
ကျွန်မ သူငယ်ချင်းတစ်ယောက် လုပ်ထားတဲ့ Search Engine လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Google ကို အခြေခ့ပြီး လုပ်ထားတဲ့ မြန်မာ Website တွေကို အချိန်တိုတိုအတွင်း ရှာဖွေပေးမယ့် Search လေးတစ်ခုပါ။ နာမည်ရဲ့ အစိတ်အပိုင်းလေး တစ်ခုကို ရိုက်ထည့်လိုက်တာနဲ့ သူနဲ့ပတ်သက်တာတွေ အကုန်ကျလာမှာ ဖြစ်ပါတယ်။ ဥပမာ.. shwehtet လို့ရိုက်ထည့်လိုက်ရင် ကျွန်မရဲ့ email, blog, forum ပေါ်မှာ ကျွန်မရေးထားတဲ့ အကြောင်းတွေ အကုန်ကျလာပါ လိမ့်မယ်။ Melodymaung လို့ ရိုက်ထည့်လိုက်ရင် မမမယ်လိုဒီ ရဲ့ blog, blog post အကုန်လုံး ကျလာပါလိမ့်မယ်။ နာမည်လေးသာ သိပြီး blog, website, forum စတဲ့ လိပ်စာတွေကို အပြည့်အစုံ မသိနိုင်သူတွေအတွက် ရှာရတာ အရမ်းအဆင်ပြေတဲ့ ဆိုဒ်လေး တစ်ခုပါ။ blog တွေ အပြင် News, Travels, Community, Photo စတာတွေကိုလည်း ရှာဖွေ ပေးပါလိမ့်မယ်။ ဆိုဒ်ရဲ့ လိပ်စာလေးကတော့ http://myanmar.webng.com ဖြစ်ပါတယ်။ ဒီဆိုဒ်ကို ဖန်တီးထားတာကတော့ က့မ်မရဲ့ သူငယ်ချင်း တစ်ယောက် ဖြစ်ပါတယ်ရှင်။ သွားရောက် သုံးစွဲကြည့်လိုက်ကြပါအုံးနော်
No comments:
Post a Comment