Saturday, November 17, 2007

A Banana a day, keeps the doctor away!

An apple a day, keeps the doctor away ဆိုတဲ့ စကားလေးကို လူတိုင်းကြားဖူးကြမှာပါ။ ကျွန်မကတော့ ပန်းသီးနေရာမှာ ငှက်ပျောသီးကို အစားထိုးပြီး စကားပုံကို ပြောင်းပြန်လှန်မိချင်ပါရဲ့။ ဘာကြောင့်လဲဆိုတော့ ငှက်ပျောသီးရဲ့ အဖိုးတန်လှတဲ့ အစွမ်းသတ္တိတွေကို မထင်မှတ်ပဲ ဖတ်ရှုလိုက်ရလို့ပါပဲ။ ဟုတ်ပါတယ် ငှက်ပျောသီးဆိုတာ နေရာ ဒေသ တိုင်းမှာ ဈေးသက်သက် သာသာနဲ့ အလွယ်တကူ ၀ယ်ယူနိုင်ပြီး အဟာရကလည်း ပြည့်ဝလှသမို့ ကျွန်မတို့အတွက် အသုံးဝင်လှတဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ ငှက်ပျောသီး အကြောင်းကို တစ်ချက်ကလောက် လေ့လာကြည့်ရအောင်နော်။

ငှက်ပျောသီးဆိုတာ ဆင်းရဲ၊ ချမ်းသာ မရွေး စားသုံးနိုင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သစ်သီးအချိုပွဲတွေ မှာလည်း မပါမဖြစ်တဲ့ အသီးတစ်မျိုးဖြစ်ပြီး diet လုပ်တဲ့ သူတွေအတွက်လည်း အားအင်မပြတ်စေပဲ diet လုပ်နိုင်တဲ့ အစာတစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးနဲ့ ပြုလုပ်တဲ့ ဖျော်ရည်၊ ကိတ်မုန့်၊ banana pie စတာတွေဟာလည်း ထင်ရှားတဲ့ အစားအသောက်တွေ ဖြစ်လို့နေပါတယ်။ ကလေးလေးတွေဆိုလည်း သိပ်ကြိုက် သိပ်နှစ်သက်တဲ့ အသီးတစ်မျိုးပေါ့။

ဒီလို များပြားလှတဲ့ အသုံးဝင်ပုံတွေကြောင့် ငှက်ပျောသီးကို Fruit of Paradise လို့ ခေါ်ကြတာ မဆန်းလှပါဘူးရှင်။ အာရပ်နိုင်ငံနဲ့ ဂရိနိုင်ငံက စာရေးဆရာတွေဆို ငှက်ပျောသီးကို ညွှန်းဆိုရေးဖွဲ့လေ့ ရှိကြပြီး ငှက်ပျောပင်ရဲ့ မူရင်း ဒေသကတော့ အိန္ဒိယ ပြည်ပဲ ဖြစ်ပါတယ်ရှင်။ Alexander The Great ဟာဆိုရင် ငှက်ပျောသီးကို ပထမဦးဆုံး မြည်းစမ်းဖူးတဲ့ ဥရောပ နိုင်ငံသားပဲ ဖြစ်ပါတယ်။ အာရပ်ကုန်သည်တွေဟာ ရှေးရှေးတုန်းကဆိုရင် ငှက်ပျောသီးကို အစ်စရေး၊ အီဂျစ်နဲ့ အာဖရိက နိုင်ငံများသို့ ကုန်သွယ်မှု ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ အမေရိက အလယ်ပိုင်း၊ တောင်အမေရိကရဲ့ တစ်ချို့နေရာတွေနဲ့ အနောက် အိန္ဒိယ နိုင်ငံတွေမှာ ပေါပေါ များများကို စိုက်ပျိုးကြပါတယ်ရှင်။ ဂျာမနီနိုင်ငံမှာတော့ ငှက်ပျောသီးကို ပြတိုက်ဖွင့်ပြီး ပြရလောက်အောင်ကို ရှားပါးလှပါတယ်။

ငှက်ပျောသီး မျိုးစိတ်ပေါင်း 300 ခန့်ရှိပြီး၊ ငှက်ပျောသီး အရွယ်အစားမှာလည်း အရွယ်အမျိုးမျိုးရှိနိုင်ပါတယ်။ တစ်ချို့ ငှက်ပျောသီးတွေဟာ လက်ချောင်း အရွယ်လောက်ပဲ ရှိတတ်ကြပြီး တစ်ချို့ငှက်ပျောသီးတွေကတော့ ယောင်္ကျားကြီး တစ်ယောက်ရဲ့ လက်မောင်းသာသာ လောက်တောင် ရှိတတ်ကြပါသတဲ့။ အစိမ်းရောင် ငှက်ပျောသီးကတော့ နာမည်အကြီးဆုံးနဲ့ အပေါများဆုံး ဖြစ်ပြီး အ၀ါရောက် ရွှေရောင် အနီရောင် အစရှိတဲ့ ငှက်ပျောသီးတွေကိုလည်း တွေ့ရနိုင်ပါတယ်။ အစ်စရေး နိုင်ငံမှာဆိုရင် ပန်းသီး အရသာနဲ့ ငှက်ပျောသီးတွေတောင် ရရှိနိုင်ပါသတဲ့။

ငှက်ပျောသီးမှာ ပရိုတိန်း၊ အမိုင်နို အက်စစ် အစရှိတာတွေ အပြင် maganisium, calcium နဲ့ iron စတဲ့ ဓါတ်တွေပါ အများအပြား ပါဝင်ပါတယ်။ အဟာရဖြစ်စေတဲ့ အမျှင်ဓါတ်တွေလည်း အများအပြားပါဝင်ပြီး ကယ်လိုရီတွေလည်း ပေါကြွယ်ဝလှ ပါတယ်။ ငှက်ပျောသီးရဲ့ 75% ဟာ ရေတွေ ဖြစ်ပြီး၊ အဆီဓါတ်ကတော့ 0.2% မျှသာ ပါရှိပါတယ်တဲ့။ သိကြားဓါတ် ပါဝင်မှုများပြားပြီး အလွယ်တကူလည်း အစာကြေနိုင်ပါတယ်ရှင်။ မောပန်းတာတွေကိုလည်း ခံနိုင်စွမ်း ရှိတဲ့အတွက် အားကစား သမားတွေဆို သိပ်ကို နှစ်သက်ကြပါသတဲ့ရှင်။

ငှက်ပျောသီးကို နို့နဲ့သာ တွဲသောက်ပေးမယ်ဆိုရင် ဒါဟာ ပြီးပြည့်စုံလှတဲ့ diet လုပ်နည်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ရှေးခေတ် အိန္ဒိယနဲ့ ပါရှားလူမျိုးတွေဟာ ရွှေဝါရောင်ငှက်ပျောသီးကို ထာဝရနုပျိုစေတဲ့ လျှို့ဝှက်ဆေးနည်းအဖြစ် စားသုံးကြပါတယ်တဲ့။ ငှက်ပျောသီး မှည့်မှည့်ဟာ ဆိုရင် အမျိုးသမီးတွေရဲ့ leucorrhoea (ဘာသာ မပြန်တော့ဘူး ရှက်လို့) ရောဂါကို ကုသပျောက်ကင်း စေတဲ့ အကောင်းဆုံးဖြစ်ပါတယ်တဲ့။ ပြီးတော့ diarrhoea (၀မ်းပျက် ၀မ်းလျှောခြင်း) နဲ့ asthma (ပန်းနာ ရင်ကျပ်ရောဂါ) တွေကိုလည်း ကုသပျောက်ကင်း စေပါတယ်။ မမှည့် တစ်မှည့် ငှက်ပျောသီးကတော့ ဓါတ်ချုပ်တာတွေကို ပျောက်ကင်းစေပါတယ်။ ဆားလေးနည်းနည်းနဲ့ ရောနယ်ပြီး စားပေးမယ် ဆိုရင်တော့ ၀မ်းကိုက်တာတွေကိုပါ သက်သာစေပါတယ်တဲ့။ ပြီးတော့ သံဓါတ် ပေါကြွယ်ဝတဲ့ အတွက် သွေးအားနည်း ရောဂါကိုလည်း သက်သာစေပါတယ်။ အဆစ်ရောင်တာနဲ့ ဂေါက်ရောဂါတွေ အတွက်လည်း ငှက်ပျောသီးဟာ ကောင်းတဲ့ ဆေးတစ်လက် ဖြစ်ပါတယ်ရှင်။

မီးလောင်နာဖြစ်တဲ့ ရေကြည်ဖုလေးတွေကို ငှက်ပျောသီးကို ဒိန်ခဲနဲ့ ရောလူးပေးခြင်းဖြင့် ပျောက်ကင်းစေပြီး၊ ငှက်ပျောသီးခြေပြီး မီးလောင်တာတွေ အပူလောင်တာတွေမှာ ချက်ချင်းအုံလိုက်မယ် ဆိုရင် အမာရွတ် ကျန်တာ၊ အရည်ကြည်ဖု ထာတာတွေ မဖြစ်စေတော့ပါဘူးတဲ့။ ငှက်ပျောသီးကို မှန်မှန် စားသုံးပေးမယ်ဆိုရင် သွေးလေ ကောင်းမွန်စေပါတယ်ရှင်။ ကျောက်ကပ်ရောဂါ၊ အဆုတ် တီဘီရောဂါတွေနဲ့ ဆီးမမှန်းတာတွေအတွက်လည်း အသုံးဝင်လှပါတယ်။ တစ်ချို့တွေကတော့ နှလုံးရောဂါနဲ့ ဆီးချိုရော ဂါတွေကိုတောင် ပျောက်ကင်းစေတယ်လို့ ပြောကြပါသေးတယ်။ ၀ချင်တယ်ဆိုရင်တော့ တစ်နေ့ကို ငှက်ပျောသီး နှစ်လုံးနဲ့ နို့တစ်ခွက် သောက်သုံး သင့်ပါတယ်တဲ့။ (ခက်တယ် ပင့်ဂိုလ်းက နို့မကြိုက်ဘူး.. ဒီတစ်သက် မ၀တော့ဘူး ထင်ပါရဲ့ အီး ဟီး ဟီး) ။

အလှအပအတွက်လည်း ငှက်ပျောသီးက ထိရောက်မှု ရှိပါသေးတယ်. ငှက်ပျောသီးကို နို့နဲ့ရောပြီး ခပ်ပျစ်ပျစ်လေး ဖြစ်လာတဲ့အချိန်မှာ မျက်နှာကို ပေါင်းတင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ အသားအရေ တောက်ပ ချောမွေ့လာမှာ ဖြစ်ပါတယ်ရှင်။ ဒါပေမယ့် အအေးမိ ချောင်းဆိုးတဲ့ သူတွေကတော့ ငှက်ပျောသီးကို ရှောင်ရှား သင့်ပါတယ်တဲ့။ ပြီးတော့ ghee လို့ခေါ်တဲ့ ထောပတ်နဲ့တော့ တွဲမစားသင့်ပါဘူးတဲ့ရှင်။ ရေခဲသေတ္တာထဲမှာ ထားရင်တော့ မမှည့်တတ်တော့ ပါဘူးတဲ့။ မှည့်မှည့်စားချင်ရင်တော့ အပြင်မှာ ဒီအတိုင်းထားတာ ကောင်းပါတယ်။

Is it any wonder then that this versatile fruit even finds mention in the Vedas and is considered so auspicious in our country that it assumes significance in most religious rituals, where it forms the prasad. The leaves of the plant too are used during ceremonies and women down the ages have worshipped it. It is indeed hard to believe that this humble fruit is such a powerhouse of nutrition and health.


3 comments:

Anonymous said...

ငှက်ပျောသီးစားအုန်းမယ်.ကြိုက်လို့ပါ

Anonymous said...

ငှက်ပျောသီက ဒီလောက်အသုံးဝင်မှန်းမသိဘူး။
တင်းနစ်ပွဲတွေမှာ ပွဲနားချိန်မှာ ငှက်ပျောသီးစာ
ကြတာတွေ့ဖူးတယ်။ ဘာကြောင့်မှန်းမသိဘူး
အခုမှဘဲ သဘောပေါက်သွားတယ်။
ဗဟုသုတများအတွက်ကျေးဇူးတင်
လေးစားလျှက်ပါ။

Anonymous said...

ဒီလောက်ကောင်းတဲ့ ငှက်ပျောသီးကို မြန်မြန်မှည့်အောင် ဓါတုဗေဒဆေးစိမ်လိုက်တော့ တစ်ညနဲ့ မှည့်သွားရောဗျ။ ကြာရှည်လဲအထားမခံဘူး။ အရည်အသွေးကတော့ မpink gold ပြောသလို ပါမပါတော့ . . .