Thursday, November 29, 2007

Myanmaronline Zone

Photo Sharing and Video Hosting at Photobucket

ရွှေမြန်မာတို့ အွန်လိုင်းမှာ ပျော်ပျော် ရွှင်ရွှင် ဆုံဆည်းဖို့ နေရာအသစ်ကလေးတစ်ခု ပေါ်ထွန်လို့လာပါပြီ။ ခါတိုင်းတွေ့နေကျ အွန်လိုင်း website တွေနဲ့ မတူပဲ ထူးထူးခြားခြားလေး တင်ဆက်ထားတဲ့ website ကောင်းလေး တစ်ခုပါ။ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို အပြန်အလှန် ဖလှယ်နိုင်တဲ့အပြင် ကိုယ်နဲ့ ၀ါသနာ၊ အယူအဆချင်း ကိုက်ညီနိုင်မယ့် သူငယ်ချင်း မျိုးကိုလည်း ရှာဖွေနိုင်ပါတယ်။ ပြီးတော့ ၀ါသနာ တူတွေချင်း group လေးတွေလည်း ဖွဲ့ထားနိုင်ပြီး သန်ရာသန်ရာ လေးတွေကို ဆွေးနွေးနိုင် ပါသေးတယ်။ သူငယ်ချင်း ရှာရုံပဲလားဆိုတော့ မဟုတ်ပါဘူးရှင်။ ကိုယ်ရဲ့ အကြောင်းလေးတွေ၊ ကိုယ်စိတ်ဝင်စားတာ လေးတွေကို တစ်ပါးသူတွေကို မျှဝေပေးနိုင်ဖို့ blog လေးတွေလည်း ရေးသားနိုင်ပါသေးတယ်။ Forum ထဲမှာ ဗဟုသုတ ရစရာ အကြောင်းလေး တွေကို အပြန်အလှန် ဆွေးနွေးနိုင်သလို၊ မိမိတို့ရဲ့ လက်ရာကောင်း ဓါတ်ပုံ လေးတွေကိုလည်း မျှဝေပေးနိုင်ပါသေးတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ Music, Video, Game အစရှိသည် တို့ကိုလည်း ရှာဖွေနိုင်ရုံသာမက မျှဝေပေးနိုင်ပါသေးတယ်။ ပြီးတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ Article တွေကိုလည်း ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့တူတူ chat လုပ်လို့ ရနိုင်မယ့် Chat Program တစ်ခုကိုလည်း ထည့်သွင်းထားတာကြောင့် အခန်းကဏ္ဍတွေ စုံစုံလင်လင်ပါဝင်ပြီး သုံးစွဲသူတွေ ကြိုက်နှစ်သက် နိုင်မယ့် website လေး တစ်ခု ဖြစ်တယ်ဆိုတာ ကြော်ငြာလိုက် ပါရစေရှင်။ လိပ်စာကတော့ www.myanmaronlinezone.net ဖြစ်ပါတယ်။

No comments: