Saturday, October 20, 2007

How people love with which way?

 လူတွေ ဘယ်လို အခြေအနေတွေနဲ့  ချစ်ကြပါသလဲ

1. Similarities - စိတ်ကူး စိတ်သန်းတွေ၊ ၀ါသနာတွေ၊ ယုံကြည်ကိုးကွယ်မှုတွေ အစရှိသဖြင့် တူညီမှုတွေကြောင့် ချစ်ကြပါတယ်။

2. Physical appearance - ရုပ်ရည် ကြည့်ကောင်းတာ၊ စကားပြော ချစ်စရာကောင်းတာ.. အစရှိဖြင့်ကြောင့် ချစ်ကြပါတယ်။

3. Propinquity - မကြာခဏတွေ့ နေရလို့ ၊ အနေနီးစပ်လို့  ချစ်ကြိုက်သွားကြပါတယ်။

4. Competence - လုပ်ရည်ကိုင်ရည် အရည်အချင်းရှိလို့  ချစ်ပါတယ်။ (သို့ ပေမယ့် အမှားလုံးဝ မရှိသူထက်ဆိုင်ရင်၊ အရည်အချင်းရှိပြီး တစ်ခါတလေ အမှားနည်းနည်း လုပ်တတ်တဲ့သူကို ပိုသဘောကျတတ်ကြပါတယ်။ ပိုပြီး လူသားဆန်တဲ့သဘောပေါ့နော်။ ချဉ်းကပ်ဖို့ လည်း အခြားသူမှာ သက်တောင့် သက်သာ ရှိသလို ခံစားမိတတ်ကြတယ်လေ။)

5. Reciprocity - တစ်ယောက်ယောက် မင်းကို ချစ်တယ်လို့  ဖွင့်ပြောလို့  ကြိုက်လိုက်တာလည်း ရှိတတ်ပါတယ်။

6. Self disclosure - တစ်ယောက်အကြောင်း တစ်ယောက် ပွင့်ပွင့် လင်းလင်း ပြောကြ၊ ခင်မင်ရင်းနှီးကြပြီး ချစ်သွားကြပါတယ်။ (ဒါပေမယ့် ကိုယ်ကြိုက်နေတဲ့သူကို တွေ့ တွေ့ ချင်း အိတ်သွတ် ဖာမှောက် အကုန် မပြောချလိုက်ပါနဲ့ ။ တဘက်လူက လန့် သွားတတ်ပါတယ်။ အချိန်ယူပါ.. ကိုယ့် အကြောင်း နည်းနည်းချင်းစီပြောပြပါ။)

7. Unknown factor - နောက်ဆုံးတစ်ခုကတော့ ရှေး ဘ၀ ဘ၀တွေက ရေစက်တွေကြောင့်လည်း ချစ်သွားတတ်ကြပါတယ်။

1 comment:

Anonymous said...

ဒီဘလော့ဂ်ကို ချစ်(ကြိုက်)မိနေလို့ ခဏခဏ လာလာဖတ်နေရတာကကော ဘာကြောင့်မို့လဲ။