Saturday, December 8, 2007

Who Am I?

ဘာညာ သာရကာ နေကြာ ကွာစိ ကွိကွိက သူ့ကိုသူ ခရု ခရု (cute, cute) ပါလို့ ရေးထားလို့၊ သွားစတာ အမြင်ကပ် ပုဒ်မနဲ့ တက်တာ ခံလိုက်ရပြန်ရော။ ပင့်ဂိုလ်း အကြောင်းကို သိချင်နေကြသူတွေလည်း ရှိတယ် မလား ( ဟုတ်မဟုတ် မသိ၊ ရွှီးတာ)။ ဘယ်လိုပုံစံ၊ ဘယ်လိုစိတ်ထား၊ ဘာတွေလုပ်တယ် စသဖြင့် စသဖြင့်ပေါ့။ ပြောပြပါ့မယ် ပြောပြပါ့မယ်။ ကိုယ့်အကြောင်းကိုယ် ရေးတယ်ဆိုတော့ အကောင်းပဲ ရေးမှာနော်။ ဒါတော့ ဘူမှ တားလို့ မရဘူး ဒါပဲ။ ကဲစပြီ….. စစချင်း ရုပ်ရည် ရူပကာ…..။

အဟားးးးး ပိန်ပိန် သွယ်သွယ် မော်ဒယ်လ် ကိုယ်လုံးလေးနဲ့ စမတ်ကျကျ လေးပါရှင့်။ (အမ် ဘူတုန်းကွ အောင်မြတ်လေး လို့ အော်တာ ဟွန်း)။ အဲလောက် မဟုတ်ပေမယ့် အဲလောက် နီးနီးပါပဲ။ စဉ်းစားကြည့်လေ အရပ်ကလေးက 5ပေ 5လက်မ ရယ်နဲ့ ကိုယ်အလေးချိန် 95 ပေါင်လောက်ဆိုတော့ ဘယ်လိုလုပ် ၀တော့ မတုန်း။ ဒါကြောင့်ပြောတာပေါ့ ပိန်ပိန် သွယ်သွယ် မော်ဒယ်လ် ကိုယ်လုံးလေးနဲ့ စမတ်ကျကျ လေးပါဆို။ ဟုတ်ကဲ့ ပုံစံလေးကို မျက်စိထဲ မြင်သွားပြီး သကာလ မှာတော့ ဘာအကြောင်း ဆက်ရပါ့မလိမ့်။ မျက်နှာလေး ကရော ဘယ်လို ပုံစံလေး ရှိလဲ ချောလား၊ ရုပ်ဆိုးလား သိချင်ကြသေး မှာပေါ့နော်။ ဒီအတိုင်း ရွက်ကြမ်းရေကျို ရုပ်ကလေးပါပဲ။ ချောတယ်လို့ မဆိုသာသလို၊ ရုပ်လည်း မဆိုးဘူးလို့တော့ ထင်တာပဲ။ အသားလေးကလည်း ခပ်ညိုညိုလေးပါတဲ့ရှင်။ နောက်တော့ ဘာပြောရမလဲ.. သြော် လူတစ်ယောက်အတွက် အရေးအကြီးဆုံး အရာဖြစ်တဲ့ စိတ်နေ သဘောထားနဲ့ အကျင့်စာရိတ္တ အကြောင်းလား။

ဟုတ်ကဲ့ စိတ်နေသဘောထားလေးကို စပြောပါ့မယ်။ ကျွန်မက လူတော်တော် များများရဲ့ အပြောအရတော့ အရမ်းကို Friendly and Lovely ဖြစ်ပါတယ်တဲ့။ ကိုယ့်ကိုကိုယ်လည်း အဲလိုတော့ ထင်ပါတယ်။ ဒါပေမယ့် အဲဒါက အပြင်မှာပါ။ ဂျီတော့တွေ ဘာတွေမှာ လာစကားပြောရင်တော့ ကိုယ်ရင်းနှီးနေတဲ့ အိုင်ဒီတွေကိုပဲ reply လုပ်တတ်ပါတယ်။ မသိရင်တော့ ဘယ်လောက် ခေါ်ခေါ် စကား ပြန်မပြောတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်၊ ကျွန်မက ဘယ်သူပါ ဘယ်ဝါပါလို့ မိတ်ဆက်လာရင်တော့ ပြန်ပြန် ပြောတတ်ပါတယ်။ နောက်ပြီး ကျွန်မ သူငယ်ချင်းတွေကို မိသားစုထက် တွယ်တာပါတယ်။ သူငယ်ချင်းတွေ အတွက်ဆို လက်မနှေးပဲ တတ်နိုင်သလောက် ကူညီပေးတတ်ပေမယ့် မိဘက ခိုင်းလာရင်တော့ ဟိုကနာတယ်၊ ဒီကကိုက်တယ်၊ နေမကောင်းသလိုပဲ ဘာညာနဲ့ ရွှီးတတ်ပါတယ်။ (ငရဲတော့ ကြီးအုံးမှာ.. အမေ့ကို ပြန်မပြောရဘူးနော်….)။ ပြီးတော့ ကျွန်မ လူတစ်ယောက်ကို ပက်ပက် စက်စက် ခင်ခဲပါတယ်။ ခုချိန်ထိ ဒီလို ခင်တာ သုံးလေး ယောက်လောက်ပဲ ရှိပါသေးတယ်။ ကျန်တဲ့ သူငယ်ချင်းတွေကိုတော့ ပက်ပက် စက်စက် မဟုတ်ပေမယ့် ဝေးသွားရင် သတိရနိုင်တဲ့ အဆင့်လောက် ထိတော့ ခင်ပါတယ်။ ဒါကလည်း လူတိုင်းကို ဒီစိတ် ထားတာဆိုတော့ အားလုံးက ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်းတွေ အတိုင်းပဲရှင်။ တစ်ကယ် တစ်ကယ် ကျွန်မက လူတိုင်းကို ခင်တတ်တာကို။ ဘယ်သူ့ကို ပိုခင်သလဲ ဆိုတော့ အကုန်လုံးကို ခင်ပြီး အကုန်လုံးကို ကူညီပေးပါတယ်။ တတ်နိုင် သလောက်လေးပေါ့ (ပိုက်ဆံတော့ လာမချေးနဲ့.. ဒါပဲ)။

နောက်တစ်ခုက ကျွန်မ လူတွေကို ယုံလွယ် တတ်ပါတယ်။ ဒါ လောကမှာ လူလုပ်ဖို့ လုံးဝ မပြည့်စုံ သေးတဲ့ အချက်ပါပဲ။ လူတိုင်းကို ကိုယ့်လို မှတ်ယူတတ်ပါတယ်။ ခုတော့ ဒီစိတ်လေးကို နည်းနည်း ပြင်နေပါပြီ။ လူတွေ အကြောင်းကို သိသင့် သလောက်လည်း သိလာပြီ ဆိုတော့ ခုနောက်ပိုင်း နည်းနည်း ချင့်ချိန်ပါတယ်။ များသော အားဖြင့်တော့ ကျွန်မ စိတ်ရှည်လေ့ ရှိပေမယ့် တစ်ခါ တစ်ခါ တော်တော် စိတ်တိုတတ်ပြီး အော်ပြောတတ်တဲ့ အထိတောင် ဖြစ်ပါတယ်။ (ဘာညာ သိတယ်.. ဒါကို ဟီး)။ တစ်ခါ တစ်လေ မှပါ။ ပြီးတော့ ကျွန်မ စိတ်မကြည်လင်တဲ့ အချိန်မှာ ဘယ်သူ ဘာစကားပဲ လာပြောပြော ဘုတော တတ်ပါတယ်။ ပြီးတော့ ကျွန်မ စိတ်အပြောင်းအလဲ အရမ်းများပါတယ်။ ဒီနေ့ ဒါဆို၊ နောက်နေ့ ဟိုဟာ ဖြစ်ချင် ဖြစ်သွား တတ်ပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ကိစ္စတွေ ဆိုရင်တော့ သေချာ စဉ်းစား သုံးသပ်ပြီး စွဲမြဲစွာ မှတ်ယူ တတ်ပါတယ်။ ပြီးတော့ ကိုယ်စိတ်ပါတဲ့ အရာကို မစား မသောက် ခေါင်းမဖော်တမ်း လုပ်တတ်သလို၊ စိတ်မပါရင်လည်း ဟန်ဆောင် ပန်ဆောင် လူမှုရေး အရတောင် လုပ်မပေးတတ်တဲ့ အကျင့် ရှိပါတယ်။ ပြီးတော့ ကျွန်မ ကိုယ့်ကိုကိုယ် moderate ဖြစ်တယ်လို့ ထင်ပါတယ်။ အတ္တလည်း မကြီးသလို ပေါ့ပေါ့လည်း မတွေးတတ်ပါဘူးရှင်။ အရာရာကို သူ့ဘက်ကိုယ့် ဘက် မျှမျှတတ အတတ်နိုင်ဆုံး လုပ်ပေးတတ်ပါတယ်။ (ယုံဘူးလား.. လာပေါင်းကြည့်လေ….)။

နောက်တော့ ကျွန်မ ပညာအရည် အချင်းပြောပြရမလား။ အိုကေပါ ရန်ကုန် စီးပွားရေး တက္ကသိုလ်ကနေ B.Com ဆိုတဲ့ ဘွဲ့ကို ယူထားပါတယ်။ MBA ဖြစ်ဖြစ် DMA ဖြစ်ဖြစ် တက်ဖို့ စိုင်းပြင်နေပါတယ်။ ( ဆရာ အလိုရှိသည် ဆရာ ဆရာ… entrance အတွက်.. :P) လောလောဆယ်တော့ Shopping Center ကြီး တစ်ခုမှာ Brand Executive အဖြစ် မဖြစ်စလောက် လစာလေးနဲ့ လုပ်ကိုင် စားသောက်နေပါတယ်။ သမီးကြီး ဖြစ်တာကြောင့် ဘာလုပ်လုပ် မိဘနဲ့ ညီမ ကို အရင်ဆုံး စဉ်းစားပြီးမှ လုပ်တတ်ပါတယ်။ ကိုယ့်အားကို ကိုးတတ်တဲ့ စိတ်ရှိပါတယ်။ Self – Made ဆိုတဲ့ စကားလုံးကို ရူးသွပ်ပြီး၊ အဲလိုဖြစ်အောင် ကြိုးစားနေသူရယ်ပါ။

ပြီးတော့ ကျွန်မ ၀ါသနာက အနုပညာပါရှင်။ စာရေးတာ ကဗျာရေးတာ မတတ်ပေမယ့် ခံစားတတ်ပါတယ်။ ကျွန်မ သီချင်းဆိုတာ၊ ကတာ ခုန်တာကိုလည်း ၀ါသနာ ပါပါတယ်။ အားနေရင်တော့ စာအုပ်တစ်အုပ်၊ ကော်ဖီ တစ်ခွက်နဲ့ နှပ်နေတတ်ပါတယ်။ တစ်ကယ်ပါ စာအုပ်ရယ်၊ ကော်ဖီ တစ်ခွက်ရယ် ရှိရင် ကျွန်မ အတွက် ဘာမှ မလိုပါဘူးရှင်။

နောက်တော့ ကျွန်မဟာ ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါတယ်ရှင်။ တော်ပြီး ကိုယ့်အကြောင်းကိုယ် ဆက်မရေးတတ်တော့ဘူး။ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်နော်။

ကျွန်မရဲ့ color က အ၀ါရောင်ပါတဲ့

YELLOW

You are very perceptive and smart. You are clear and to the point and have a great sense of humor. You are always learning and searching for understanding.

Find out your color at QuizMeme.com!



ယုံချင်ယုံ မယုံချင်နေ အဲဒါ ငါပဲ

Photo Sharing and Video Hosting at Photobucket

1 comment:

Anonymous said...

တကယ်လှတယ်ဗျာ ပုံထဲက မော်ဒယ်ပြောပါတယ်.။
း)