Sunday, April 20, 2008

What Brand Executive is! (2)

မမခွန်မြလှိုင် ရေးခိုင်းတဲ့ ပိုစ့်လေး တစ်ခုဖြစ်တဲ့ What Brand Executive is! ဆိုတဲ့ ပိုစ့်လေးကို ကျွန်မ ပြီးအောင် မရေးပဲ တစ်ပိုင်းတစ်စနဲ့ ရပ်ထားခဲ့တာ ဖတ်ဖူးတဲ့ သူတွေ မှတ်မိကြလိမ့် ဦးမယ်ထင်ပါတယ်။ ရပ်ထားခဲ့တဲ့ အချိန်ကာလကလည်း တော်တော်ကြာခဲ့ပြီမို့ ကျွန်မရဲ့ Brand Executive တစ်ယောက်အကြောင်း ဒုတိယ ပိုင်းလေးကို ဆက်ပါရစေ။ ပထမ ရေးတာကို ဖတ်ချင်တဲ့ သူတွေကတော့ ဒီနေရာ လေးမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

ဒီတစ်ခေါက် ပြောရမှာကတော့ ဈေးကွက်ထိုးဖောက်နည်းဖြစ်တဲ့ Marketing အကြောင်းကို ပြောရမှာပါ။ အဲဒီတော့ ဒီဘလောဂ့်ကို လာဖတ်တဲ့ သူတွေထဲမှာ Marketing ကိုအထူးပြုနေတဲ့ သူတွေလည်း ပါရင် ပါပါလိမ့်မယ်။ ကျန်တဲ့သူတွေကကော Marketing ဆိုတာကို ဘယ်လို နားလည်ပါသလဲရှင်။ တော်တော်များများကတော့ Marketing ကို selling နဲ့ မှားယွင်းယူဆတတ်ကြပါတယ်။ ဈေးကွက်မှာ ပစ္စည်းရောင်တာပေါ့။ ရောင်းတယ်ဆိုတာ ပစ္စည်းရှိမှ ရောင်းလို့ရတာပါ။ Marketing လုပ်တယ်ဆိုတာကတော့ ပစ္စည်း မရှိခင်ကတည်းက Brand တစ်ခုကို တည်ဆောက်တာ၊ customer value တစ်ခုကို တည်ဆောက်တာတွေ အပြင်၊ ကြော်ငြာခြင်းနဲ့လည်း အနည်းငယ် သက်ဆိုင်နေပါသေးတယ်။ Marketing Guru တစ်ယောက်ဖြစ်တဲ့ Phillip Kotler ရဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်ကို ပြောရမယ်ဆိုရင်....

"Marketing is the set of human activities directed at facilitating and consummating exchanges."
- Philip Kotler ("Marketing Management")

တစ်ချို့ကလည်း ဒါမျိုးပြောကြပါတယ်...

Marketing is a societal process which discerns consumers' wants, focusing on a product or service to fulfill those wants, attempting to move the consumers toward the products or services offered.

နောက် ပညာရှင်တွေလည်း အများကြီး ဖွင့်ဆိုကြတာကို တွေ့ဖူးပါတယ်။ ကျွန်မ ဆရာတစ်ယောက် ပြောသလိုပေါ့။ ကိုယ်နားလည်တာကို ကိုယ်ပြော။ တစ်ချိန်ချိန် ကိုယ်နာမည်ကြီး အောင်မြင်လာတဲ့အခါ ကိုယ့်ရဲ့ အပလာ စကားတွေတောင် သမိုင်းတွင်လိမ့်မယ်တဲ့။ ကဲ ရှင်တို့ရော Marketing ကို ဘယ်လိုမျိုး အဓိပ္ပာယ် ဖွင့်ဆို ချင်ကြပါသေးလဲ..... ???

ဒါကတော့ ကြုံတုန်းလေး Marketing အကြောင်းကို ပြောပြတာပါ။ တစ်ကယ်တမ်းသာ ပြောကြစတမ်းဆိုရင် Marketing ဆိုတာ သိမ်မွေ့နက်နဲ့ပြီး ခက်ခဲတဲ့ ပညာရပ်တစ်ခုမို့လို့ ပိုစ့်လေးတစ်ခု တင်ရုံလောက်နဲ့တင် မလုံလောက်နိုင်ပါဘူးရှင်။ ကျွန်မလုပ်ခဲ့ရတဲ့ Marketing ပိုင်းကတော့ နည်းပါတယ်။ ကျွန်မတို့ရဲ့ Brand က Hair Product တစ်ခု ဖြစ်တာကြောင့် ဒီဟာကိုဝယ်နိုင်မယ့်၊ ဒီဟာကို ရောင်းချင်မယ့် သူတွေဆီ အဓိက သွားရပါတယ်။ ဈေးကွက်မှာ နာမည်ရပြီးသား Hair Products တွေလည်း အထိုက်အလျောက် ရှိနေပြီး ဖြစ်တာကြောင့် ပစ္စည်းသစ်တစ်ခုကို ထိုးဖောက်ရတာ နောက်ကနေ ကြော်ငြာအား မလိုက်နိုင်ဘူးဆိုရင် အတော်လေးကို ခက်ခဲတဲ့ ကိစ္စရပ်တစ်လု ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အားနည်းချက်ကကျတော့ Advertising Budget အလွန်နည်းပါးတာကြောင့် ကျွန်မတို့ ကြော်ငြာ များများ မလိုက်နိုင်ပါဘူး။ အဲဒီတော့ customer တွေနဲ့ တိုက်ရိုက် ထိတွေ့နိုင်မယ့် နေရာမျိုးဖြစ်တဲ့ Beauty Salon တွေ၊ ကိုထိုက် (Smile) တို့လို နာမည်ကြီး Hair Stylist တွေရဲ့ အကူအညီကို ရယူရပါတယ်။ ဒီနေရာမှာလည်း အခက်အခဲတွေ ရှိနေပြန်ပါတယ်။ London မှာရှိတဲ့ ကျွန်မတို့ရဲ့ Head Quarter က ချမှတ်ပေးထားတာက TONI&GUY သည် သူများ ဆလွန်းအောက်ကို မ၀င်ရပါဘူး။ Supermarket တွေမှာပဲ ရောင်းရမယ်ဆိုတဲ့ rules and regulations တွေ သတ်မှတ်ထားတော့ ကျွန်မ အနေနဲ့ အခက်အခဲတွေ အများကြီး တွေ့ရပါတယ်။ ကြော်ငြာအားကလည်း မလိုက်နိုင်တော့ World No.1 Hair Product တစ်ခု မြန်မာပြည်မှာ မပေါက်နိုင်တာဟာ အချိန်တိုအတွင်းမှာတော့ မဖြစ်နိုင်တာဟာ အံ့သြစရာ မဟုတ်ပါဘူးရှင်။

အဲဒီတော့ ဒီ ပစ္စည်းကို Marketing လုပ်ဖို့အတွက် ကျွန်မအနေနဲ့ ရှဥ့်လည်းလျှောက်သာ၊ ပျားလဲစွဲသာတဲ့ နည်းလမ်းမျိုး ရှာရပါတယ်။ ဆလွန်းက လူတွေကိုလည်း ရောင်းချင်တယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် store တွေကိုလည်း လာရောက်ဝယ်ယူ စေချင်တယ်၊ Head Quarter ရဲ့ စည်းကမ်းတွေနဲ့လည်း ကိုက်ညီစေချင်တယ် ဆိုတော့ Beauty Salon တွေမှာ Discount Card တွေ ပေးတာမျိုး၊ နာမည်ကြီး Stylist တွေကို ကိုယ့်ရဲ့ ပစ္စည်းကို စပွန်စာပေးသုံးပြီး သူတို့ကမှ တစ်ဆင့် customer တွေကို ညွှန်ပေးခိုင်းတာမျိုး စတာတွေကို လုပ်ရပါတယ်။ မြန်မာပြည်က လူတွေရဲ့ ဆိုက်ကို ကလည်းတစ်မျိုးရှင့်။ Color Cosmetic လိုမျိုးတွေကျတော့ မျက်နှာမှာ လိမ်းလိုက်ရင် လှနေတာကို ချက်ချင်းမြင်ရတယ်။ ခေါင်းလျှော်ရည်လိုမျိုး product ကကျတော့ တစ်ခါလျှော်ရုံနဲ့ ဆံပင်က ချက်ချင်း လှလာတတ်ကြတာမျိုး မဟုတ်တော့ သူတို့ကို trust ရှိအောင် လုပ်ရတာ ခက်ခဲလှပါတယ်။ ပြီးတော့ Branded Product ပီပီ ဈေးကလည်းကြီးသေးတော့ စမ်းသုံးကြည့်မယ် ဆိုတဲ့ သူမျိုးကတော့ ရှားပါတယ်ရှင်။

ဒီမှာ နာမည်ကြီးနေတဲ့ ပစ္စည်းတွေဟာ TVC တွေ၊ မင်းသား မင်းသမီးတွေရဲ့ ထောက်ခံပြောဆိုမှုတွေ၊ Hair Stylist တွေရဲ့ လမ်းညွှန်မှုတွေ အပြင် ဈေးသက်သက် သာသာနဲ့ လူတိုင်း တတ်နိုင်ကြတဲ့ ပစ္စည်းမျိုးတွေ ဖြစ်ကြပါတယ်။ အဲတော့ ကျွန်မအနေနဲ့ ဒါတွေနဲ့ ပြိုင်ဆိုင်နိုင်အောင် Promotion တွေ များများလုပ်၊ တစ်ခြား နေရာတွေမှာ X-Stand တွေထောင်၊ email marketing လုပ်နဲ့ ကြော်ငြာ Budget မရှိတဲ့ကြားက ကိုယ့်ပစ္စည်းကို လူသိအောင် လုပ်ရပါတယ်။ တစ်ချို့ နိုင်ငံခြားက ပြန်လာတဲ့ သူတွေကျတော့ TONI&GUY မှ TONI&GUY ဆိုပြီး ဖြစ်နေကြတဲ့ သူတွေကို တွေ့ဖူးပါတယ်။ သူတို့ကို ကျတော့လည်း အာပေါက်အောင် ပြောစရာမလိုပဲ ရောင်းလိုက်ရတာမျိုးတွေ ရှိတာပေါ့နော်။ တစ်ခြားသူတွေကို ကျတော့ ရှန်ပူလေး တစ်ပုလင်း ရောင်းရဖို့ အရေး မနည်းကို တိုက်တွန်းပြောဆိုရတယ် အမရေလို့ ကျွန်မရဲ့ sales girls တွေ ညည်းနေကြတာလည်း ရှိပါတယ်။

ပြောချင်တာကတော့ Marketing လုပ်တယ်ဆိုတာ အပြောလေး ချိုရုံ၊ စကားလေး ကြွယ်ရုံနဲ့ လုပ်လို့ရတာ မဟုတ်ပါဘူး။ customer တစ်ယောက်ဟာ ကိုယ့်ရဲ့ brand အပေါ်မှာ ယုံကြည်မှု တစ်ခု ရရှိလာအောင်၊ ရောင်းအားလည်း တက်အောင်၊ brand တစ်ခု ဈေးကွက်အလယ်မှာ နာမည်ရလာအောင် ကိုယ့်လက်ထဲမှာ ပစ္စည်းမရောက်ခင်ကတည်းက ကြိုတင်လုပ်ဆောင်ထားရတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်ရှင်။ Advertisng နဲ့ Branding အကြောင်းကိုလည်း ဆက်လက်ရေးသား ပေးပါအုံးမယ်ရှင်။

2 comments:

Unknown said...

Good post !! Thanks for sharing your knowledge!!

Apprenticeship said...

I like my own style :P Pink love ka style mi mi ne pop naw :)