Saturday, October 20, 2007

Love Language

ကျွန်တော်တို့  နေ့ စဉ် တစ်ယောက်နဲ့  တစ်ယောက် ပြောဆိုဆက်ဆံတဲ့နေရာမှာ တစ်ယောက် နားလည်နိုင်မယ့် ဘာသာစကားနဲ့  နောက်တစ်ယောက်က ပြောဆိုရသလိုပဲ..
ချစ်သူပဲဖြစ်ဖြစ်၊ လင် မယား အချင်းချင်းပဲဖြစ်ဖြစ် တစ်ယောက်ရဲ့ ဘာသာစကားကို တစ်ယောက် သိထားသင့်ကြပါတယ်။ ချစ်သူ အချင်းချင်း ဆက်သွယ်တဲ့ ဘာသာစကားကိုတော့
ခပ်လွယ်လွယ်ပဲ Love Language လို့  ခေါ်ပါတယ်။ ငါးမျိုး ရှိပြီး Dr. Chapman က ထုတ်ဖော်ခဲ့ပါတယ်။

A.
Words of Affirmation - စကားလုံးတွေနဲ့  အချစ်ကို ဖော်ပြပါတယ်။ ဥပမာ ..
အားပေးတာ - လုပ်နိုင်ပါတယ်ကွ၊ အားတင်းထားပါ။ မင်း အနားမှာ ကိုယ် အမြဲရှိနေမယ်။
ချစ်စကားပြောတာ၊ ချစ်ကဗျာရေးပို့ တာ
နှစ်ယောက်တွေ့ ရင် ကြင်ကြင်နာနာ စကားပြောတာ.. မင်းက သိပ်လှတာပဲ၊ သိပ်ချစ်ဖို့ ကောင်းတာပဲ...
အစရှိသဖြင့် ပေါ့နော်..။

B.
Quality Time - အချိန်အများစုမှာ အတူတူ ရှိနေပေးတာ၊ သူစကားပြောရင် သေချာ အာရုံစူးစိုက်နားထောင်ပေးတာ.. အချိန်အကြာကြီး သူ့ နဲ့  မခွဲခွာတတ်တာတို့  ပါဝင်ပါတယ်။

C.
Receiving Gifts - လက်ဆောင် မကြာခဏပေးတာ.. လက်ဆောင်ကတော့ အရမ်းတန်ဖိုးရှိစရာ မလိုပါဘူး၊ ကိုယ်ချစ်သူက လက်ဆောင်ပေးတာကို သဘောကျတတ်တဲ့သူက ဘယ်လို လက်ဆောင်ပဲ ဖြစ်ဖြစ် အရမ်း ကျေနပ်ပီတိဖြစ်တတ်ပါတယ်။

D.
Acts of Service - မင်းအတွက် ဘာလုပ်ပေးရမလဲ.. အစရှိသဖြင့် သူ့ ရဲ့ အလုပ်တွေ ကူလုပ်ပေးရင် တဘက်လူက အဲဒီစရိုက်ဆိုရင် ချစ်ခြင်း မေတ္တာသဘောကို ကျကျနန ခံစားရတတ်တယ်။

E.
Physical Touch - လက်အတူတူ ချိတ်လမ်းလျှောက်တာ၊ မကြာ ခဏ လူကို ထိပြီး စကားပြောတာ၊ ပွေ့ ဖက်တာကနေ... sexual intercourse အထိ ပါဝင်ပါတယ်။

ကိုယ့် ချစ်သူနဲ့  ကိုယ်ရဲ့ ဆက်ဆံရေးမှာ မှန်ကန်တဲ့ love language ကို သုံးဖို့ လိုပါတယ်။ အသုံးမှန်လို့  အဆင်ပြေ သာယာတဲ့ ဆက်ဆံရေးတွေ တွေ့ ရသလို ကိုယ်သုံးတဲ့ ဘာသာစကားလွဲနေရင်လည်း အဆင်မပြေဖြစ်တတ်ပါတယ်။

Ref: http://www.padonma.com/forums/index.php?showtopic=831&st=0

No comments: