Saturday, January 10, 2009

စစ်ကိုင်းပညာဒါနသင်တန်း အတွက် အလှူရှင်များ လိုအပ်

စစ်ကိုင်းပညာဒါနသင်တန်း အတွက် အလှူရှင်များ လိုအပ်

စစ်ကိုင်းမြို့ ၊စစ်ကိုင်းတောင်ရိုး၊ သာသနဝေပုလ္လကျောင်းတိုက်တွင် စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံး နေထိုင်သော၊ ရဟန်း၊ သာမဏေ ၊ သီလရှင်များနှင့် ၊ငွေကြေးချို့ တဲ့သော လူပုဂ္ဂိုလ်များ အား ကွန်ပျူတာနည်းပညာနှင့်ပတ်သက်၍ ဦးဇင်းဦးကောဝိဒမှ အခမဲ့ သင်တန်းများပို့ ချပေးလျှက်ရှိပါတယ်။ အဲဒီလိုပို့ ချပေးတဲ့နေရာမှာ နောက်ပိုင်း သံဃာအင်အား လူအင်အားများပြားလာတာနဲ့ အမျှ စက်အင်အား၊ အဆောက်အဦးတွေ လိုအပ်လာပါတယ်။

အခုလောလောဆယ် သင်တန်းကျောင်း အတွက် လိုအပ်နေတာက ကွန်ပြူတာများပဲ ဖြစ်ပါတယ်။ ဦးဇင်းဦးကောဝိဒ အနေနဲ့ တတ်နိုင်တဲ့ အင်အားနဲ့ ကြိုးစားပြီး ဖွင့်ထားရပေမယ့် စက်အင်အားက လောလောဆယ် ၆လုံးပဲ ရှိပါသေးတယ်။ (အခုလက်ရှိ ပညာဒါန သင်တန်းကို လျှောက်လွှာတင်သူ သင်တန်းသား ဦးရေက ၅၀ လောက်ရှိနေပြီလို့ ကြားသိရပါတယ်)။ ထို့ကြောင့် လိုအပ်သော ကွန်ပြူတာများ အတွက် အလှူရှင်များလိုအပ်နေပါတယ် ခင်ဗျာ။

နောက်တခု လိုအပ်ချက်ကတော့ စစ်ကိုင်းမှာ လျှပ်စစ်မီး ပုံမှန် မရရှာပါဘူး။ ဒါကြောင့် သင်တန်းပုံမှန် လည်ပတ်နိုင်ရေး အတွက် မီးစက်လဲ အရေးတကြီး လိုအပ်နေပါတယ်။ မီးစက်ရဲ့ တန်ဖိုးကတော့ မြန်မာကျပ်ငွေ ၁၇၀၀၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ သို့ပါ၍့ ရပ်ဝေး ရပ်နီးမှ အလှူရှင်များ အနေနဲ့ ပညာဒါန အလှူ အတွက် လှူဒါန်းပေးစေလိုပါတယ် ခင်ဗျာ။

ပြည်တွင်းမှ လှူဒါန်းလိုသူများ အနေနဲ့
မန္တလေး ရိုးမဘဏ် (ရတနာပုံ)၊
ဦးကောဝိဒ -၉/ပဥလ(သ)၀၀၀၅၂၆
ဦးရဲဝင်းနောင် 09-2028917 ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။

ပြည်ပမှ လှူဒါန်းလိုသူများ အနေနဲ့တော့.. ကျွန်တော့် အီးမေးလ်
minnyoonthit@gmail.com ကို ဆက်သွယ်ပြီး လွှဲရမယ့် နာမည်နဲ့ မှတ်ပုံတင် ပေးပါ့မယ်။

Source: www.minnyoonthit.net

1 comment:

Anonymous said...

လှုခြင်တယ်ဗျာ ဒါပေမဲ့ လောလောဆယ်မှာ
တော့မလှုနိုင်ဘူးဗျာ စိတ်ပဲရှိတယ် ငွေမလိုက်နိုင်ဘူးဗျာ။