Saturday, June 21, 2008

Congratulations!! My Younger Sister

ဒီနေ့ ၁၀ တန်းအောင်စာရင်းတွေ ထွက်ပါတယ်။ ကျွန်မရဲ့ ညီမလေးလည်း ဆယ်တန်းဖြေထားတော့ ကျွန်မအတွက် ရင်ခုန်ရတဲ့ နေ့တစ်နေ့ပါပဲ။ ကိုယ့်ရဲ့ အောင်စာရင်းတုန်းကတောင် ဒီလောက် ရင်မခုန်ပါဘူး။ ညကလည်း အိပ်မပျော် တစ်ချက်၊ ပျော်တစ်ချက်နဲ့ မျှော်လင့်ရတာ ရင်တထိတ်ထိတ်ပါပဲ။

မနက် အစောကြီး အဖေဖုန်းဆက်လာတယ်။ ညီမလေး 3Dထွက်တယ်တဲ့။ ဒါပေမယ့် အိမ်မှာ ငိုနေလေရဲ့တဲ့။ ဟုတ်တာပေါ့ All D မှန်းထားတဲ့ သူတစ်ယောက် 3 Dပဲပါလာတော့ ၀မ်းနည်းစရာပေါ့လေ။ ပြီးတော့ ရန်ကုန်မှာ ကျောင်းလာတက်တဲ့ သူ့သူငယ်ချင်း တစ်ယောက်ကလည်း လေးဘာသာထွက်သွားတော့ စိတ်ထဲမှာ တစ်မျိုးလေး ခံစားနေရမှာပေါ့။ ဒါပေမယ့် ဘာဖြစ်လဲ ဂုဏ်ထူးသုံးဘာသာတောင် ပါတဲ့ ညီမလေးအတွက် ကျွန်မ ၀မ်းသာပါတယ်။ ဂုဏ်လည်း ယူပါတယ်။ အစ်မနဲ့ တူလို့ တော်တာလေ.. သိတယ်မဟုတ်လား..ပင့်ဂိုလ်း ညီမက ပင့်ဂိုလ်းလိုပဲပေါ့.. ဟဲဟဲ။ တစ်ကယ်တော့ ညီမလေးက ကျွန်မတုန်းကထက် အများကြီးကြိုးစားပြီးအများကြီးလည်းတော်ပါတယ်။ ဆရာ ဆရာမတွေကလည်း သူ့ကို အမျှော်လင့်ကြီး မျှော်လင့်ထားကြတယ်လေ။

ဒီနေ့တော့ ကျွန်မအတွက် မင်္ဂလာရှိသော နေ့ပါပဲ။ မနက်စောစော မင်္ဂလာသတင်းကို ကြားလိုက်ရတဲ့ အတွက်ကြောင့်ပါ။ ညီမလေးကိုလည်း အဖေကနေ တစ်ဆင့် အားပေးရပါသေးတယ်။ ကိုယ်မှန်းထားသလောက် မပါပေမယ့် ရိုးရိုးအောင်တဲ့ သူတွေထက်စာရင် အများကြီး တော်သေးတာပေါ့လို့။ သုံးဘာသာ ဆိုတာလည်း နည်းတာမဟုတ်ဘူးလို့။ သူငယ်ချင်းက လေးဘာသာထွက်ရင် ကိုယ်ကသူ့အတွက် ပို မ်းသာပေးရမယ်လို့။

ကျွန်မညီမလေး ဆယ်တန်းအောင်သွားတော့ ကျွန်မလည်း အငြိမ်နေရတော့မှာ မဟုတ်ပါဘူး။ အစ်မကြီး အမိအရာ ဆိုသလို (အဟမ်း အဟမ်း…) သူ့အတွက် လိုအပ်တာတွေ၊ စီစဉ်စရာတွေ၊ သူလျှောက်ရမယ့် လမ်းကြောင်းတွေကို ရွေးချယ်ပေးရပါတော့မယ်။ မိဘရဲ့အမြင်၊ ကျွန်မရဲ့ ဆန္ဒ၊ ညီမလေးရဲ့ဝါသနာတွေကို အတတ်နိုင်ဆုံး ညီအောင်ညှိပြီး သူ့ဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက် စီမံပေးရတော့မှာပါ။ ကျွန်မ၀မ်းနည်းမိတာ တစ်ခုကတော့ သူဆယ်တန်းအောင်ချိန်မှာ သူ့အတွက်ထောက်ပံ့ပေးဖို့ ကျွန်မ အဆင်သင့်ဖြစ်မနေလို့ပါ။ ကျွန်မလည်း တော်တော်ကြိုးစားရပါအုံးမယ်။

ကဲ.. ဒီနေ့ ဘလောဂ့်လာဖတ်တဲ့ သူတွေလည်း သုံးဘာသာ ဂုဏ်ထူးရှင် ကျွန်မရဲ့ညီမလေးကို ကျွန်မနဲ့အတူ ဂုဏ်ပြုလိုက်ကြရအောင်လားရှင်။
Congratulations My Younger Sister!!!

11 comments:

Kaung Kin Ko said...

Congratulation for your sister !!! :-)

mm thinker said...

အရေးထဲ ကြော်ငြာ က ၀င်လိုက်သေးတယ်။

ပေါပါ့ကွယ်။

သွပ်သွပ်
်ဂုဏ်ယူ၏။

သင်ကာ

mm thinker said...

အရေးထဲ ကြော်ငြာ က ၀င်လိုက်သေးတယ်။

ပေါပါ့ကွယ်။

သွပ်သွပ်
်ဂုဏ်ယူ၏။

သင်ကာ

ခင်မင်းဇော် said...

ရွှေထက် ညီမလေးအတွက် ဂုဏ်ယူစရာပါပဲ..
၃ ဘာသာပေမယ့် အမှတ်တွေ D နားကပ်နေတာလဲ ဖြစ်နိုင် တာပဲ.. အားမငယ်ပါနဲ့လို့..

phoethutaw said...

ညီမလေး ၃ ဘာသာပါတာ ၀မ်းသာတယ်နော်.. ဟီးး.. မိတ်ဆက်ပေးဦး ဟတ်ဟတ် မပင့် ... ဂုဏ်ယူတယ်နော် တကယ်

ZMT said...

မပင့်ညီမလေးအတွက် ဂုဏ်ယူပါတယ်။ ဆယ်တန်းမှာ ထူးချွန်စွာ အောင်ပြီးပြီဗျာ သူ့လမ်းကို သူ့ဘာသာလွတ်လပ်စွာ ရွေးချယ်ခွင့်ပေးလိုက်ပါ။ အမကြီးအမိရာ ဆိုပြီး ကိုကနေ ရွေးပေးတယ်ဆိုတာ ဒီခေတ်ကြီး မှာ မဖြစ်သင့်ဘူးထင်ပါတယ်။ ကျွန်တော့် အမြင်သက်သက်ပါ။

Pinkgold said...

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်..

ဇော်မျိုးရေ.. အမတို့က ဘေးက ထိန်းပေးရုံပါ.. အဓိကက သူ့ဝါသနာပါကွယ်.. ဒါပေမယ့်.. ၀ါသနာက အနာဂတ်အတွက် မကောင်းရင်လည်း မဖြစ်ပြန်ဘူးလေ.. အားလုံးကိုတော့ ညှိရမှာပေါ့..

ကျေးဇူးပါ

Han Thit Nyeim said...

ကွန်ဂရက်တျူလေးရှင်းးးးးးးးးးးးးး ဗျို့။

အစ်မက ညီမလောက် မဖြစ်ဘူးဆိုတာ လက်ခံတော့နော်... :D :)

Kyaw Kyaw said...

Hi Pink Gold,
Congrat to ur younger sister and appreciate to ur willing to her as well.

Good Luck for your sister's next steps!

ဘလူးဖီးနစ် said...

ညီမလေးက တော်လှချည်လား။ အမနဲ့ တူတာ ဖြစ်နိုင်ပါတယ် :P ။ ဘလောက်လေးက တော်တော်ကောင်းတယ်။ ရှင်းပြီး သန့်နေတာပဲ ။ ပင့်ဂိုးက အိုင်တီသမားလားဗျ။ ကျွန်တော့်ဆီလဲ အားရင် လာလည်ပါဦး။

Anonymous said...

Congratulation ပါ မပင့် ညီမလေးရေ့ တော်လိုက်တာ 3D ကျနော့်တုန်းက 3M (modreation) :P