Tuesday, December 11, 2007

Love Quiz

ကျွန်မ love Language ဆိုတဲ့ ပိုစ့်လေး တင်ဖူးပါတယ်။ ချစ်သူ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ချိန်းတွေ့ရင် ဘယ်လိုတွေ ပြုမူကြသလဲ ဆိုတာ မျိုးလေးပေါ့။ ဒါပေမယ့် စစချင်းမှာ ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လို ပြုမူ ဆက်ဆံ စေချင်သလဲ ဆိုတာ သိဖို့ နည်းနည်း ခက်ခဲ လိမ့်မယ်ထင်ပါတယ်။ ဒါတွေကို quiz လေးတွေ ဖြေပြီး သီနိုင်ပါတယ် လို့ ဆိုပါတယ်။ အခု quiz လေးတွေ ပေးပါမယ်ရှင်။ ပြီးတော့ ကိုယ့်ချစ်သူက ဘယ်လိုမျိုး အပြုအမူလေးတွေ ကြိုက်တယ်ဆိုတာ သိအောင် လုပ်ကြပေါ့နော်။ love language ဆိုတဲ့ ပိုစ့်လေးက ဒီနေရာ မှာပါရှင်။

ကိုယ် (သို့ ) ကိုယ့်ချစ်သူဟာ ဘယ်လို Love Language ကို နှစ်သက်ပါသလဲ။ Quiz လေးဖြေကြည့်ပါ။ ပြီးရင်..
A ...... B ...... C ..... D ...... E ....... မှာ ကိုယ်ရတာကို ရေတွက်ပြီး ဖြည့်လိုက်ပါ။ အရေအတွက် အများဆုံးက ကိုယ် (သို့ ) ချစ်သူရဲ့ love language ဖြစ်ပါတယ်။
ဒုတိယ အများဆုံးက ကိုယ် (သို့ ) ကိုယ့် ချစ်သူရဲ့ secondary love language ဖြစ်ပါလိမ့်မယ်။ ပြီးရင် အပေါ်က အနက်ဖွင့်ဆိုချက်တွေကို ပြန်ကြည့်ပြီး ကိုယ် (သို့ ) ကိုယ့်ချစ်သူ
ဘယ်လိုတွေ နှစ်သက်သလဲဆိုတာ သိနိုင်ပါပြီ..။ (
ရည်းစားတွေရော၊ အိမ်ထောင်ရှင်တွေ အတွက်ပါ ရည်ရွယ်ပါတယ်။)


quiz မှာ နှစ်ခုထဲက ကိုယ်အနှစ်သက်ဆုံး (သို့ ) ပိုနှစ်သက်တာ တစ်ခုကို ရွေးရပါမယ်။ တစ်ခါတလေ နှစ်ခုစလုံးက ကောင်းနေတာ တွေ့ ရပါလိမ့်မယ်။ သို့ သော် သေချာ စဉ်းစားပြီး တစ်ခုကိုသာ ရွေးချယ်လိုက်ပါ။

ကဲ.. စပြီ။

၁။ ချစ်သူက .. မင်းက သိပ်လှတာပဲ.. သိပ်ချစ်ဖို့ ကောင်းတာပဲ.. မင်းကို ချစ်တယ်ဆိုတဲ့ စာတွေ၊ အီးမေးတွေ၊ ပို့ စ်ကတ်တွေ ရချင်တယ်။
ချစ်သူ.. ကိုယ့်ကို ပွေ့ ဖက်ထားရင် ကျေနပ် ပီတိဖြစ်တယ်။

၂။ ချစ်သူနဲ့  နှစ်ယောက်တည်းနေပြီး အချိန်တွေ ကုန်လွန်တာကို သဘောကျတယ်။
ချစ်သူက ကိုယ့် အလုပ်တွေမှာ ကူညီပေးတာကို နှစ်သက်တယ်။

၃။ ချစ်သူက လက်ဆောင်တွေ မကြာခဏပေးရင် အရမ်းပျော်တယ်။
ချစ်သူနဲ့  မကြာခဏ လမ်းအတူလျှောက်ချင်တယ်။

၎။ ချစ်သူက ကိုယ့်ကို အကျိုးပြုမယ့် အလုပ်တွေကို ကူညီလုပ်ကိုင်ပေးနေရင် ကိုယ့်ကို ချစ်တယ်လို့  ခံစားရတယ်။
ချစ်သူက ကိုယ့်ကို ထိကပ် နီးစပ်နေတဲ့အခါ ကိုယ့်ကို ချစ်တယ်လို့  ခံစားရတယ်။

၅။ ပခုံးလေး ဖက်ထားရင် အချစ်တွေကို ခံစားမိတယ်။
ချစ်သူဆီက လက်ဆောင်တွေ ရနေရင် အချစ်ကို ခံစားရတယ်။

၆။ ချစ်သူနဲ့  နေရာစုံ လျှောက်လည်ချင်တယ်။
ချစ်သူလက်ကလေးကို အမြဲဆုပ်ကိုင်ထားချင်တယ်။

၇။ ချစ်သူက အချစ်သင်္ကေတလေးတွေပါတဲ့ လက်ဆောင်တွေပေးတာဟာ ကိုယ့်အတွက် အရမ်းအရေးပါတယ်။
ချစ်သူက.. မင်းက သိပ်လှတယ်၊ မင်းကို ချစ်တယ်လို့  မကြာခဏပြောရင် အရမ်း ကျေနပ်တယ်။

၈။ ချစ်သူနဲ့  နီးနီးကပ်ကပ်လေး ထိုင်ချင်တယ်။
ချစ်သူက ချောတယ်၊ လှတယ်၊ ဆွဲဆောင်မှုရှိတယ်လို့  မကြာခဏ ပြောစေချင်တယ်။

၉။ ချစ်သူနဲ့  အတူ အချိန်အများစု နေချင်တယ်။
ချစ်သူဆီက တန်ဖိုးနည်းတာ များတာ အပထား.. လက်ဆောင်လေးတွေ အမြဲလိုလို ရချင်တယ်။

၁၀။ ချစ်သူက ကိုယ့်ကို လက်ခံတာ၊ နေရာပေးတာ၊ တန်ဖိုးထား အလေးပေးတဲ့ အပြောအဆိုတွေဟာ ကိုယ့်အတွက် အရမ်းအရေးကြီးပါတယ်။
ချစ်သူက ကိုယ့်ကို ကူညီနေတယ်ဆိုရင်ပဲ ချစ်တယ်လို့  ခံစားရတယ်။

၁၁။ ဘာပဲ လုပ်လုပ် ချစ်သူ အနားမှာ ရှိစေချင်တယ်။
ချစ်သူက.. ချစ်ခင် ကြင်နာတဲ့ စကားတွေ တဖွဖွပြောရင် ကျေနပ်နေတတ်တယ်။

၁၂။ ချစ်သူက ကိုယ်ထိလက်ရောက်ကူညီပေးတာဟာ အကြင်တာစကားတွေ ပြောနေတာထက် ပိုကျေနပ်စရာကောင်းတယ်။

၁၃။ ချစ်သူက အပြစ်တင်ဝေဖန်တာကို မလုပ်ပဲ သင့်တော်တဲ့နေရမှာ ချီးမွမ်း အားပေးတတ်တာကို အလွန်ပဲ တန်ဖိုးထားပါတယ်။
သိပ်ပြီး တန်းဖိုးမရှိတဲ့ လက်ဆောင်လေးတွေ မကြာခဏဆိုသလို ချစ်သူဆီက ရနေတာကို အရမ်းတန်ဖိုးကြီးတဲ့ ပစ္စည်းကြီး တစ်ခါတလေမှ ရတာထက် ပိုတန်ဖိုးထားပါတယ်။

၁၄။ ချစ်သူနဲ့  စကားတွေ ပြောနေတဲ့ အချိန်၊ အတူတူရှိနေတဲ့အချိန်မှာ လုံခြုံနွေးထွေးမှုကို ခံစားရတယ်။
ချစ်သူ ကိုယ့်ကို မကြာခဏ ထိပြီး စကားပြောတာဖြစ်စေ၊ လက်ကလေးကိုင်တတ်တာဖြစ်စေ အဲလိုအချိန်မှာ ကျေနပ် နွေးထွေးမှုကို ခံစားရတယ်။

၁၅။ ချစ်သူက ကိုယ့်ရဲ့ အောင်မြင်မှုတွေကို တန်ဖိုးထား အသိအမှတ်ပြုတဲ့အခါမှာ ကျေနပ် ပီတိဖြစ်တယ်။
ချစ်သူက သူ မကြိုက်သော်လည်းပဲ ကိုယ့်အတွက် လုပ်စရာရှိတာ ကူညီလုပ်ဆောင်ပေးတဲ့အခါမှာ သူ ကိုယ့်ကို ချစ်တယ်လို့  ခံစားမိတယ်။

၁၆။ ချစ်သူက ဖြတ်သွား ဖြတ်လာ ကိုယ့်ကို အသာအယာ ပုတ်သွားတာ၊ လက်ကလေးကို ဖျတ်ကနဲ နူးနူးညံ့ညံ့ ဆွဲကိုင်လိုက်တာကို အရမ်း သဘောကျတယ်။
ချစ်သူက ကိုယ်ပြောတာကို နားလည်မှု၊ စာနာမှု အပြည့်နဲ့  နားထောင်တာကို အရမ်း ကျေနပ်တယ်။

၁၇။ ချစ်သူက ကိုယ့်အိမ်အလုပ်တွေ ကူလုပ်ပေးတာကိုပဲ အချစ်လို့  ခံစားမိတယ်။
ချစ်သူဆီက လက်ဆောင်တွေရတာ သဘောကျတယ်။

၁၈။ ချစ်သူက ကိုယ့်ရဲ့ ဆွဲဆောင်မှု၊ ခန့် ညားမှု၊ အလှအပကို တန်ဖိုးထားတာ၊ ချီးမွမ်းပြောဆိုတာကို သဘောကျတယ်။
ချစ်သူက အချိန်ယူပြီး ကိုယ့်ရဲ့ ခံစားချက်တွေကို နားလည်ဖို့  ကြိုးစားပေးတာကိုပဲ အချစ်လို့  ယုံကြည်မိတယ်။

၁၉။ ချစ်သူက ကိုယ့်ကို ဖက်ထားရင်၊ လက်ကလေးကို အသာအယာဆုပ်ကိုထားရင် နွေးထွေး လုံခြုံနေတယ်။
ချစ်သူက ကိုယ့်အလုပ်တွေ လုပ်ပေးတာကိုပဲ ချစ်တယ်လို့  ခံစားမိတယ်။

၂၀။ ချစ်သူက ကိုယ့်အလုပ်တွေ ကူလုပ်ပေးတာကို တန်ဖိုးထားမိတယ်။
ချစ်သူ တီထွင်ဖန်းတီးထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေ မကြာခဏ ရချင်တယ်။

၂၁။ ချစ်သူက ကိုယ့်ဆီမှာပဲ တင်းပြည့် ကြပ်ပြည့် အာရုံရှိနေတာကိုပဲ အရမ်း ကျေနပ်တယ်။
ချစ်သူက ကိုယ့် အလုပ်တွေကို ကူလုပ်ပေးနေတာကိုပဲ ကိုယ်က ကျေနပ်နေတတ်တယ်။

၂၂။ ချစ်သူက ကိုယ့်မွေးနေ့ ကို မွေးနေ့ လက်ဆောင်နှင့် တကွ မှတ်မှတ်ရရ ဂုဏ်ပြုတာကို အချစ်လို့  ခံစားမိတယ်။
ချစ်သူက ကိုယ့်မွေးနေ့ ကို တန်ဖိုးရှိတဲ့ စကားလုံးတွေပြောပြီးဖြစ်စေ၊ ကိုယ့်ကို တန်ဖိုးထားတဲ့ စာကြောင်းတွေ ရေးပြီးဖြစ်စေ ဂုဏ်ပြုပေးတာကို အချစ်ပဲလို့  ယုံကြည်မိတယ်။

၂၃။ ချစ်သူက ကိုယ့်ကို လက်ဆောင်ပေးတဲ့အခါမှာ သူ ကိုယ့်ကို သတိရနေတယ်ဆိုတာ သိလိုက်တယ်။
ချစ်သူက ကိုယ့် ၀န်မှုဆောင်တာတွေကို ကူညီ လုပ်ပေးနေတဲ့အခါ စိတ်ထဲ့က အချစ်လို့  ခံစားမိတယ်။

၂၄။ ချစ်သူက ကိုယ်စကားပြောတဲ့အခါမှာ ကြားဖြတ် မနှောက်ယှက်ပဲ စိတ်ရှည်ရှည်နားထောင်ပေးတာကိုပဲ အလွန်တန်ဖိုးထားပါတယ်။
ချစ်သူက ကိုယ့်အတွက် နေထူးနေမြတ်တွေမှာ လက်ဆောင်နှင့် တကွ အမှတ်တရရှိတာကို တန်ဖိုးထား ကျေနပ်မိပါတယ်။

၂၅။ ချစ်သူက ကိုယ့်ရဲ့ နေစဉ် အလုပ်တွေကို ကူညီပေးတာတဲ့အခါ ကိုယ့်ကို ဂရုစိုက်တယ်ဆိုတာ သိရှိပြီး ကျေနပ်ရပါတယ်။
ချစ်သူနဲ့  ခရီးတွေ သွားချင်တယ်။

၂၆။ မမျှော်လင့်တဲ့အချိန်မှာ ပေးတဲ့ ချစ်သူရဲ့ အနမ်းဟာ ကိုယ့်ကိုတော့ အတော်လေး စိတ်လှုပ်ရှားစေပါတယ်။
ဘာနေ့ ထူးနေ့ မြတ်မှ မရှိပဲ မမျှော်လင့်ပဲ ရလာတဲ့ ချစ်သူဆီက လက်ဆောင်ဟာ ကိုယ့်အတွက် စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။

၂၇။ ချစ်သူဆီက.. မင်းကို ကိုယ် အရမ်း တန်ဖိုးထားပါတယ်.. ဆိုတဲ့ စကားသံကို မကြာခဏ ကြားချင်ပါတယ်။
စကားပြောနေတဲ့အခါ ချစ်သူက ကိုယ့်ကို သေချာလေး စူးစိုက်ကြည့်နေတာကို သဘောကျတယ်။

၂၈။ ချစ်သူဆီက လက်ဆောင်တွေကို အမြဲ တန်ဖိုးထားပါတယ်။
ချစ်သူက ကိုယ့်ကို အသားချင်းထိထားရင်ကိုပဲ ကျေနပ်နေတတ်တယ်။

၂၉။ ချစ်သူက ကိုယ်တောင်ဆိုတဲ့ အကူအညီကို အားတက်သရော လုပ်ပေးရင်ကိုပဲ အဲဒါ အချစ်လို့  ယုံကြည်မိတယ်။
ချစ်သူက ကိုယ့်ကို ဘယ်လောက် တန်ဖိုးထား ချစ်ခင်တယ်ဆိုတာကို ပြောရင် အချစ်ဆိုတဲ့ ခံစားမှုကို ရိပ်မိတယ်။

၃၀။ ချစ်သူကို ကိုယ့်က နေ့ တိုင်း ပုခုံးလေးဖက်တာပဲဖြစ်ဖြစ်၊ လက်ကလေးကိုင်တာပဲဖြစ်ဖြစ်၊ နီးနီးကပ်ကပ်ထိုင်တာပဲဖြစ်ဖြစ် ပြုလုပ်စေချင်တယ်။
ချစ်သူရဲ့ ယုယ ကြင်နာမှု စကားသံတွေ၊ အားပေးသံတွေကို နေ့ တိုင်းပဲ ကြားချင်မိတယ်။

ပြီးပါပြီ..။ ကိုယ်ရတဲ့ စာလုံးတွေကို တူရာ တူရာ စုပြီး အများဆုံးရတဲ့ letter ဟာ ကိုယ့်ရဲ့ (သို့ ) ကိုယ့်ချစ်သူရဲ့ အရေးအကြီးဆုံး လိုအပ် တောင့်တချက်၊ စရိုက် (သို့ ) Love Language ဖြစ်ပါကြောင်း......။

2 comments:

tayzar said...

ချစ်သူရှိတော့ ဘာမှသိဘူး။ ရှာပေး ရှာပေး ဟေး ဟေး

phoe thu taw said...

ရေးမှရေးတက်ပလေ.. ချစ်သူမရှိတဲ့ကောင် တွေက ဖတ်ပြီးရင်ခံ တာပေါ့ဗျာ