Wednesday, April 23, 2008
Stylish Evening Dress
မိန်းမ တစ်ယောက်ရယ်လို့ ဖြစ်လာရင် သူဟာ သူ့ရဲ့ အလှအပ အတွက် တစ်နေ့မှာ အနည်းဆုံး နာရီဝက်ကနေ သုံး၊ လေး နာရီလောက်ထိ အချိန်ပေးရပါလိမ့်မယ်။ (တစ်ထိုင်တည်း အချိန်ကြာကြာ အလှပြင်မှ မဟုတ်ပါဘူး။ တစ်နေ့မှာ မှန်ကြည့်တာ၊ ခေါင်းဖြီးတာ စတာတွေကိုလည်း အလှပြင်တာလို့ မှတ်ယူပါတယ်)။ ဒီဘက်ခေတ်က မိန်းကလေးတွေကတော့ အလှအပထက် စတိုင်လ်ကို အသားပေး ပြင်ဆင်လာကြတာ တွေ့ရပါတယ်။ စတိုင်လ်ရှိမှ စတားဖြစ်မယ် ဆိုသလိုပေါ့ရှင်။ ဒီဘက်ခေတ်က အမျိုးသမီး လုပ်ငန်းရှင်တွေ၊ မိန်းမပျိုလေးတွေ၊ မော်ဒယ်လ် အစရှိသူတွေဟာလည်း လှဖို့ထက် စတိုင်လ်ကျဖို့ကို ပိုဦးစားပေး ပြင်ဆင်လာ ကြတယ် မဟုတ်လား။ နောက်ပြီးတော့ အမျိုးသမီး တွေအတွက် ပွဲတက်ဖက်ရှင် ဆိုတာလည်း အရေးကြီးလို့ လာပြန်ပါတယ်။ ဒင်နာသွားတာ၊ မိတ်ဆုံစားပွဲ သွားတာ၊ ဧည့်ခံပွဲ အစရှိတာတွေကိုလည်း လူမှုရေးအရ သွားလာနေရတော့ အဲဒါတွေအတွက် ၀တ်ဖို့ စားဖို့ကိုလည်း အရေးတစ်ကြီး ပြင်ဆင်ရပါသေးတယ်။ ကျွန်မ သတိထားမိသလောက် မြန်မာနိုင်ငံမှာသာမက၊ ကမ္ဘာပေါ်မှာပါ နောက်ပိုင်း ပွဲတက်ဖက်ရှင်တွေဟာ ဂါဝန်တွေပဲ ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီတော့ ကျွန်မလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ဂါဝန်လေးတွေ အ၀တ်အစားလေးတွေ တွေ့ရင် ငါလည်း ပွဲတက်ရင် ဒီလိုဝတ်သွားမယ်လို့ စိတ်ကူးမိဖူးပါရဲ့။ ဒီဇိုင်းတွေကမိုက်၊ cutting တွေကလှ၊ အဲ ဈေးကလည်း မိုက်မှမိုက် ပါပဲ။ ခု ဖော်ပြထားတဲ့ ပုံလေးတွေကတော့ ကျွန်မ နှစ်သက်မိတဲ့ စတိုင်လ်လေးတွေကို ဖော်ပြထားတာပါ။ လူတစ်ယောက် အကြိုက် တစ်မျိုးပေါ့နော်....






Subscribe to:
Post Comments (Atom)
No comments:
Post a Comment