Tuesday, January 20, 2009

Moving the blog!

Blogspot မှာရေးရတာ မလွယ်တာကတော့ တော်တော်ကြာပြီပေါ့။ ဒါပေမယ့် သံယောဇဉ် ရှိရင်းစွဲကြောင့် ပရောက်ဆီလေး ကျော်လိုက်၊ mail to blogger နဲ့ ပိုစ့်တင်လိုက် နဲ့ပဲ ရေးလာခဲ့လိုက်တာ သက်တမ်းတောင် တစ်နှစ်ကျော်ခဲ့ပါပြီ။ ခုနောက်ပိုင်းတော့ ပိုစ့်တင်ရတာ ဘယ်လိုမှ အဆင်မပြေတော့ဘူးရှင့်။ Ultrasurf က ပိုစ့်တင်လို့ မရတော့ဘူး။ တစ်ခြား Proxy Software တွေလည်း အဆင်မပြေဘူး။ အဲဒီတော့ ဘလောဂ့်ရွှေ့ဖို့ စဉ်းစားလိုက်ပါတယ်။ လောလောဆယ်မှာတော့ Free Hosting တွေဘာတွေအကြောင်းကို မလေ့လာရသေးတာနဲ့ ရိုးရိုး wordpress.com မှာပဲ ရေးနေလိုက်ပါအုံးမယ်။ ရှိပြီးသား domain ကိုလည်း ဒီမှာပဲ Redirect လုပ်ပါမယ်။ ဟိုဘက်က blogspot ကိုတော့ အရင်အတိုင်းပဲ http://cuttiepinkgold.blogspot.com လိပ်စာနဲ့ ထားခဲ့ပါမယ်။ ဒါပေမယ့် အဲဒီဘက်က ဒိုမိန်းကို ဖြုတ်ဖို့အတွက် setting ထဲကို ၀င်လို့ မရသေးဘူး။ ရပြန်တော့လည်း save လုပ်တဲ့အချိန်မှာ ကျေးဇူးရှင် ultrasurf က error ပြတယ်။ နိုင်ငံခြားက သူငယ်ချင်း တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ဖြုတ်ခိုင်းပြီးတာနဲ့ ဒီဘလောဂ့်ကို www.cuttiepinkgold.info နဲ့လာရင် ရောက်အောင် လုပ်ပါမယ်။ အဆင်မပြေတာလေးများ ရှိခဲ့ရင်တော့ သည်းခံကြစေချင်ပါတယ်။



မေးသမျှကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတဲ့ ကိုသင်္ကြန်ကို ကျေးဇူးသိပ်တင်ပါတယ်။

3 comments:

Anonymous said...

အဆင်ပြေပါစေဗျာ။ ကျနော်တို့ကတော့ ဘလော့ပဲ ဆက်သုံးလိုက်ဦးမ်ာဗျို့

Anonymous said...

အိမ်အသစ်လေးကို အလည်ရောက်တယ်ဗျ...

Anonymous said...

အပင်သူခိုးလေး (pinkgold) နေရာတွေ ဘာတွေ ပြောင်းလို့ပါလား..