Saturday, October 13, 2007

Oils for the Mind

တစ်ခါတစ်ရံမှာ ကျွန်မတို့ရဲ့ စိတ်တွေဟာ ကိုယ့်ကိုကိုယ် ထိန်းချုပ်လို့ မရနိုင်လောက်အောင် အတော်လေးကို ကစဥ့်ကလျား ဖြစ်တတ်ပါတယ်။ စိတ်ထိခိုက် လာပြီဆိုရင် ခန္ဒာကိုယ် ကျန်းမာရေးကိုလည်း ထိခိုက်လာမှာ ဖြစ်သလို တစ်ခြားသော ဘေးထွက် ဆိုးကျိုးတွေလည်း အများကြီးပဲ ဖြစ်လာနိုင်ပါသေးတယ်။ ဒါတွေကို Aromatherapy လို့ခေါ်တဲ့ ရနံ့ကုထုံးနဲ့ ကုသပေးနိုင်ပြီး သက်သာ ပျောက်ကင်းမှုရှိတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း ရေမွှေးရနံ့တွေကို ကျန်းမာရေးအတွက် ထိထိရောက်ရောက် အသုံးချနေကြပါပြီ။ ပင့်ဂိုလ်း အနေနဲ့ကတော့ ဘယ်လို ရနံ့မျိုးတွေက ဘယ်လို ကောင်းကျိုးတွေကို ဖြစ်စေတယ်ဆိုတာ သိသလောက်လေး ဝေငှပေးချင်ပါတယ်ရှင်။

စိုးရိမ်ကြောင့်ကြမှု့တွေ အတွက် Begamont, Cederwood, Lavender ရနံ့ တွေက ထိရောက်မှု ရှိပါတယ်။ ရေချိုးတဲ့ အချိန်မှာ ထည့်ချိုးနိုင်သလို အဲဒီအဆီနဲ့ နှိပ်နယ်မှုလည်း ပြုလုပ်နိုင်ပါတယ်ရှင်။

တစ်စုံတစ်ခုကို စိတ်ပါဝင်စား မှုမရှိတော့ခြင်း၊ ငြီငွေ့မှုတွေ ဖြစ်ပေါ်လာခြင်းကို ကုသဖို့က Basil. Grapefruit ,Pepperment စတဲ့ ရနံ့တွေက အကောင်းဆုံး ဖြစ်ပါတယ်။ ရေချိုးခြင်း၊ နှိပ်နယ်ခြင်းတွေ အပြင်၊ ရှုရှိုက်တာမျိုးကိုလည်း ပြုလုပ်နိုင် ပါတယ်။

စိတ်ကျမှု အတွက်ကတော့ Jasmine, Lavender ,Neroil ရနံ့တွေကို အထက်ပါ နည်းလမ်းများ အတိုင်း အသုံးပြုပေး နိုင်ပါတယ်ရှင်။

သောကမီးတွေ တောက်လောင်တာကို ကုစားဖို့ အတွက်ကတော့ နှင်းဆီ ရနံ့ဟာ အကောင်းဆုံး ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ ကိုယ့်ကို ကိုယ် လုံခြုံမှု မရှိသလို ခံစားရတတ်ပါတယ်။ အဲလို အချိန်မျိုးမှာ စန္ဒကူးနံ့ကို ရှုရှိုက်ပြီး ရေထဲမှာ 15 မိနစ်လောက် စိမ်ချိုးခြင်းကို ပြုလုပ်လိုက်မယ် ဆိုရင်တော့ ယုံကြည်မှုတွေ ပြန်လာရရှိလာစေ နိုင်တယ်လို့ ဆိုပါတယ်ရှင်။

အထီးကျန်ဆန်သလို ခံစားရမှုကို ပျောက်စေဖို့ marjoram လို့ ခေါ်တဲ့ အပင်ငယ် တစ်မျိုးရဲ့ ရနံ့ကို အသုံးပြုနိုင် ပါတယ်။

ကြောက်စိတ်တွေ ၀င်လာပြီ ဆိုရင်တော့ လာဗင်ဒါ frankicense, neroil စတဲ့ ရနံ့တွေက ပျောက်ကင်း သက်သာစေပါတယ်ရှင်။

မှတ်ဥာဏ်တွေ မကောင်းတော့ဘူးလို့ ခံစားနေရရင် rosemary ရနံ့ကို ခါတိုင်းလို နည်းလမ်းလေးတွေနဲ့ အသုံးပြုပေး နိုင်ပါတယ်။

ဝမ်းနည်း ကြေကွဲမှုကို ခံစားရရင် neroli လို့ ခေါ်တဲ့ ရနံ့မျိုးက ထိရောက်မှု ရှိပါတယ်။

စိတ်ဖိစီးမှုတွေ အတွက်ကတော့ လာဗင်ဒါ၊ စန္ဒကူး စတဲ့ ရနံ့မျိုးတွေက သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်ရှင်။

 

No comments: