Thursday, April 17, 2008

Online Advertising

အိုင်တီခေတ်ရယ်လို့ ရေပန်းစားလာတဲ့အချိန်၊ အင်တာနက်တွေ ဖောဖောသီသီ သုံးလာကြတဲ့ အချိန်မှာ Internet Marketing ဆိုတာဟာလည်း ခေတ်သစ် စီးပွားရေးလောကမှာ ချက်ချင်းကြီးဆိုသလို ခေတ်စားလာခဲ့တဲ့ ဈေးကွက် ထိုးဖောက်နည်း တစ်ခုဖြစ်ပါတယ်။ ဝေးဝေး မကြည့်ပါနဲ့။ တစ်ချို့ blogger တွေတောင် Google Ad sense လိုဟာမျိုးတွေကို side bar မှာ ထည့်ထား တတ်ကြသေးတယ် မဟုတ်လား။ ဘယ် website ကို ၀င်ဝင် အဲဒါနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ကြော်ငြာလေးတွေကိုတော့ တစ်ခုစ နှစ်ခုစ ဆိုသလို တွေ့နေရတတ်ပါတယ်။ proxy ဆိုဒ်တွေမှာ ဆိုရင်တော့ ကြော်ငြာတွေ များမှ များပေါ့။

ဒီလို Internet Marketing လုပ်ကြတာဟာ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဘယ်လောက် တွက်ချေကိုက်သလဲတော့ မသိပါဘူး။ လက်ခံရရှိတဲ့သူတွေကတော့ တစ်ခါတစ်လေ မလိုလားအပ်တဲ့၊ ကိုယ်နဲ့ မသက်ဆိုင်ဘူးလို့ ခံစားရတဲ့ ကြော်ငြာမျိုးဆိုရင် တော်တော်လေးကို စိတ်အနှောင့် အယှက်ဖြစ်စရာ ကောင်းပါတယ်။ နောက်တစ်ခုက တစ်ချို့သူတွေဆိုရင် ကြော်ငြာထားတဲ့ အရာတွေကို ယောင်လို့တောင် ကလစ် မနှိပ်ကြတော့ ကြော်ငြာရှင်တွေ အနေနဲ့ ဘယ်လောက်ထိ အကျိုး သက်ရောက်မှု ရှိလဲ ဆိုတာ စဉ်းစားစရာ အချက်တော့ ဖြစ်လာပါတယ်။ ကျွန်မတောင် တစ်ခါတစ်လေ email marketing လုပ်တာ ဆဲတဲ့စာတွေ၊ ဒေါသတစ်ကြီး ပြန်လာတဲ့ reply တွေကို လက်ခံရရှိပါသေးတယ်။

ကဲ.. ဒီလိုမျိုး အခြေအနေမှာတောင် အင်တာနက် ပေါ်မှာ ကြော်ငြာတွေ အားကောင်းတာတာ၊ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ဒါကို မဖြစ်မနေ လုပ်ရမယ့် Advertising တစ်ခု အနေနဲ့ လက်ခံ ကျင့်သုံးလာကြတာဟာ ဘာကြောင့်ပါလဲရှင်။ သူ့မှာလည်း ကောင်းကွက်လေးတွေ ရှိနေလို့ပေါ့။ အဲဒီတော့ Marketing ကို စိတ်ဝင်စားတဲ့ သူတွေ၊ Internet Marketing လုပ်ချင်နေကြတဲ့ သူတွေအတွက် ဒါဟာ ဘယ်လို ကောင်းကျိုးတွေများ ရှိနေလဲ ဆိုတာကို ကြည့်ကြရအောင်နော်။

1. Reach to you targeted customers!.. ခုနောက်ပိုင်းမှာ လူတော်တော်များများဟာ သူတို့ရဲ့ အချိန်တော်တော်များများကို အွန်လိုင်းပေါ်မှာပဲ ကုန်ဆုံးတတ်ကြပါတယ်။ တစ်နေ့ တစ်နေ့ အီးမေလ်း စစ်တာ၊ အင်တာနက်ကြည့်တာ၊ ချက်တင် လုပ်တာတွေဟာ blah blah တွေရော၊ မဖြစ်မနေပါ သုံးနေရတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ TV, Video ကြည့်တာ အစား အွန်လိုင်းကို အစားထိုး သုံးလာကြတော့ ဒီလူတွေဆီကို ရောက်ဖို့အတွက် အလွယ်ဆုံးနဲ့ အသက်သာဆုံး နည်းလမ်းတစ်ခုကတော့ Online Advertising ပဲ ဖြစ်ပါတယ်ရှင်။
2. Involve customers with your brand!.... တစ်ချို့သူတွေဟာ အွန်လိုင်း အသုံးပြုနေရင်းနဲ့ပဲ ကိုယ်နှစ်သစ်တဲ့ Brand တစ်ခုရဲ့ ကြော်ငြာတွေကို ကလစ်တွေခေါက်ကြည့်၊ ကြိုက်ရင် အဲမှာပဲ တစ်ခါတည်း အရောင်းအ၀ယ် လုပ်ဖြစ်သွားတာလေးတွေ ရှိတတ်ပါတယ်။ လူတွေအတွက် အချိန်ကို ချွေတာနိုင်တာပေါ့လေ။ ကိုယ်နှစ်သက်တဲ့ ပစ္စည်းတစ်ခုကို မအားတဲ့ ကြားက တစ်ကူးတစ်က သွားဝယ် ရတာထက်စာရင် အွန်လိုင်းမှာ ကြုံတုန်းလေး ၀ယ်လိုက်၊ ကြည့်လိုက်တာမျိုးတွေ လုပ်နေတတ်ကြတာကြောင့် Online Ads ဟာ ထိရောက်မှု ရှိနိုင်ပါတယ်။
3. Enhance the performance of your other media!... ကျွန်မတို့တွေ Print Media တစ်ခုမှာ ကြော်ငြာမယ် ဆိုပါစို့။ စစချင်း ဒီဇိုင်းဆွဲရမယ်။ အဲတော့ design charges တွေ ရှိမယ်။ နောက်တော့ အဲဒီ print media ပေါ်တင်ဖို့အတွက် သူတို့တောင်းတဲ့၊ သူတို့ သတ်မှတ်ထားတဲ့ charges တစ်ခုကို ထပ်ပေးရမယ်။ နောက်ထပ် မီဒီယာ တစ်ခုမှာ ကြော်ငြာချင်ရင် နောက်ထပ် ပိုက်ဆံထပ်ကုန်မယ်။ အွန်လိုင်းမှာသာ ကြော်ငြာမယ်ဆိုရင် ကိုယ့်မှာလည်း website တစ်ခု တည်ဆောက်ပြီးသား ရှိနေရင် ကိုယ်ကြော်ငြာတဲ့ နေရာမှာ တစ်ခါတည်း လင့်ပေးလိုက်ရုံနဲ့ အကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။ နောက်ပြီတော့ ဒီ design တစ်ခုတည်းကိုပဲ အကုန်အကျ မရှိတဲ့ email marketing လုပ်လို့ရသေးတော့ အကျိုးရှိတဲ့ ကုန်ကျမှု တစ်ခု ဖြစ်ပါတယ်ရှင်။
4. Achieve your marketing objective!.. ကျွန်မတို့တွေဟာ ခဲတစ်လုံးတည်းနဲ့ ငှက်တွေ အများကြီး ပစ်လို့ရပါတယ်။ Online Advertising လုပ်ခြင်းဟာ ကိုယ့်ရဲ့ ရည်ရွယ် ချက်ပေါင်းများစွာကို အကောင်အထည် ဖော်နိုင်ပါတယ်။ ကြော်ငြာလိုက်ရုံနဲ့ ကြော်ငြာကို ကြည့်တဲ့၊ လက်ခံရရှိတဲ့ သူတစ်ယောက်ဟာ ပစ္စည်းတစ်ခု ပေါ်မှာ awareness, interest, desire, action ဆိုတာတွေကို တစ်ခါတည်း ပြုလုပ်သွားနိုင်ပါတယ်။ ပြီးတော့ potential customers တွေကိုလည်း ရရှိလာနိုင်ပါ သေးတယ်။
5. Online is easier than ever to plan, buy and measure!.... ကိုယ့်ရဲ့ ကြော်ငြာကို လူဘယ်လောက်ကြည့်လဲ၊ ဒီနေ့ ကိုယ့် website ကို လူဘယ်လောက် ၀င်သွားလဲ ဆိုတာတွေဟာ တိုင်းတာရ လွယ်ကူတဲ့ အရာတွေပါ။ Print Media တစ်ခုမှာ Customer Group တစ်ခုကို Target ထားပြီး ကြော်ငြာလိုက်တယ်ပဲ ဆိုပါစို့။ ဒီ မီဒီယာကို ဘယ်သူတွေက ကြည့်သွားလဲ၊ customer reach ဘယ်လောက်ရှိလဲ ဆိုတာ တိုင်းတာရ ခက်ပါတယ်။ တိုးတက်လာတဲ့ အိုင်တီနည်းပညာတွေနဲ့ online advertising တစ်ခု ဘယ်လောက်ထိ အောင်မြင်၊ လူကြည့်များလဲ ဆိုတာ တိုင်းတာ နိုင်တာကလည်း ကျေနပ်စရာ ကောင်းတဲ့ အကျိုးကျေးဇူးပဲ မဟုတ်လား။

ကျွန်မ ရေးပြ ပြောပြခဲ့တာတွေ အပြင် နောက်ထပ် အားသာချက်တွေလည်း ရှိပါလိမ့်မယ်။ ၀မ်းနည်းစရာ ကောင်းတာကတော့ e-commerce မထွန်းကားသေးတဲ့၊ အိုင်တီ နည်းပညာတွေ မဖွံ့ဖြိုးသေးတဲ့၊ အင်တာနက်ဆိုတာကို ဖောဖောသီသီ မသုံးနိုင်တဲ့ မြန်မာပြည်မှာ ဒီလို online ads တစ်ခု ပြုလုပ်ခြင်းဟာ awareness ကို ဖြစ်စေတာကလွဲရင် ကျန်တဲ့ အကျိုးသက်ရောက် မှုတွေကတော့ နည်းပါး နေပါလိမ့်အုံးမယ်ရှင်။

2 comments:

Anonymous said...

Nice one.

Anonymous said...

ဒီပို့စ်လေးရေးသားတင်ပြထားတာ ကောင်းတယ် ပင့်ဂိုးလ်ရေ... ကျွန်တော့်အမြင်တော့ ပိတ်ထားတဲ့ ဈေးကွက်စီးပွားရေး စနစ်ကြောင့် တိုးတက်ဖွံ့ဖြိုးသင့်သလောက် မတိုးတက်တာလို့ပဲထင်တယ်.

တစ်ချိန်ချိန်တော့ ဖြစ်လာမှာပေါ့ဗျာ.

အဲဒီ့အချိန်ထိ ကျွန်တော်တို့ ဘလော့ဂ်ဆက်ရေးကြဦးမယ်လေ. နော့.

;)