Friday, June 27, 2008

Arakan Online Social Network

Image Hosted by ImageShack.us


ရခိုင်လူမျိုးဆိုတာ သမိုင်းကြောင်းတစ်လျှောက်မှာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငန်းနဲ့ တင့်တင့်တယ်တယ် နေထိုင်ခဲ့ကြတဲ့ သူတွေပါ။ ရာဇ၀င်တွေကို ပြန်လှန်ကြည့်မလား... အိမ်ကြီးရခိုင်ရယ်လို့ နာမည်တွင်ခဲ့တဲ့ ကျွန်မတို့ရခိုင်လူမျိုးတွေဟာ အမျိုး ဘာသာ သာသနာ ဆိုတဲ့အပိုင်းတွေမှာလည်း အများထက်သာခဲ့တဲ့ သူတွေပါ။ ရှေးရခိုင်တွေရဲ့ သမိုင်းဟာ သန့်ရှင်းစင်ကြယ်ပြီး ဘယ်နိုင်ငံကမှ တိုက်ခိုက်ခြင်းကို မခံခဲ့ရသလို၊ ဘယ်နိုင်ငံကိုမှလည်း ကျူးကျော်ခဲ့ခြင်း မရှိခဲ့တဲ့အတွက် မြင့်မြတ်သော လူမျိုးများလို့တောင် တင်စားလိုက်ချင်ပါရဲ့ရှင်။ ဂေါတမ မြတ်စွာဘုရားရဲ့ ညီတော်ရယ်လို့ ခံယူတော် မူခဲ့တဲ့ ရခိုင်ဘုရင် စန္ဒာသူရိယရဲ့ ကြိုးပမ်းမှုကြောင့် မြတ်စွာဘုရားရဲ့ ကိုယ်ငွေ့တော်သွင်းပြီး ထုလုပ်ခဲ့တဲ့ မဟာမုနိဘုရား ဆိုတာတောင် ရခိုင်ပြည်နယ်မှာ ခန့်ခန့်ထည်ထည်ကြီး ရှိသေးတယ် မဟုတ်ပါလား။ သဇင်ပန်းခိုင် တစ်မြိုင်မြိုင် ရခိုင်ဘုရားပေါင်း ရယ်လို့ ခေါ်တွင်ခြင်းခံခဲ့ရခြင်းဟာလည်း ရခိုင်တွေရဲ့ ဘာသာ သာသနာကို ရိုသေလေးမြတ်မှု တွေကိုအထင်အရှား တွေ့မြင်နိုင်တယ်လေ။

သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ ရခိုင်လူမျိုးတွေဟာ အစဉ်အဆက်တိုင်းမှာ အမျိုးကိုချစ်မြတ်နိုးစွာနဲ့ စည်းစည်းလုံးလုံးနေလာခဲ့ကြတာ ယနေ့တိုင်ပဲ မဟုတ်ပါလားရှင်။ လေးကျွန်းဝတီ (ဓည၀တီ၊ ဒွာရာဝတီ၊ ရမ္မာဝတီ၊ မေဃ၀တီ) နဲ့ဖွဲ့စည်းထားတဲ့ ကျွန်မတို့ ရခိုင်ပြည်နယ်ဟာ ခုချိန်မှာလည်း စည်စည်ပင်ပင်နဲ့ နိုင်ငံရဲ့ စီးပွားရေး အချက်အချာတစ်ခုအဖြစ် ရပ်တည်နေပါသေးတယ်။ ရခိုင်သူ၊ ရခိုင်သား အပေါင်းဟာလည်း ရက္ခိတ လို့ခေါ်တဲ့ အမျိုးကိုချစ်သော စိတ်ဓါတ်နဲ့ တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေးအတွက် တစ်ဘက်တစ်လမ်းကနေ ကြိုးပမ်းနေကြတဲ့ သူတွေပါ။

မိနဲ့ ဖနဲ့ မခွဲမခွာ ချစ်ခင်စွာ နေထိုင်နိုင်ကြတဲ့ သူတွေရှိသလို၊ မိဝေး ဖဝေးမှာ ဘ၀အတွက် ရုန်းနေရသူတွေလည်း ဒုနဲ့ဒေးပါရှင်။ ရခိုင်မောင်နှမ သွေးချင်းတွေ စုစည်း ဆုံစည်းဖို့ ဆိုတာ ဒီလိုအခြေအနေမျိုးမှာ အိပ်မက်အလား ဝေးကွာလွန်းလှပါတယ်။ ဒါပေမယ့် တိုးတက်ပြောင်းလဲနေတဲ့ အိုင်တီ ခေတ်ကြီးမှာ နည်းပညာတွေ ပေါင်းစပ်၊ ဖန်တီးမှုတွေနဲ့ အသစ်ထွင်ပြီး ရခိုင်မောင်နှမတွေ ဆုံစည်းဖို့ နေရာလေး တစ်နေရာကို ရခိုင်လူမျိုး Web Developer တစ်ယောက်က တည်ဆောက်ခဲ့ပါတယ်။

အဖ ရခိုင်သားရို့ ရွာ... ဆိုတဲ့ Online Community လေးဟာ ရခိုင်သားချင်းများ လွပ်လွပ်လပ်လပ် ဆုံစည်းနိုင်ပြီး ခံစားချက် အတွေးအမြင်တွေကို ဖလှယ်ဖို့ ဖန်တီးထားတဲ့ နေရာလေးပါ။ တစ်ခြား နာမည်ကြီး Online Portal တွေလိုပဲ Forum, Photo, Webpage, Group, Video စတဲ့ ရခိုင်းသားများရဲ့ လက်ရာတွေကို ဝေငှလို့လည်း ရပါသေးတယ်။ ရခိုင်သားတွေပဲ သုံးမှာလား လို့မေးစရာ ဖြစ်လာနိုင်ပါတယ်။ ရခိုင်လူမျိုးတွေအတွက် အဓိက ရည်ရွယ်ခဲ့ပေမယ့် လူမျိုးတိုင်းကို ချစ်ခင်တတ်တဲ့ ရခိုင်လူမျိုးတွေ ဖြစ်တာမို့ တစ်ခြား မိတ်ဆွေ သူငယ်ချင်း မောင်နှမ တွေကိုလည်း ရခိုင်ရွာ ကိုလာရောက်ဖို့ နွေးထွေးလက်နဲ့ ကြိုနေမှာပေါ့ရှင်။

ရခိုင်တွေ စုစည်းပြီး တစ်မျိုးသားလုံးနဲ့ ချစ်ခင်မှုကို တည်ဆောက်မယ့် အဖရခိုင်သားရို့ ရွာ ကို တစ်ခေါက်လောက်တော့ သွားရောက်ဖို့ တိုက်တွန်း ပါရစေ။

1 comment:

MGLUAYE said...

Thanks for sharing!