Thursday, December 6, 2007

Useful Beauty Tips

 Beauty Magazine မှာပါတဲ့ အကြောင်းအရာလေး တစ်ချို့ကို ပြန်လည် ဝေငှပေးလိုက်ပါတယ်ရှင်။

T-Zone လို့ခေါ်တဲ့ နဖူးနဲ့ နှာခေါင်းတစ်ဝိုက်မှာ အဆီတွေပြန်နေတဲ့ အခါ တော်တော် များများက အဆီစုပ် စက္ကူ (သို့မဟုတ်) တစ်ရူးနဲ့ သုတ်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ မျက်နှာပေါ်မှာ ရှိတဲ့ အဆီတွေတင် မကပဲ မျက်နှာ ပေါ်က ရေဓါတ်ကိုပါ ဖယ်ရှား လိုက်သလို ဖြစ်စေပါတယ်။ အဲဒါကြောင့် အဲဒါတွေကို သုံးမယ့်အစား ရေစိုနေတဲ့ ဂွမ်းလေးနဲ့ သုတ်ဖို့ အကြံပြုချင်ပါတယ်။ အရင်ဆုံး ဂွမ်းစကို ရေဆွတ်လိုက်ပါ။ ပြီးရင် ရေညှစ်ချပြီး အဲဒီ ဂွမ်းစနဲ့ သုတ်ပေးလိုက်ပါ။ အဲဒါတိုရင်တော့ အဆီဓါတ်ရော ရေဓါတ်ကိုပါ Balance ထိန်းညှိပြီးသား ဖြစ်သွား ပါလိမ့်မယ်ရှင်။ အသားအရေကိုလည်း တင်းတင်း ရင်းရင်းလေး ဖြစ်စေပါလိမ့်မယ်။

တစ်ချို့ မိန်းကလေးတွေရဲ့ မျက်နှာတွေမှာ မှဲ့ခြောက်လေးတွေ ရှိနေတတ်ပါတယ်။ အဲဒါတွေဟာ အသက်အရွယ် ကြီးလာချိန်မှာ တင်းတိတ် အဖြစ် ပြောင်းသွားတာ မျိုးတော့ မရှိတတ်ပေမယ့် မှဲ့ခြောက်ရှိတယ် ဆိုတဲ့ အသားအရေ ရောင်ခြယ်ဆဲလ်တွေ ဖြစ်လွယ်တတ်တဲ့ အသားအရေ အမျိုးအစား ဖြစ်တာကြောင့် တင်းတိပ်တွေ ဖြစ်လာဖို့ လွယ်တဲ့ အသားအရေလို့ ဆိုနိုင်ပါတယ်။ အရက်ပျံပါတဲ့ အလှကုန် ပစ္စည်းနဲ့ အမွှေးအကြိုင် အသုံးအဆောင်တွေကို ရှောင်သင့်ပါတယ်။ ဒါ့အပြင် ကယ်လစီယမ်ဓါတ် အများကြီး စားသုံးပေးဖို့ လိုအပ်ပါတယ်။ အထူးအရေးကြီးတာ ကတော့ အသားအရေကို အကာအကွယ် မလုပ်ပဲ နေရောင်ခြည်ထဲ ထွက်တာမျိုး မလုပ်သင့်ပါဘူး။

တစ်ခါတစ်လေ ကျွန်မတို့စာ အလှကုန်အရောင်း ကောင်တာနားကို သွားဖို့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ sales girls တွေရဲ့ ကြက်တူရွေးလို စကားပြောပြီး အတင်းထိုးရောင်း တာမျိုးကို ခံရတတ်လို့ မဟုတ်လား။ အဲတော့ အဲလို စိုရိမ်စိတ်တွေ မဖြစ်ရအောင် အရင်ဆုံး ကိုယ်ဘာလို အပ်နေသလဲဆိုတာ သိအောင် လုပ်ထားဖို့ လိုပါလိမ့်မယ်။ အဲလိုဆိုရင် ကိုယ်ဝယ်ချင်တာကို ရွေးဝယ်နိုင်တဲ့ အတွက် သူတို့အတင်းထိုးရောင်းလည်း ပြသနာ မရှိပါဘူး။ အကယ်၍ မိမိကိုယ်တိုင် သေချာ ရှင်းရှင်း လင်းလင်း နားမလည် သေးတာမျိုး ရှိရင်လည်း ကောင်တာမှာ သေချာသိအောင် ထပ်မေးတာမျိုးတွေ လုပ်ပြီး အဖြေတွေက ကျေနပ်မှုရှိတယ်ဆိုရင် ၀ယ်ယူနိုင်ပါတယ်။

နောက်တစ်ခုက အလှကုန် ပစ္စည်းတွေ ၀ယ်တဲ့အခါ ဘယ်လို ဆုံးဖြတ်ပြီး ၀ယ်ရမလဲ ဆိုတာကိုလည်း သိထားသင့်ပါတယ်။ သူတစ်ပါးက လမ်းညွှန်တိုင်း၊ သူများတွေနဲ့ တည့်တိုင်း ကိုယ့်အသားအရေနဲ့ တည့်ချင်မှ တည့်မှာပါ။ ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင် အသားအရေကို မိမိဘာညာ ဂရုတစ်စိုက် လေ့လာအကဲခတ်ပြီးမှ ကောင်တာမှာ တိုင်ပင်ဝယ်ယူ သင့်ပါတယ်။ နမူနာ ပစ္စည်းရှိရင် နမူနာကို အရင် စမ်းသပ်ပြီးမှ အဆင်ပြေမပြေ ကြည့်သင့်ပါတယ်ရှင်။

Whitening, Moisturizing စတဲ့ အသားအရေ အတွက် အဟာရဖြစ်စေတဲ့ ပစ္စည်းတွေကို တစ်မျိုးမက အားလုံးသုံးပေးနိုင်ရင် အသားအရေ အတွက် လိုအပ်တဲ့ သတ္တိတွေဖြစ်တဲ့ ဖြူဝင်း၊ ကြည်လင်၊ တင်းရင်းမှုရှိတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်စေမှာ အမှန်ပါပဲ။ ရှိထားတဲ့ Skin Care တွေကို မနက်နဲ့ည လိုအပ်သလို ခွဲသုံးတာမျိုး၊ အသားအရေ သိပ်မကောင်းဘူးလိုပ ခံစားရတဲ့ နေ့တွေမှာ နှစ်မျိုး သုံးမျိုး ထပ်လိမ်းတာတွေ လုပ်ပေးနိုင်ပါတယ်။ အဲဒီလို တစ်မျိုးမက သုံးတဲ့နေ့တွေမှာ သတိထားရမှာကတော့ တစ်မျိုးလိမ်းပြီးတိုင်ဒ 3 မိနစ်လောက် ခြားပြီးမှ နောက်တစ်မျိုးကို လိမ်းပေးသင့်ပါတယ်။

နောက်တစ်ခုက နုတ်ခမ်းနီ ၀ယ်တဲ့အခါ သတိထားရမှာ ဖြစ်ပါတယ်။ နုတ်ခမ်းနီကို ကိုယ့်ရဲ့ နုတ်ခမ်းပေါ်မှာ တင်ကြည့်လိုက်တဲ့အခါ၊ ကိုယ့်မျက်နှာက အလှဆုံး ဖြစ်သွားတယ် ထင်ရတဲ့ အရောင်က ကိုယ်နဲ့ အလိုက်ဆုံး အရောင်ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ မိမိနုတ်ခမ်းအရောင်နဲ့ အနီးစပ်ဆုံးအရောင်က သင့်တော်တဲ့ အရောင်ဖြစ်ပါတယ်။ အဲဒီအရောင်ကို စံအရောင် အဖြစ်ထားပြီး ပန်းရောင်တို့ လိမ္မော်ရောင်တို့ အရောင် အမျိုးမျိုး ခွဲထွက်လာတာကို သုံးနိုင်ပါတယ်။ ဒါ့အပြင် အုန်ခဲရောက် နုတ်ခမ်းနီ တစ်တောင့်ကတော့ ပိုင်ဆိုင် ထားသင့်တယ်လို့ ထင်ပါတယ်။ အဲဒီအရောင်က ဘယ်သူနဲ့ မဆို လိုက်တဲ့ အရောင် ဖြစ်ပြီး အ၀တ်အစားလည်း အရောင်မရွေးတဲ့ အရောင် ဖြစ်ပါတယ်ရှင်။

 

No comments: