Tuesday, October 23, 2007

Happy Birthday Ko Sis_ain


ဒီနေ့ဟာ ကျွန်မတို့ရဲ့ အကိုကြီး blogger ကိုစစ်အိမ် ရဲ့မွေးနေ့ပါ။ (ဘယ်နှစ်နှစ် ပြည့်တာလဲတော့ မသိဘူး) ဟီး.. ဘာပဲ ဖြစ်ဖြစ်ပါ ကိုစစ်အိမ်ဆိုတာ ကျွန်မတို့ blog seminar လုပ်ဖြစ်ဖို့ အတွက် အင်အားတစ်ရပ် အဖြစ် ပါဝင်ခဲ့တဲ့ အကိုကြီး တစ်ယောက် ဖြစ်သလို ညီအစ်ကို မောင်နှမ အားလုံးရဲ့ အပေါ်မှာလည်း သံယောဇဉ် ကြီးတဲ့ အကို တစ်ယောက်ပါ။ ကျွန်ကတော့ သူ့ကို တော်တော်လေး ခင်ဖို့ကောင်းတယ်လို့ ခံစားမိပါတယ်။ ကျွန်မတို့ကိုလည်း အမြဲလိုလို မုန့်ဝယ်ကျွေး တတ်ပါတယ်။


ဒီနေ့မွေးနေ့ မှသညါ နောင် နှစ်ပေါင်း များစွာထိ ကိုစစ်အိမ် တစ်ယောက် ပျော်ရွှင်စရာ ကောင်းသော နေ့များကို ဖြတ်ကျော် နိုင်ပါစေ။ ဖြစ်ချင်ရာနဲ့ ဖြစ်နေတာ တစ်ထပ်တည်း ကျနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

1 comment:

Anonymous said...

Happy Birthday "ko sis" =)
ဒီမှာလည်း လာဆုတောင်းသွားတယ်..