Thursday, August 21, 2008

Seminar Organized by Bloggers

သြဂုတ်လ (၃၁) ရက်နေ့မှာ ကျရောက်မည် World Blog Day အထိမ်းအမှတ်အနေဖြင့် MBS (Myanmar Blogger Society) အဖွဲ့ဝင် Blogger တွေ ဦးစီးပြုလုပ်မယ့် Seminar တစ်ရပ်ကို 2008 ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့မှာ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေထဲမှာရှိတဲ့ MICT မှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ Seminar အမည်ကိုတော့ "Socialization on Net" လို့အမည်ပေးထားပြီး မြန်မာ Blogger များရဲ့ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Seminar ပဲဖြစ်ပါတယ်။ ဒီပွဲကို ပြည်တွင်းမြန်မာဘလောဂ့်ဂါတွေရဲ့ ဦးဆောင်မှု၊ ပြည်ပမြန်မာ ဘလောဂ့်ဂါတွေရဲ့ ပူးပေါင်းပါဝင်မှု တို့ဖြင့် စည်းစည်းလုံးလုံး ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အင်တာနက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Social Networking နဲ့ Blogging တို့ကို အခြေခံပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်တာတွေ၊ စီးပွားရေး ဈေးကွက်ကို ထိုးဖောက်ဝင်ရောက် နိုင်တာတွေ၊ ပညာရေးကို မြှင့်တင်ပေးနိုင်တာတွေ၊ Global ရေစီးကို ပိုမိုလျင်မြန်အောင် စီးဆင်းနိုင်ဖို့ လုပ်ဆောင်နိုင်တာတွေကို မြန်မာ ဘလောဂ့်ဂါ လူငယ်များမှ ဟောပြောပေးသွားမှာ ဖြစ်ပါတယ်။ MBS ရဲ့ အနာဂတ် လုပ်ငန်းစဉ်များကိုပါ ပြောကြားပေးမှာ ဖြစ်ပြီး Guest Speaker တစ်ဦးကိုလည်း ဖိတ်ကြားဖို့ စီစဉ်နေပါတယ်ရှင်။

ဒီ စီမီနာ အခမ်းအနားလေးကို အိုင်တီ၊ ကွန်ပျူတာ၊ အင်တာနက်၊ စီးပွားရေး၊ ပညာရေး အစရှိတဲ့ နယ်ပယ် အသီးသီးကလူတိုင်းအတွက် ရည်ရွယ် ဟောပြောပေးမှာ ဖြစ်လို့ လူတိုင်း မလွတ်တမ်း လာရောက်နားထောင်သင့်တဲ့ ဟောပြောပွဲတစ်ခု ဖြစ်ပါတယ်။ Social Networking နဲ့ Blogging တို့မှ ရရှိလာမယ့်၊ ဖန်တီးယူနိုင်တဲ့ အခွမ်းအလမ်းတွေဟာ ဘာတွေဖြစ်မလဲ ဆိုတာကိုတော့ အဲဒီနေ့မှာပဲ လာရောက်နားထောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

5 comments:

Anonymous said...

အိုကီ စစ် ဒီပို့စ်ကို မသွားပီ နာ့ဘလော့မှာလဲ တင်လိုက်ပီ ချီးယားစ် :)

Anonymous said...

အရာရာ အဆင်ပြေ ချောမွေ့ပြီး အောင်မြင်ကြပါစေဗျာ။

Anonymous said...

လာတော့လာချင်သား ။ လာဖို့လည်း ခက်သား ။ :(

Anonymous said...

သိုဏ္ဍ
သက်ဆိုင်သူများခင်ဗျာ၊
ကျနော်ပြုလုပ်ခဲ့တဲ့ မြန်မာဘလော့ဂါများသတင်းနဲဏ္ဍပါတ်သက်လိုဏ္ဍ အနည်းငယ်ဆွေးနွေးလိုပါတယ်၊ အမှန်အတိုင်း ပြောရရင်တော့ ဒီစာကို ကျနော်ပြန်လည်ရေးသားစရာကို အေ}ကာင်းမရှိပါ၊ (ဘာေ}ကာင့်လဲဆိုတော့ ကျနော့်သတင်း လုံးဝမှားယွင်းမှုမရှိဘူးလိုဏ္ဍ အ}ကွင်းမဲ့လက်ခံထားလိုဏ္ဍ ဖြစ်ပါတယ်၊)သိုဏ္ဍပေမယ့် လွတ်လပ်စွာ ပြန်လည်ချေပခွင့်ရှိတယ်လိုဏ္ဍ ယူဆမိတဲ့အတွက် ဒီစာကိုရေးရခြင်း ဖြစ်ပါတယ်၊

အစကနေစပြောရရင် ဒီသတင်းကို မရေးသားခင် ၃ရက်လောက်အလိုမှာကတည်းက ဒီသတင်းကို ကျနော်ရထားပြီး ဖြစ်ပါတယ်၊ ပိုပြီးသေချာအောင်နဲဏ္ဍ သေသေချာချာ ဃဃနန ပြောနိုင်မယ့် သတင်းရင်းမြစ်တွေကို လိုက်လံစုဆောင်းနေခဲ့တာပါ၊ ဒီသတင်းမရေးသားခင် အနည်းဆုံး မြန်မာပြည်တွင်းက ဘလော့လုပ်နေသူတွေရော ဘလော့ဂါတွေနဲဏ္ဍနီးစပ်သူတွေရော ၅ယောက်ထက်မနည်း စကားပြောပြီး ဖြစ်ပါတယ်၊ သူတိုဏ္ဍတတွေကိုယ်တိုင်က သူတိုဏ္ဍအသံကိုမသုံးဖိုဏ္ဍ ကတိတောင်းထားသလို ပွဲပိတ်ခံရတာတော့ သေချာေ}ကာင်း အေ}ကာင်းပြန်}ကားခဲ့ပါတယ်၊ ဒါ့အပြင် ပြည်တွင်းသာမက ပြည်ပက ဘလော့လုပ်နေသူတွေဖြစ်တဲ့ မခင်မင်းဇော် ကိုဈာန် မမေငြိမ်းတိုဏ္ဍကိုလည်း စုံစမ်းမေးမြန်းဖြစ်ခဲ့ပါတယ်၊ (သူတိုဏ္ဍလက်ရှိထိုင်းနိုင်ငံမှာ ရှိနေပါတယ် မေး}ကည့်လိုဏ္ဍ ရပါတယ်၊) သတင်းလုပ်မယ့်နေဏ္ဍမှာ သေသေချာချာပြောနိုင်တဲ့ စာနယ်ဇင်းသမားတဦးက သူဏ္ဍအသံကိုခွင့်ပြုေ}ကာင်းနဲဏ္ဍ နံမည်မပါရင်ရပါတယ်ဆိုတဲ့ ခွင့်ပြုချက်ေ}ကာင့် အပိတ်ခံရတဲ့အေ}ကာင်း အဲဒီစာနယ်ဇင်းသမားအသံကို သုံးလိုက်ပါတယ်၊ သူတယောက်ထဲနဲဏ္ဍမေးပြီးရေးရင် မသေချာမှာစိုးလိုဏ္ဍ အခြားဆန်ဏ္ဍကျင်ဖက်ထောင့်ဖြစ်တဲ့ }ကီးမှုးကျင်းပမယ်ဆိုတဲ့ မြန်မာနိုင်ငံ ကွန်ပျုတာပညာရှင်များအသင်း ဖုန်းနံပါတ် ၆၅၂၂၇၆ကို ထပ်ပြီးဆက်သွယ်ပါတယ်၊ သတင်းထဲမှာသုံးထားတဲ့အတိုင်း အဲဒီဝန်ထမ်းက ပြုလုပ်ခွင့်မပေးတာ ဟုတ်တယ်လိုဏ္ဍ ပြန်ဖြေတာကို အားလုံးလည်း သတင်းထဲမှာ }ကား}ကမှာပါ၊ နောက်သတင်းရင်းမြစ်တယောက်ကတော့ မြန်မာဘလော့ဂါတယောက်ပါ ၊သူကတော့အပိတ်ခံရတဲ့အပေါ် ဝေဖန်သုံးသပ်တာပါ၊
ဆိုတော့ သတင်းကို ပြန်လည်သုံးသပ်မယ်ဆိုရင်---
၁၊ အပိတ်ခံရတယ်လိုဏ္ဍ စာနယ်ဇင်းသမားတယောက်ကပြောတယ်
၂၊ }ကီးမှုးကျင်းပမယ့် မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်များအသင်းက တာဝန်ရှိသူတယောက်က အပိတ်ခံရတယ်ဆိုတာကို အတည်ပြုပြော}ကားတယ်၊
၃၊ }ကားနေသတင်းရင်းမြစ်တယောက်ရဲ့ ဝေဖန်သုံးသပ်ချက်ပါတယ်၊
ဆိုတော့ ဒီသတင်းဟာ ဘယ်နေရာကမှားယွင်းနေပါသလဲ၊ အပိတ်မခံရတာကို အပိတ်ခံရတယ်လိုဏ္ဍ ရေးရင်တော့ ကျနော့်သတင်းအမှားပါ၊ အခုဟာက တကယ်အပိတ်ခံရတာကို အပိတ်ခံရတဲ့အေ}ကာင်းရေးတာကို မှားတယ်ဆိုရင်တော့ ဘယ်ဟာတွေမှားသလဲဆိုတာ တိတိကျကျ အချက်အလက်နဲဏ္ဍ ရေးသားဖိုဏ္ဍလိုပါလိမ့်မယ်၊ ရပ်ကွက်ထဲကလူတွေရေးသလို ပိုက်ဆံရတိုင်းလုပ်နေ}ကတယ် စတဲ့အသုံးအနှုန်းတွေ သုံးဖိုဏ္ဍမသင့်တော်ပါ၊ သတင်းတပုဒ်လုံးကို သေသေချာချာ ပြန်လည်နားထောင်ပြီးမှ ကျနော့်ထံကို စာရေးသားစေချင်ပါတယ်၊ အသံနဲဏ္ဍလ$င့်တဲ့ သတင်းတပုဒ်ကို နားမထောင်ပဲ ၀ဒ်ဆိုက်မှာရေးတာလောက်နဲဏ္ဍ ဝေဖန်မဆန်းစစ်စေလိုပါ၊ ကျေနော့်သတင်းနဲဏ္ဍပါတ်သက်လိုဏ္ဍ ဒီလောက်ပဲ ပြန်လည်ရေးသားလိုပါတယ်၊ ဒီသတင်းဟာ လုံးဝမှားယွင်းတဲ့ သတင်းတပုဒ်မဟုတ်ဘူးဆိုတာတော့ မျက်စိပိတ်မငြင်းဘူးဆိုရင် အားလုံးသိနိုင်ပါလိမ့်မယ်၊ အသုံးပြုထားတဲ့ မူရင်းအသံဖိုင်များပါ ပူးတွဲပေးပိုဏ္ဍ လိုက်ပါတယ်၊
အားလုံးကို ကျေးဇူးတင်စွာဖြင့်
ထက်ရာဇာ