဲ့တယ်....

ဟော.. ကြည့်.. တိမ်တွေ ငိုနေပြီ
လိမ်မပြောစတမ်း ဆိုရင်တော့
ငါ.. တစ်ကယ်လွမ်းတာပါ...

တစ်ယု တစ်ယနဲ့ စိမ်းထားတဲ့ အချစ်
ဆူးနစ်တော့ အသဲနာတယ်....

မပြုစုပဲ ပစ်ထားတဲ့ ပန်း
မနွမ်းတာလည်း ၀မ်းသာတယ်...

မကြင်နာသူကို နောက်ဆုံး
မမုန်းနိုင်တော့ ငါ ရှုံးလာတယ်

ယူသလောက် ပေးနေပေမယ့်
ရေငွေ့ငတ်တဲ့ တိမ်အချို့
အတင်းအကျပ် ငိုတာလည်း
ငါလိုချင်တဲ့ မိုးစက်မှ
မဟုတ်ခဲ့တာ........

ယုတ္တိ

No comments: