Tuesday, July 8, 2008

Tips for Blog Marketing

ခုနောက်ပိုင်းမှာ မြန်မာ ဘလောဂ့်ဂါတွေ များပြားလာတာ အားရစရာ ကောင်းလှပါတယ်။ ဒါပေမယ့် များပြားလွန်းလှတဲ့အတွက် တစ်ချို့ဘလောဂ့်တွေကိုဆို သိတောင် မသိနိုင်လောက်အောင်လည်း ဖြစ်တတ်ပါတယ်။ ကိုယ့်မှာလည်း အချိန်က နည်းပါးလှတဲ့အတွက် ဖတ်နေကျ ဘလောဂ့်လေးတွေကိုပဲ အလျင်းမီအောင် မနည်းဖတ်နေရတယ်လေ။ အသစ် အသစ်သော ဘလောဂ့်တွေထဲမှာ အရမ်းကောင်းတဲ့၊ လူစိတ်ဝင်စားတဲ့ ပိုစ့်မျိုးကို တင်နိုင်တဲ့ သူတွေကိုလည်း အားကျမိပါရဲ့။ ကိုယ်လည်း လူတိုင်းအတွက် အကျိုးရှိမယ့် ပိုစ့်မျိုးတွေချည်း ရွေးတင်ချင်ပေမယ့် အစွမ်းအစက မရှိတော့လည်း တတ်သလောက် မှတ်သလောက်လေးသာ တင်ပေးနေရတာပေါ့။ များပြားလွန်းလှတဲ့ ဘလောဂ့်ဂါတွေကြားမှာ ကိုယ့်ဘလောဂ့်ကို လူသိအောင်လုပ်ဖို့ဆိုတာ တော်တော်တော့ ခက်ခဲလှပါတယ်။ ကိုယ်ကလည်း လူတိုင်းကို ကိုယ့်မှာ ဘလောဂ့်ရှိကြောင်း လိုက်မပြောနိုင်သလို၊ ဘလောဂ့်ဂါတိုင်းကလည်း ကိုယ့်ဘလောဂ့်ကို လာဖတ်၊ မဖတ်ဆိုတာ မသေချာပါဘူး။

ကျွန်မတွေ့ရသလောက် တော်တော်များများကတော့ စီဘောက်တွေမှာ လင့်တွေလိုက်ထည့်၊ ပိုစ့်အသစ်တင်ရင် တင်ထားကြောင်း အသိပေးတာတွေ လိုက်အော်၊ ပိုစ့်အသစ်ကို အီမေလ်းနဲ့ တတ်နိုင်သလောက်လွှတ်ကြတာမျိုးတွေ လုပ်ကြတာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ကာယကံရှင်တွေတော့ ဘယ်လိုနေလဲ မသိဘူး။ ကျွန်မ အနေနဲ့ကတော့ အဲလိုမျိုးတွေ လက်ခံ ရရှိရင် တော်တော်လေးကို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ တစ်ခါ နှစ်ခါလောက်ကတော့ ပြသနာမဟုတ်ပေမယ့် အမြဲတမ်းကြီးဆိုရင်တော့ နည်းနည်း စိတ်တိုချင်လာပါတယ်။ ကိုယ့်စီဘောက်မှာ ခဏ ခဏ လာအော်ကြရင် ငါစီဘောက်ထားတာ ကြော်ငြာလက်ခံဖို့အတွက်လား လို့တောင် ထင်လာမိတယ်။ ကျွန်မလည်း ရံဖန် ရံခါကလွဲရင် မလုပ်မိဘူး။ သူများတွေဆီမှာ သွားအော်ရင်လည်း လာလည်တယ်၊ လာဖတ်တယ်၊ ဒီလောက်ပဲ အော်ဖြစ်တာ များပါတယ်။

ပြီးတော့ မြန်မာဘလောဂ့်ဂါတွေမှာ (တော်တော်များများမှာ) အတွေးတစ်ခုရှိတတ်တာက လာဖတ်မိပေမယ့် စီဘောက်မှာများ မအော်မိရင်၊ ကွန်းမန့်လေးများ မပွတ်မိခဲ့ရင် ငါ့ဘလောဂ့်ကို သူလာမဖတ်ဘူးလို့ အထင်လေးများ ရှိတတ်ကြပါတယ်။ အချိန်လုပြီး ဖတ်ရတဲ့ အခါမျိုးမှာ၊ အရေးအသားတွေ ကောင်းလွန်းလို့ မျောသွားတဲ့ အခါမျိုးမှာ စီဘောက်မှာအော်ဖို့ မေ့သွားတတ်တာမျိုးလည်း ရှိပါတယ်။ ဒီတော့ ကိုယ့်ဘလောဂ့်ကို လူသိဖို့အတွက် Blog Marketing လုပ်နည်းလေးကို ကျွန်မတွေးမိသလောက်လေး ချပြချင်ပါတယ်။

၁) ကိုယ်ဘလောဂ့် လုပ်တဲ့အခါ Type Of Blog ကို ရွေးဖို့လိုပါတယ်။ ကိုယ့်ဘလောဂ့်ရဲ့ အကြောင်းအရာတွေဟာ computer, Fun and Entertainment, Knowledge and Education, Beauty and Fashion, Photo and Digital Art, Technology, Art and Literature, News, Personal Dirary စတာတွေကို သေသေချာချာလေး သတ်မှတ်ပြီး ရေးစေချင်ပါတယ်။ ဟိုအကြောင်း ဒီအကြောင်းတွေ ရောရေးတာမျိုးထက်စာရင် အကြောင်းအရာ တစ်ခုတည်းကို သတ်သတ်မှတ်မှတ် ရေးတာက ဖတ်ရတဲ့ သူတွေအတွက် ပိုကောင်းသလို recognition လည်း ပိုတက်စေပါတယ်။

၂) အကယ်၍ စိတ်ကူးထဲမှာ ပေါ်လာတာလေးတွေကို အကုန်လျှောက်ရေးတဲ့ ဘလောဂ့်မျိုးဖြစ်ရင်တော့ အရေးအသားနဲ့ creation ကို ဦးစားပေးရ ပါလိမ့်မယ်။ လာဖတ်သူများ အတွက် တစ်ခုမဟုတ် တစ်ခု ရသွားစေတာမျိုး မဟုတ်ရင်တော့ ရီစရာမောစရာ၊ အပျင်းပြေ သဘောမျိုးလေးတွေ ဖြစ်နိုင်ရင် ပိုကောင်းပါတယ်။

၃) စီဘောက်တွေမှာ ပိုစ့်သစ်တင်တိုင်း အချိန်ကုန်ခံပြီး လိုက်အော်နေစရာ မလိုပါဘူး။ နာမည်ကြီးပြီးသား ဘလောဂ့်ဂါ တစ်ယောက် နှစ်ယောက်လောက်ကို ညာတာ ပါတေးနဲ့ လင့်ချိတ်ခိုင်းထားရင် လုံလောက်ပါတယ်။ ကိုယ့်ရဲ့ အရေးအသားတွေလည်း ကောင်းတယ်၊ ဖတ်ရတာ အကျိုးလည်းရှိစေမယ်၊ တစ်ခု မဟုတ် တစ်ခုကြောင့်တော့ ကိုယ်တင်ထားတဲ့ ပိုစ့်တွေဟာ ကောင်းနေမယ်ဆိုရင် လူတွေများများ လာဖတ်ပါလိမ့်မယ်။ ကိုယ်က ဘယ်သူတွေ လာဖတ်တယ်ဆိုတာ သိနေစရာ မလိုပါဘူး။ လာဖတ်တဲ့ သူတွေက ကိုယ့်ကို သိနေပါလိမ့်မယ်။

၎) စီဘောက်မှာ အော်တာထက်၊ ကွန်းမန့် ပွတ်တာဟာ လူတစ်ယောက်ကို ပိုပြီးတော့ appreciate လုပ်ရာ ရောက်ပါတယ်။ ကိုယ့်ဘလောဂ့်ကို သူ့ကိုလည်း လာဖတ်စေချင်တယ် ဆိုရင် သူ့ရဲ့ ပိုစ့်တွေမှာ ကွန်းမန့်သွားပွတ်လိုက်ပါ။ ကျွန်မကိုလည်း ကွန်းမန့်လေး ချီးမြှင့်ပါအုံး၊ ကျွန်တော့်ဆီလည်း လာပါအုံးလို့ မခေါ်ပါနဲ့။ အချိန်တစ်ခုကို စောင့်ပါ။ သူကိုယ့်ဆီ ရောက်လာမှာပါ။ လာပါ၊ လည်ပါ ခေါ်ရင် လူရဲ့ ရွဲ့တတ်တဲ့ သဘောသဘာဝအရ မလာချင်၊ မသွားချင်တောင် ဖြစ်သွားနိုင်ပါသေးတယ်။ ကျွန်မဆို အဲလိုပါပဲ "ပိုစ့်အသစ် တင်ထားတယ်နော်၊ ကျွန်တော့ ဘလောဂ့်မှာတော့ ဘာဖြစ်နေပြီနော်၊ မဖတ်ရင် နောက်ကျသွားနိုင်တယ်နော်" စသည်ဖြင့် လာပြောရင် သွားကို မသွားချင်တော့ပါဘူး။

၅) Blog Title တွေကို အင်္ဂလိပ်လို ရေးတင်တာဟာ Google လိုမျိုး search engine တွေက ကိုယ့်ဆီလာဖို့ ပိုမိုလမ်းညွှန်ပေးတဲ့ အခွင့်အရေးကောင်း တစ်ခုဖြစ်ပါတယ်။ နိုင်ငံတစ်ကာက လူတွေတော်တော်များများဟာ အင်္ဂလိပ်လိုပဲ စာရိုက်ပြီး ရှာဖွေကြပါတယ်။ အဲတော့ ဘယ်နိုင်ငံက ဘယ်လိုလူမျိုးပဲ ရှာရှာ၊ ကိုယ့်ရဲ့ Blog Title ဟာ သူတို့ ရှာတာ တစ်ခုခုနဲ့ ငြိတယ်ဆိုတာနဲ့ Google တို့ Yahoo တို့က ကိုယ့်ရဲ့ လင့်ကိုလည်း ဖော်ပြပေးပါလိမ့်မယ်။ ရောက်လာကာမှ Blog Body Text တွေက ဗမာလို ဖြစ်နေလို့ သူတို့တွေ မဖတ်တတ်ကာမှ နေရော အနည်းဆုံးတော့ 1 hit တက်တာပေါ့ရှင် (ပင့်ဂိုလ်းတို့ လုပ်စားနေတာလေ.. အဲလို ဟဲဟဲ)

၆) ဖိုရမ်တွေ၊ တစ်ခြား သတင်းဆိုဒ်တွေ၊ ကိုယ်နှစ်သက်တဲ့ blogger တွေကို Link လုပ်ပေးပါ။ ဒါဟာလည်း ကောင်းတဲ့ နည်းလမ်းလေး တစ်ခုဖြစ်တဲ့ အပြင်၊ တစ်ခြား အပြင်လူတွေ (ဘလောဂ့်ဂါ မဟုတ်တဲ့ သူတွေ) က တစ်ခုခုကို ရှာချင်လို့ search engine တွေမှာ ရှာတဲ့ အခါမျိုးမှာ ကိုယ့်ဆီကိုလည်း ညွှန်းပေးတတ်တာကြောင့် အဲဒီကနေ တစ်ဆင့်လည်း ဘလောဂ့်ကို လူသိနိုင်ပါတယ်။

၇) ဘလောဂ့် ရေးတာအပြင် တစ်ခြား community website, forum စတာတွေကိုလည်း သူံးပါ။ ကိုယ့်ရဲ့ personal profile မှာဖြစ်ဖြစ်၊ tag, signature စတာတွေမှာ ဖြစ်ဖြစ် blog url လေးကို ထည့်ပေးထားခြင်းဟာလည်း blog marketing လုပ်တဲ့ နည်းလမ်းကောင်း တစ်ခုပါ။

၈) ကိုယ့်ဘလောဂ့်ကို သူများက လင့်သည်ဖြစ်စေ၊ မလင့်ထားသည် ဖြစ်စေ၊ ကိုယ်က လင့်ခ်လုပ်ထားလိုက်ပါ။ ဘလောဂ့်ဂါတွေဟာ ကိုယ့်ဆီကို တစ်နေ့ လူဘယ်လောက်လာသလဲ ဆိုတာကိုတော့ အမြဲကြည့်လေ့ရှိကြပါတယ်။ Refer sites တွေထဲမှာ ကိုယ့်ဆိုဒ်လေးက ခဏ ခဏ ပါလာတတ်ရင် သူလည်း ကိုယ့်ကို သတိထားမိပြီး ကိုယ့်ဆီရောက်လာပါလိမ့်မယ်။ ကျွန်မကိုဆို ကျွန်မကတောင် မသိပဲ လင့်ထားတဲ့ သူတွေ တော်တော်များများ တွေ့ရပါတယ်။ အဲတော့ ကျေးဇူးတင်တဲ့ အနေနဲ့ သူတို့တွေဆီ အမြဲတမ်း သွားဖတ်ဖြစ်ပါတယ်။ ဘာမှ မပြောခဲ့တာသာ နေမှာ ပုံမှန်တော့ ရောက်ဖြစ်နေတာပေါ့။

၉) ပိုစ့်တွေကို Udate လုပ်ပါ။ နေ့တိုင်း ပိုစ့်တင်ခြင်းဟာ ဖတ်ရသူကို အလျင်းမမီသလို ဖြစ်စေပါတယ်။ တစ်ပတ်ကို သုံးကြိမ်လောက် update လုပ်ခြင်းက ဘလောဂ့်ကို အသက်သွင်းရာလည်းရောက်၊ ကိုယ့်ရဲ့ ပရိတ်သတ်ကိုလည်း ပုံမှန်လေး ဖျော်ဖြေရာ ရောက်ပါတယ်။ တစ်နေ့တည်းမှာ ပိုစ့်တွေ ပြုံတင်တာတို့၊ နေ့တိုင်းတင်တာတို့ စတာတွေဟာ ကောင်းပေမယ့် ပုံမှန်ဖတ်နေကျ သူတွေ အကြောင်းတစ်ခုခုကြောင့် မအားလို့ ပုံမှန်လေးများ မလာမိရင် ပြန်လာတဲ့ အချိန်မျိုးမှာ သူတို့ကို မနိုင်မနင်းတွေ ဖတ်ခိုင်းရာ ရောက်ပါတယ်။

၁၀) နောက်ဆုံး တစ်ခုကတော့ ၀ုန်းခနဲ၊ ဒိုင်းခနဲ နာမည်ကြီးချင်ရင် ခေတ်မီအောင် နေပါ။ ပြောချင်တာက နာဂစ် ဖြစ်ရင် နာဂစ် အကြောင်းတွေချည်း တင်ပါ၊ Revolution ဖြစ်ရင် အဲဒီ အကြောင်းတွေချည်းတင်ပါ။ ဘလောဂ့်ဂါ ဆိုတာ အွန်လိုင်းရဲ့ သတင်းထောက်တွေပါ။ ကိုယ့်ပတ်ဝန်းကျင်က ထူးခြားဖြစ်စဉ်တွေကို Print Media တွေမှာ မတင်ခင် ဦးအောင် တင်နိုင်ရင်လည်း နာမည်ကြီးတာပေါ့ရှင်.. ဟဲဟဲ။

ကျွန်မ ပြောချင်တာတွေ၊ အာချောင်ချင်တာတွေတော့ အာချောင်ပြီး သွားပါပြီး။ လိပ်ဦးနှောက်နဲ့ တွေးထားတာ လေးတွေဆိုတော့ ဒီအတိုင်းလည်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ လက်မခံနိုင်စရာ အကြောင်းတွေလည်း ပါပါလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် ပိုစ့်တစ်ခုတော့ ဖြစ်သွားတာပဲ.. အဟိ။ ကိုယ့်ဟာ ကိုယ်လည်း ဆန်းစစ်ကြည့်လိုက်အုံးမယ်။ အဲလိုလုပ်ရင် တစ်ကယ်များ နာမည်ကြီးမလားလို့လေ။ ကျွန်မတောင် အပေါ်က နည်းတွေအတိုင်း မလုပ်ရသေးဘူးနော်။ ခုမှ စလုပ်ဖို့ စဉ်းစားကြည့်မှာ။

ကမ္ဘာမှာ နာမည်ကြီးတဲ့ SEOmoz Blog မှာတော့ 21 Tactics to Increase Blog Traffic ဆိုပြီး အခုလို ရေးထားပါတယ်ရှင်။

15 comments:

Michael Sync said...

Nice tips!! It's really helpful for mm community. Thanks.

BTW, Why do we need to have an Google Account to drop a comment in your blog?

Regards,
Michael Sync

http://michaelsync.net

ကလိုစေးထူး said...

ဒီပို့စ်ကို ဖတ်မိတာ အံကိုက်ပဲ။ ငါ့ညီမနဲ့ အကို ခံစားနေရတာ တသဘောတည်းကို ကျတော့တာပဲ။ အကိုလဲ တချို့ပုဂ္ဂိုလ်များရဲ့ မေးလ်ထဲကနေ ပို့စ်တင်တိုင်း (ကိုယ်ကလဲ ပို့ပါလို့ မပြောထားဘဲနဲ့) အတင်းပဲ နသားဘယား ကြော်ငြာအလွှတ်ခံနေရလို့ တခါတလေဆိုရင် မေးလ်တောင် မစစ်ရဲသလောက် ဖြစ်ဖူးတယ်။ (ပိုဆိုးတာက သူရေးထားတာတွေက ကိုယ်နဲ့ သဘောချင်း တခြားစီ)။ ညီမပြောသလိုပဲ၊ သူတို့ ပို့စ်တင်ထားတာကို လာမဖတ်ရင်တော့ ဘယ်လိုခေတ်နောက်ကျမှာနော၊ ဘာနော ညာနော နဲ့ စီဘောက်စ်မှာ လာအော်ရင်တော့ မသွားဖြစ်တာက ၉၀%လောက် သေချာသွားတယ်။ ဘလော့ဂ်ရေးပြီဆိုတော့မှ ကိုယ့်ဘလော့ဂ်ကို တခြားလူတွေက များများ လာဖတ်စေချင်တဲ့ စိတ်က လူတိုင်းမှာ အနည်းနဲ့အများ ရှိတတ်ကြတာပါပဲ။ အကို့မှာလဲ အဲဒီစိတ်ရှိတာကို ၀န်ခံတယ်။ ဒါပေမယ့် အကိုထင်တာကတော့ ကိုယ့်စာကို လာဖတ်စေချင်ရင် ကိုယ်ကလဲ သူများရေးထားတာကို အချိန်ရရင်ရသလို တလေးတစား သွားဖတ်ပေးရမယ်။ ဒါဟာ ကိုယ့်ဘလော့ဂ်ကို လာဖတ်လာစေအောင် Promotion လုပ်တဲ့ အကောင်းဆုံး နည်းတခုပါပဲ။ ကိုယ်ဖတ်သွားတယ်ဆိုတာကို သူ့ကိုသိသာစေအောင် သူရေးထားတဲ့ စာပါအကြောင်းအရာတွေကို တချို့တ၀က်ဖြစ်ဖြစ်၊ တပုဒ်လုံးအတွက်ဖြစ်ဖြစ် ပါဝင်ဆွေးနွေးပေးလိုက်တာနဲ့ သူ့ဆီကနေ ကိုယ့်ကို သတိထားမှုကိုလဲ အလိုအလျောက် ရပြီးသားဖြစ်သွားပါပြီ။ ဒါပေမယ့် ကိုယ်ရေးတဲ့စာကို ဖတ်မဖတ်သာ မသိရတာ၊ သူ့ဆီလာခဲ့ဖို့ပဲ အားမနာလျှာမကျိုး တချိန်လုံး လာလာကြော်ငြာခံရရင်တော့ တော်တော် စိတ်ကသိကအောက် ဖြစ်ရတာ အမှန်ပဲ။ တကယ်တော့ကွာ၊ ဘလော့ဂ်တွေ ရေးနေကြတာ အကိုကိုယ်တိုင်လဲ ဘလော့ဂ်ရေးနေတော့ ဘယ်သူသည် ဘလော့ဂ်တခုကို တကယ်ပဲ စိတ်နှစ်ပြီးရေးနေတယ်၊ ဘယ်သူကတော့ ဘလော့ဂ်ကို ပေါ်ပင်လုပ်နေတယ်ဆိုတာ အထင်းသားပေါ်နေတာပါပဲ။ အားလုံးက စဉ်းစားပိုင်းဖြတ်နိုင်တဲ့လူချည်းပဲကိုး။ တကယ်က နာမည်ကြီးဖို့အတွက် ဘလော့ဂ် ရေးနေစရာ မလိုပါဘူး။ ဘလော့ဂ် တကယ်ရေးနေရင် နာမည်ကြီးလာပါလိမ့်မယ်။

Pinkgold said...

အခုလို ဆွေးနွေးပေးကြတာ ကျေးဇူး အများကြီးတင်ပါတယ်ရှင်။ ကိုမိုက်ကယ်ဆင့်ရေ.. ဘလောဂ့်ရဲ့ ကုဒ်ကြောင့် ဖြစ်မယ်ထင်ပါတယ်ရှင့်.. ပင့်ဂိုလ်းလည်း သူများဆီကနေပဲ ခိုးတတ်တာ.. ပြန်တော့ မပြင်တတ်ဘူးလေ.. ဟီး

Yan said...

ကော်မန့်လေး ချီးမြှင့်သွားပါတယ်.
ကျွန်တော့်ဘလော့ဂ်လေးကိုလည်း အားရင် လာလည်ပါဦးနော်. ဖိတ်ခေါ်ပါတယ်.
တစ်ရက်မဖတ်ရင် တစ်သက်နောက်ကျသွားမယ်လို့.....
မပြောပါဘူး.....

:)

ပို့စ်လေးကောင်းတယ် မပင့်ဂိုးလ်ရေ. ဘလော့ဂါတွေ အတွက် tips လေးတွေရတာပေါ့. ဂွတ်ဂျော့ဘ်.

ဒါကြောင့် ပင့်ဂိုးလ်ရယ်လို့ သိုင်းလောကတစ်ခွင်၊ (အဲ) ဘလော့ဂ်လောကတစ်ခွင် နာမည်ကြီးသကိုး...

Kaung Kin Ko said...

တစ်ပ် လေးတွေ လာဖတ်သွားတယ်။ တစ်ခါတစ်ခါလည်း အဲဒီ့ တစ်ပ်လေး တစ်ချို့ အတိုင်း လုပ်မိတတ်တယ်။ အောက်က ပို့ စ်က ပုံကလည်းမိုက်တယ်။ ဟီးဟီး။ ကားကိုပြောတာ။

JulyDream said...

စီဘောက်မှာ အော်တာထက်၊ ကွန်းမန့် ပွတ်တာဟာ လူတစ်ယောက်ကို ပိုပြီးတော့ appreciate လုပ်ရာ ရောက်ပါတယ်။ ကိုယ့်ဘလောဂ့်ကို သူ့ကိုလည်း လာဖတ်စေချင်တယ် ဆိုရင် သူ့ရဲ့ ပိုစ့်တွေမှာ ကွန်းမန့်သွားပွတ်လိုက်ပါ .... လို့ ပြောထားတဲ့ အတိုင်း လိပ်ဦးနှောက်နဲ့ ကွန်းမန့် ပွတ်သွားတယ် ပင့်ဂိုးလ်ရေ။

တကယ်ကို ကောင်းပါတယ်။
ကောင်းလို့ ကောင်းတယ် ပြောတာပဲနော်။ အဟက်...

Han Thit Nyeim said...

ဘာပဲဖြစ်ဖြစ် ဒီပို့စ်နဲ့ မပင့်ကိုတော့ နာမည်ကြီးဦးမှာ...။ ကိုယ်တွေ့တွေ မို့လို့...။

Pinkgold said...

နာမည်ကြီးမှာထက် ဆရာကြီးလုပ်တယ်ဆိုပြီးအမြင်ကပ်ခံရတော့မယ်လို့ ပြောတာ ပိုသင့်တော်မယ်ထင်တယ် ကိုသီဟန်ရေ :P

P.Ti said...

PinkGold ကို ကျွန်တော့်ဘလော့လာစေချင်လို့ ဒီမှာရေးပါသည်။ ဒီဘလော့က စာကိုဖတ်ဖြစ်ပေမယ့် comment မရေးဖြစ်ပါဘူး။

ကျွန်တော်လည်း အတူတူခံစားမိပါတယ်။ ကိုယ့်စာကိုဖတ်စေချင်ရင် သူများရဲ့စာကိုလည်း တလေးတစားဖတ်စေချင်ပါတယ်။ နာမည်ကြီးချင်စိတ်နဲ့ လုပ်တာ မှန်သမျှကို လူအများက မနှစ်သက်တတ်ပါဘူး။

ကျွန်တော့်အမြင်ပြောရရင်တော့ နာမည်ကြီးပြီးတော့ ဘာလုပ်မှာလဲ။ ပီတိ ဆိုတဲ့ နာမည်အတိုင်း စာလေးရေးပြီး မိသားစုနဲ့သူငယ်ချင်းတွေ ဖတ်ပြီး ပျော်ရွှင်တာကိုပဲ ကြည့်ပြီး ပီတိဖြစ်ချင်ပါတယ်။ နာမည်ကြီးရင် တာဝန်ကြီးလာတတ်ပါတယ်။

အလုပ်မှာတောင် ဒီလောက်ရှုပ်နေတာ ဘလော့မှာတော့ အလုပ်မရှုပ်ပါရစေနဲ့တော့ :P

ဒီလိုလေးရေးထားတာ ကောင်းပါတယ်။

လင်းဦး(စိတ်ပညာ) said...

ရေးဖို့ ကျန်သေးတယ်။ Blogger တွေကို G Talk မှာ များများ Add ပြီး များများ ပြောမှ ကိုယ့် Blog ကို များများ လာအောင် လုပ်နည်းလေ။ ဒီလို လုပ်နေတဲ့လူတွေ အများကြီးရှိနေပြီနော်။ ဟုတ်ဟုတ် မဟုတ်ဟုတ် စကားတွေဖောင်းပွအောင်ပြောပြီး ရင်းနှီးအောင် လုပ်ကြတယ်။ ပုတ်ခတ်တာတွေကော၊အတင်းတွေကော၊ တစ်ဖက်လူအတွက်တော့ မကောင်းဘူးပေါ့။ ကိုယ့် Blog ကိုယ်တော့ အမွှန်းတင်နေကြတယ် ပင့်ဂိုးရေ။ အဲ့ဒါလေးပါ ထည့်ရေးရမှာ။ Blogger တွေကလည်း ကိုယ့်ကို G Talk မှာ မအပ်ရင် လာမလည်ကြတော့ဘူး၊ မိတ်ဆွေရင်းလို မခင်ကြတော့ဘူး ဆိုပဲ။ ဟုတ်တော့ ဟုတ်နေကြပါပြီလို့........... ခင်မင်စွာဖြင့်

Pinkgold said...

အေး ငါကလည်း ဂျီတော့ မပြောတာ ကြာပြီဆိုတော့ ဒီအချက်လေးတွေ မသိလိုက်ဘူး ဖြစ်သွားတယ်ဟ.. အပိုင်း (၂) ဆိုပြီး ဆက်ရေးရင် ကောင်းမယ် ထင်တယ်.. အမြင် မကပ်ရင် ကပ်အောင်လေ.. အဲတော့မှ လင်းဦးပါဗျို့လို့ အော်မှာနော် ငါကလေ.. အဟီး

လင်းဦး(စိတ်ပညာ) said...

ဟဲဟဲ......... အော်ပါ...အော်ပါ.... :)
ဒီက အစဖော်မိတာကိုး.....

Kyaw Myat Thu said...

Really great article Pink!

ကျေးဇူးတင်ပါတယ် မပင့်ဂိုးလ် ရေ. ဒီလို အဖိုးတန် ပို့စ်မျိုးတွေက ဖတ်ရခဲသားဗျ.

အားလုံး အဆင်ပြေအောင်မြင် ပြီးမြောက်နိုင်ပါစေဗျာ. :)

Anonymous said...

မှတ်သားဖွယ်ရာလေးတွေပါပဲ...။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ :)

little moon said...

Thanks .... ကောင်းတယ်ဗျာ။ အရမ်းကြီး လှိမ့်ပြီး ကောင်းပါတယ် ပြောရင် ၀န်ကြီးမင်းရဲ့ ဆေးကျမ်းကို မြင်းထိန်းငတာက ချီးမွမ်းသလို ဖြစ်နေမှာစိုးလို့ ... ဟဲငတာ နင်ကချီးမွမ်းနေတော့ ငါ့ဆေးကျမ်းပစ်ရပါပြီ ဆိုတာမျိုးပေါ့ :P

သူများ ဘလော့တွေ လျှောက်သွားရင် တစ်ချို့ တစ်ချို့တွေမှာ visited ဆိုပြီးတော့ ရေးခဲ့လေ့ရှိတယ်။ ဖီလင်လာတဲ့ ပို့စ်ဆိုရင် ကွန်မင့်ရေးပါတယ်။ ကျွန်တော့်ဆီလာဖတ်ပါတို့ အသစ်ထွက်ပြီ ဒန်တန့်တန်... စသည်ဖြင့်တော့ မရေးဖူးဘူးဗျ :D