Sunday, June 1, 2008

ထာဝရငြိမ်းချမ်းနိုင်ဖို့

နာဂစ်ဝင်မွှေပြီးတဲ့နောက်တော့ ကျွန်မရဲ့ ဘလောဂ့်ရေးချင်စိတ်လည်း နာဂစ်ကြောင့် ပြိုလဲသွားပြီလား လို့တောင် ကိုယ့်ဟာကိုယ် ပြန်မေးယူရပါတယ်။ ဘလောဂ့်ရေးဖို့ ဘယ်လိုမှ စိတ်မပါဘူး ဖြစ်နေတယ်ရှင့်။ ခုတစ်လော ဘလောဂ့်တွေ လျှောက်ကြည့်ပြန်ရင်လည်း နာဂစ်အကြောင်းတွေပဲ တော်တော်များများ ရေးထားကြတာ တွေ့ရပြန်ပါတယ်။ ဘလောဂ့်လောကကိုလည်း နာဂစ်က အတော်လေး ၀င်မွှေ့လိုက်သကိုးရှင့်။ ကူညီလုပ်ကိုင်ပေးမှုတွေ၊ ထောက်ပံ့ရေးတွေ၊ တစ်ယောက်တစ်မျိုးစီရဲ့ အမြင်လေးတွေနဲ့ မြန်မာနိုင်ငံနဲ့ သူရဲ့ ခေါင်းဆောင်တွေ၊ ဒုက္ခသည်တွေကို ဝေဖန် ရေးသားထားတာလေးတွေ တော်တော်လေးကို ဖတ်လို့ ကောင်းပါတယ်။ ခုတစ်လော ဘလောဂ့်ရေးမယ်လို့ ကြံရွယ်လိုက်ပြန်ရင်လည်း နာဂစ်အကြောင်းက ခေါင်းထဲ ရောက်ရောက်လာတယ်။ နာဂစ်အပြီးမှာ ဘလောဂ့်သစ်တွေလည်း အများကြီး တွေ့ရတာကလားရှင်။ ဖတ်စရာတွေ တိုးလို့ တိုးလို့လာသလို၊ ဘလောဂ့်ဂါတွေလည်း ပွားများ လာတာပေါ့။ ပြီးခဲ့တဲ့ September Revolution အပြီးတုန်းကလည်း ဘလောဂ့်အသစ် တော်တော်များများ တိုးလာသေးတယ် မဟုတ်လား။ မြန်မာပြည်မှာ တစ်ခုခုဖြစ်တိုင်း ရေးစရာတွေ များလာ၊ ပြောချင်တာတွေ ပွားလာလို့ ထင်ပါရဲ့။ အစည်ကားဆုံးကတော့ မီဒီယာလောကနဲ့ ဘလောဂ့်လောကကြီး ဖြစ်နေပါလားနော်။ ကဲ ပြောစရာက ဘယ်ကို ရောက်လို့ ရောက်သွားမှန်းတောင် မသိတော့ဘူး။ သြော် ကျွန်မ ဘလောဂ့်မရေးချင်ဘူး ဆိုတဲ့အကြောင်း ပြောနေတာ…။ မရေးချင်တဲ့ ကြားကပဲ ကျွန်မ ဘလောဂ့်လေး သေသွားမှာစိုးလို့ အင်တာနက်မှာ ဖတ်မိတဲ့ အကြောင်းအရာလေး တစ်ခုကို ပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင်။ နာဂစ် အကြောင်းတော့ မဟုတ်ဘူးနော်။

သြော် မရေးခင် တစ်ခုလောက်တော့ လျှာရှည်ပါရစေ။ ပြီးခဲ့တဲ့ 2007 ခုနှစ် September မှာ ဘုန်းတော်ကြီးတွေ လမ်းလျှောက်ပြီးတဲ့ အချိန်ကစပြီး မြန်မာပြည်လည်း မီးလောင်လိုက်၊ ရေကြီးလိုက်၊ လေတိုက်လိုက်နဲ့ ငလျင်လှုပ်မယ် ဆိုတဲ့ သတင်းတွေကလည်း သိုးသိုးသန့်သန့်တွေ ထွက်လို့ လာသေးရဲ့။ နောက်လည်း ဘာဖြစ်အုံးမလဲ မသိဘူးနော်။ ကျွန်မ ဒီမှာနေရာ လန့်လာပြီရှင့်။ တစ်နေရာကို ထွက်ပြေးရင် ကောင်းမလား မသိ။ ဘယ်ကိုပြေးရမလဲ၊ ဘယ်သူခေါ်ကြမလဲဟင်။ နောက်ဆုံးတော့လည်း အ အမေ ဒို့တိုင်းပြည် ငါတို့ချစ်တဲ့မြေမှာပဲ နေဖြစ်အုံးမှာပါ။ ကဲ.. ကဲ ဝေမျှချင်တာလေးကို ရေးပြီရှင့်…

ထာဝရငြိမ်းချမ်းနိုင်ဖို့ ... ဆိုတဲ့ခေါင်းစဉ်လေးနဲ့ အွန်လိုင်းပေါ်ကဖတ်ရတာလေးပါ။

) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှာ့သွားမှာ မဟုတ်ဘူး။

) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ

) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ? ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ? ။

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂) လာကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅) တစ်ခြားသူက ကိုယ့်ကိစိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနတာ။

2 comments:

Anonymous said...

ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ဟုတ်ပ။ ဝီစကီတွေ၊ ဘီယာတွေပဲ ထည့်မှာပေါ့။ ဟီးဟီး :D

Anonymous said...

စိတ်ညစ်နေတာ ပျောက်လိုပျောက်ငြား စကြည့်တာနော်။ စိတ်မဆိုးနဲ့ ဦး။ ဟီးဟီး