သူများတွေ ဒီဇင်ဘာမှ အပျော်ခရီးထွက်ကြတယ်။ ကျွန်မကတော့ တာဝန်ကြီး တစ်ခွဲသားနဲ့ မန္တလေးကို ခရီးသွားရတယ်။ ဘာပဲ ပြောပြော ခရီးထွက်ရတော့ စိတ်လေး နည်းနည်း လန်းဆန်းလာပါတယ်။ တစ်ကယ်တော့ မန္တလေးဆိုတာ မြန်မာနိုင်ငံထဲမှာ ကျွန်မ အသွားချင်ဆုံး မြို့တစ်မြို့ထဲက နေရာတစ်ခုပါ။ အဲဒီကို သွားရတိုင်း ကျွန်မ ပျော်တယ်။ ဘယ်နေရာမှ မရောက်ရင်တောင် မန်းလေးကို သွားရတယ် ဆိုတဲ့ စိတ်နဲ့ ပျော်တယ်။ ဒီတစ်ခေါက်တော့ ကျွန်မ မန္တလေးကို စိတ်မကောင်းခြင်း ကြီးစွာနဲ့ သွားခဲ့ရတာပါ။ ဘာပဲ ပြောပြော မန္တလေးကို တစ်ခေါက် ရောက်ရတာ၊ ဒီဇင်ဘာမှာ ခရီးထွက်ရတာ 2007 ရဲ့ အမှတ်တရ တစ်ခုအနေနဲ့ ကျွန်မ မှတ်မှတ်ရရ ရှိနေမှာပါ။
ဆေးလ်ဗားမွန်းနဲ့ သူ့ချစ်ချစ်လာခေါ်လို့ ဂျပန်ဆိုင်တစ်ဆိုင်မှာ ညဘက်ခဏလေး မုန့်သွား စားဖြစ်ကြတယ်။ စား စား စားကြပါအုံးလား ဟင်! ပြီးတော့ ဘုရားကြီးကို ခဏရောက်တယ်။ မှောင်နေလို့ ဘုရားဖူးပြီးပဲ ပြန်လာခဲ့ပါတယ်။
ရွှေမန်းတောင် ဂေါက်ကွင်းကို အလုပ်ကိစ္စသွားရင်းနဲ့က မန္တလေးတောင်ကို လွမ်းလွမ်းနဲ့ ရိုက်ယူခဲ့တယ်။ တောင်ပေါ်တင်ချင်လိုက်တာလေ တစ်ပိုင်းကို သေရာ။ ဒါပေမယ့် မတက်ဖြစ်ခဲ့ပါဘူး.. အလုပ်က ရှိသေးတာကို။
Mandalay Hill Resort Hotel ကြီးပါ။ ခပ်တည်တည်နဲ့ ကိုယ်ပဲ အဲဒီနေရာမှာ တည်းခဲ့သလိုလို လုပ်ချင်လို့ ရိုက်လာခဲ့တယ်။ မိုက်တာတော့ တော်တော် မိုက်တယ်ရှင့်။ ဟိုတယ်လ်ကြီးက..
နေရာတိုင်းမှာ ဆိုင်ကယ်တွေနဲ့ ရှုပ်ရှက် ခတ်နေတဲ့ မန္တလေးမြို့ကြီးဟာ ဘယ်အချိန်သွားသွား ပြောင်းလဲတယ်လို့ကို မရှိပါဘူး။ မန္တလေးက လူတွေ ချစ်စရာကောင်းတယ် ကူညီတတ်တယ်။ ခုချိန်မှာတော့ ဘယ်မှာလဲ မန်းသူ၊ မန်းသား မေးရလောက်အောင်ကို မန္တလေးမြို့ကြီးဟာ ရှမ်းတရုတ်တွေ၊ တရုတ်တွေရဲ့ အုပ်စိုးခြင်းကို ခံနေရလေရဲ့။ ထူးခြားတယ်ပဲ ပြောရမလား၊ ထူးဆန်းတယ်ပဲ ပြောရမလား မန်းသူ မန်းသား တွေ တော်တော် ချမ်းတတ်ကြတယ်။ မနက်စောစော ပင့်ဂိုလ်းတို့ အင်္ကျီ ပါးပါးနဲ့ သွားလာ နေချိန်မှာ အနွေးထည်တွေ ထူထူဝတ်ပြီး ချမ်းနေကြလေရဲ့။ နေ့လည် 12 နာရီထိုး ပင့်ဂိုလ်းတို့ ချွေးပြိုက်ပြိုက် ကျနေချိန်မှာ သူတို့တွေ အနွေးထည် မချွတ်ကြသေးဘူး။ မေးကြည့်တော့ ချမ်းတယ်လေတဲ့….. သြော်! သူတို့ကတောင် မေးသေးတယ် နင်ချမ်းပုံက ဘယ်လိုလဲမှ မသိတာတဲ့။ ငါတို့တော့ တော်တော်အေးတယ်တဲ့။ မန္တလေးအသွား လမ်းပေါ်က မြို့တွေကတော့ တော်တော်အေးတယ်။ ခပ်တည်တည်နဲ့ ရွှီးလိုက်မယ်.. Seoul ကိုရောက်နေသလိုပဲ။ ခိုက်ခိုက်ကို တုန်ရောရှင်။
အောက်ကပုံကတော့ 35 လမ်းနဲ့ 78 လမ်းထောင့်က ရှုပ်ရှက်ခတ်နေတဲ့ မီးပွိုင့်တစ်ခုကို ရိုက်လာတာပါ။
မန်းလေးမှာ ကျုံးကို ဓါတ်ပုံရိုက်ချင်လိုက်တာလေ ပြောမနေပါနဲ့တော့။ ဒါပေမယ့် အခွင့်မသာခဲ့ဘူး။ ညဘက်တော့ ရောက်တယ် မှောင်မည်းနေတာ ဘာမှကို မမြင်ရလို့ လက်လျှော့လိုက်ရတယ် :(
ဆေးလ်ဗားမွန်းနဲ့ အမှတ်တရလေးပါ။ သူအွန်လိုင်းမှာ တစ်ပတ်ပျောက်နေတုန်း အနိုင်ကျင့်ပြီး တင်လိုက်တာ..ဟိ
4 comments:
ဝတုတ်လေးရော ပိန်တာရိုးလေးပါ ချစ်ချာလေးနော် :P
ဟိတ်ကောင် လဒ.. နင်တို့က ဂျပန်ဆိုင်သွားပီး ဂျပန်စာ မစားပဲနဲ့ ဘယ်နဲ့ကြောင့်ဘိုစာစားကြသ တုန်း..။ :D အမှန်တော့ နာမစားရလို့..။ :P လဒရယ်မန္တလေးတောင်ကိုမြင်တော့ နာမန္တလေးကို လွမ်းလိုက်တာဟာ..။ အခုလိုဓါတ်ပုံလေးတွေတင်ပေး တာကျေးဇူးနော် ချစ်ဆုံး မန္တလေးအလွမ်းပြေ ကြည့်ရတာပါ့..။ :)
အေးပါ ဂျူးရယ် ငါလည်း ဆရာမ မှာကျွေးတာ စားရတာလေ စားလို့တော့ ကောင်းသား နင့်ကိုလည်းလွမ်းတယ်ဟ
Post a Comment