Saturday, May 24, 2008

May-24... ဘာနေ့လဲ...မဲပေးရမယ့်နေ့

အမှန်အတိုင်းပြောရရင်.. အစကတော့ မဲရုံသွားပြီး x ကြက်ခြေခတ်ကို လှလှလေး ခတ်မလို့ပါ။ ဒါပေမယ့် နာဂစ်ကြောင့် တစ်တိုင်းပြည်လုံး နှာကစ်သွားပြီးတဲ့ နောက်မှာ မဲဆိုတာကိုလည်း စိတ်မ၀င်စားတော့ပါဘုး.. ကိုယ်က ဘာပဲပေးပေး သူတို့ကတော့ လုပ်ချင်ရာ လုပ်နေအုံးမှာ မဟုတ်လား...။ အထက်မြန်မာပြည်နဲ့တင် 92.4% ထောက်ခံမဲ ရပြီးနေတာ.. နောက်ဆက်တွဲ မဲပေးလို့ရော ဘာတွေများ ထူးလာအုံးမှာလဲ။ 23 ရက်နေ့ည ကထင်ပါရဲ့.. ရပ်ကွက်လူကြီး ပြောတာကြားလိုက်တယ်.. ကြိုတင်မဲတွေနဲ့ဆိုင် 92.8% ရနေပြီတဲ့။ ကျွန်မတို့က ရပ်ကွက်ရုံးလူနဲ့ အပေါ်ထပ် အောက်ထပ် နေတာဆိုတော့ ပြောတာ ဆိုတာ တော်တော်ဆင်ခြင်ရတယ်။ ဒါတင် ဘယ်ကအုံးမလဲ.. အောက်ထပ်မှာလဲ ဗိုလိကြီးတစ်ယောက် နေသေးတော့ အိမ်မှာနေရင် ပြောချင်တာကို မပြောရဘူး လေတယ်။

ဘာပဲ ဖြစ်စြဖ်ပါ..ထောက်ခံမဲပဲ များများ၊ ကန့်ကွက်မဲပဲ ပေးကြပေးကြ.. ကျွန်မ တစ်ကယ်စိတ်မ၀င်စားတော့ဘူး။ ပြောရရင် ဒီအချိန်မှာ ဒီလိုလုပ်နေနိုင်တဲ့ နိုင်ငံခေါင်ဆောင်ကြီးများကို ဘယ်လိုနှဏ်လုံးသားနဲ့များ လူလုပ်နကြပါလိမ့်လို့ တွေးမိပါရဲ့။ ကျွန်မ မဲသွား မပေးခဲ့ပါဘူး။ ရုံးကလူတွေ ၊ ရပ်ကွက်ထဲက လူတွေ တော်တော်များများတော့ အမှားခြစ်ကြတယ်တဲ့။ အမှားပေးပေး အမှန်ပေးပေး နင့်အဖေကတော့ စင်ပေါ်မှာပဲလို့ ကျွန်မ တစ်ခါ ပြောခဲ့ဖူးသလိုပါပဲ။ ဘာမှ မပေးလည်း ဘာမှထူးလာမှာ မဟုတ်လို့ ဘာမှကို သွားမပေးခဲ့ဘူး။ စိတ်လေတယ်။ နောက်နေ့ သွားလှူဖို့ ပြင်ဆင်လိုက်အုံးမယ်။

2 comments:

Anonymous said...

မပင့်ရေ.... အမပြောတာလုံးဝထောက်ခံတယ်ဗျ။ ကျွန်တော်လည်းအဲ့နေ့က လုံးဝကိုသွားမပေးခဲ့ဘူးဗျ။ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်မှာမှ မရှိတဲ့ မဲပေးပွဲ ပဲဗျာ။ ရပ်ကွက်လူကြီးက လဖက်ရည်ဆိုင်အထိ မဲလိုက်ကောက် တာ၊ ကိုယ်စားမဲထည့်လို့၇တာတွေ က တော့ မြန်မာမှု ပြုလိုက်တဲ့ ဒီမိုကေ၇စီတဲ့တူတယ်ဗျာ.....ဒီလိုပွဲကိုသွားပေးတော့ကော ဘာထူးမှာလဲဗျ....

Anonymous said...

ဟုတ်တယ်ဗျာ။ ဒီမဲကပေးလည်း ဘာမှကိုထူးလာမှာမှ မဟုတ်တာ။ ဒါပေမယ့်ကျနော်တော့ ကြက်ခြေခတ် လှလှလေးတစ်ခုတော့ ရအောင် သွားခြစ်လိုက်တယ်။ ဘာရယ်လို့တော့မဟုတ်ပါဘူး.... စိတ်ထဲက တင်းကျပ်နေတာလေးကို ထွက်ပေါက်ပေးလိုက်တာ။ ကျနော်တို့ တရားဝင်ကန့်ကွက်ခွင့်ရတာ ဒါကပထမဆုံးပဲလေ။ ဘာမှတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။