Thursday, July 24, 2008

Kissing! How good is it?

Image Hosted by ImageShack.us

ဒီပိုစ့်လေးကိုမြင်ပြီး ပင့်ဂိုလ်းတစ်ယောက် မဟုတ်တရုပ်တော့လုပ်ပြီလို့ မထင်လိုက်ကြပါနဲ့။ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ၊ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲမှာ၊ မိသားစုထဲမှာ၊ ချစ်သူတွေကြားထဲမှာ "Kiss" လုပ်ကြတယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပဲလို့ ကျွန်မကတော့ မြင်ပါတယ်ရှင်။ Passionate Kissing လိုမျိုးဆိုရင်တော့ သမီးရည်းစားတွေကြားထဲ ဖြစ်ပျက်တာပေါ့။ ဒါပေမယ့် မောင်နှမသားချင်း၊ မိဘနဲ့ သားသမီးချင်း၊ သူငယ်ချင်း အချင်းချင်း ချစ်လို့ နမ်းကြတာလည်း ရှိတတ်ကြတယ် မဟုတ်လား။ ချစ်လို့ပဲ နမ်းကြတာလား။ နမ်းလို့ပဲ ချစ်ကြတာလား။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျွန်မကတော့ ဒီအတိုင်း နမ်းချင်လို့ နမ်းနေကြတာထက် စာရင်၊ Kiss လုပ်ခြင်းက ဘာများကောင်းလဲ၊ ကျမ်းမာရေး၊ လူမှုရေး ကဏ္ဍတွေမှာ ဘယ်လိုအထောက်အကူပြုလဲ ဆိုတာလေးကို တစ်ချက်သိချင်လို့ Googling လုပ်ကြည့်မိပါတယ်။ အိုးးးးးးးး မမြင်စရာလေးတွေ အများကြီးကျလာသလို၊ တစ်ကယ် အသုံးဝင်တဲ့ အချက်ကလေးတွေလည်း အများကြီးပဲ တွေ့လိုက်ရပါတယ်ရှင်။ အဓိက ဖော်ပြထားတာတွေကတော့ Health benefit of Kissing တွေပါပဲ။ ကျွန်မလည်း ဖတ်ရင်း၊ မှတ်ရင်းနဲ့ပဲ ဒီနေရာလေးမှာ ဝေမျှလိုက်ရပါတယ်ရှင်။

"Kissing is passion and romance and what keeps people together," လို့ပြောခဲ့တဲ့ သူကတော့ "The Art of Kissing" ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ William Michael Cane ဖြစ်ပါတယ်။ နမ်းနေတဲ့အချိန်မှ၊ အထူးသဖြင့် "Oh so good" လို့ခံစားရရင်တော့ သေချာပြီ.. ဒါကြောင့် အကျိုးထူး တစ်ခုခုတော့ ခံစားရပြီပေါ့။ အဲလို ခံစားရမယ်ဆိုရင် စိတ်ဖိစီးမှုတွေကို ပြေလျော့နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ တင်းနေတဲ့ အကြောလေးတွေကို လျှော့ပေးနိုင်တဲ့အတွက် သက်တောင့် သက်သာလည်း ဖြစ်စေပါတယ်တဲ့။ နောက်တစ်ခုက kiss လုပ်နေတဲ့အချိန်မှာ ထုတ်လုပ်ပေးတဲ့ saliva တွေက သွားတွေမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ (သွားဝေဒနာရှင်တွေအတွက် ပိုက်ဆံမကုန်တဲ့ ဆေးကုနည်းပေါ့.. ဟီးဟီး)။

Kissing လုပ်ခြင်းကြောင့် ကယ်လိုရီတွေလည်း လျော့ကျစေပါတယ်တဲ့။ နမ်းနေတဲ့အချိန်မှာ ဆိုရင် တစ်မိနစ်ကို 2 calories နှုန်းလောက်ကျတတ်ပါတယ်။ မျက်နှာပြင်ရဲ့ ကြွက်သားတွေကလည်း လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်သွားစေပါတယ်။ Kiss လုပ်ခြင်းဟာ တရားထိုင်ခြင်းက ရတဲ့အကျိုးကျေးဇူးတွေလိုပဲ စိတ်ကိုတည်ငြိမ်စေပြီး စိုးရိမ်သောကတွေကိုလည်း ပြေပျောက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ Kiss လုပ်ခြင်းက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ oxytocin ကိုများများထွက်စေပြီး အဲဒီ ဟော်မုန်းက ခန္ဓာကိုယ်ကို ငြိမ်သက်စေတဲ့ အစွမ်းသတ္တိရှိလို့ပဲ ဖြစ်ပါတယ်ရှင်။

လူတွေပဲ နမ်းတတ်ကြတာ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေလည်း ဒါမျိုးတွေ လုပ်တတ်ပါတယ်။ ကျွန်မတို့ကတော့ မသိဘူးပေါ့ရှင်။ Helen Fisher, PhD, professor of anthropology at Rutgers University in Newark ရဲ့လေ့လာချက်အရ တိရစ္ဆာန်တွေရဲ့ အနမ်းသဘာဝကို တွေ့ရှိခဲ့ပါတယ်။ အင်းဆက်ပိုးတွေက ခြေထောက်လေးတွေနဲ့ နောက်တစ်ကောင်ရဲ့ ၀မ်းဗိုက်ကို ထိတွေ့ပြီး နမ်းကြတယ်၊ လိပ်တွေ၊ ကြောင်တွေ စသော သတ္တ၀ါတွေကလည်း အချင်းချင်း နှာသီးလေးတွေ ပွတ်သပ်ကြတယ်၊ ခွေးတွေက နောက်တစ်ကောင်ရဲ့ မျက်နှာကို သူတို့ရဲ့ လျှာနဲ့လျက်ကြတယ်၊ ဆင်တွေကတော့ သူတို့ရဲ့ အစွယ်ကို နောက်တစ်ကောင်ရဲ့ ပါးစပ်ထဲ ထိုးသွင်းကြတယ်.. အစရှိတဲ့ ပုံစံမျိုးစုံနဲ့ နမ်းလေ့ရှိကြပါတယ်။

နမ်းတယ်ဆိုတာ တိရစ္ဆာန်လောကမှာရော၊ လူ့လောကမှာပါ သံယောဇဉ်ပိုတိုးစေတဲ့ လုပ်ရပ်တစ်ခုပါ။ သမီးရည်းစားတွေသာ နမ်းတတ်ကြတာ မဟုတ်ပါဘူး။ ယောင်္ကျားလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်းလည်း ချစ်ရင် သဘောရိုးနဲ့ အာဘွားပေးတတ်ကြတယ် မဟုတ်လား။ အခုနောက်ပိုင်းမှာဆိုရင် ဒါဟာ တိုးတက်လာတဲ့ လူ့ယဉ်ကျေးမှုတစ်ခုတောင် ဖြစ်လို့လာနေပါပြီ။

အရင်တုန်းကလည်း ပွေ့ဖက်ခြင်း ကြောင့်ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ကျွန်မရေးဖူးပါတယ်။ ဒီနေရာ လေးမှာဖတ်နိုင်ပါတယ်ရှင်။

11 comments:

little moon said...

Oh great, I will try to kiss regularly .... :P

စိုးထက် - Soe Htet ! said...

ကျွန်တော် ကတော့ ရက်ပေါင်း ၁၆၀ လောက် စောင့်လိုက်ဦးမယ် ... သေချာ ပြန်စမ်း ကြည့်မလို့ :P

Anonymous said...

ပင့်ဂိုလ်းရေ... အခုမှပဲ kiss အကြောင်းနားလည်သွားတယ်... ဟဲဟဲ.. kiss ဖလှယ်မဲ့သူတော့.. နောင်များကြမှ မေးကြည့်ရဦးမယ်..

may htaik said...

Arr Bwar! :P

လင်း said...

မွားးးးးး

mm thinker said...

ကောင်း၏
ပါတနာ ရှာမှပဲ။

ပေါက်ပေါက်ရှာရှာ ရေးပဲရေးတတ်တယ်။

ပြီးတော့ Kissing အကြောင်း သိချင်နေရအောင်...ဟဲဟဲ

မရိုးတော့ဘူး မှတ်တယ်။

ဝါက ကျွတ်တော့မယ်ကို။

:)

Pinkgold said...

သြော် Knowledge Sharing လုပ်တာကို တစ်မျိုးထင်တော့လည်း မတတ်နိုင်ဘူးပေါ့ရှင်

MELODYMAUNG said...

ပိုးဂင့်ရေ
ဂယ်ပဲ..သူပြောမှပဲ......... အဟတ်ဟတ် :P

Htoo Tay Zar said...

မှတ်ထားလိုက်ပြီ ဟိ ဟိ =)

ကိုသက်နောင်(phoeniz) said...

မိုက်တယ်ဗျာ.......
အမှန်တွေ ရေးတတ်တယ်...
ဒါကြောင့်လည်း ကမ္ဘာဦးအစ ကနေ ခုချိန်ထိ
မပျောက်မပျက် ထိန်းသိမ်းလာကြတာကိုး..
ကျန်းမာရေး အရ......... (ဟာ...ဟ)
ချစ်သူနဲ့ က ဝေးနေတာ ဆိုတော့ အနားက သူငယ်ချင်း
ကိုပဲ ကောက်နမ်းရတော့ မလို.....
ကဲ....ချစ်သူရေ.....
ကျန်းမာရေးပါကောင်းစေတယ်တဲ့....
:)

Anonymous said...

မပင့်ဂိုးရေးလိုက်မှာ ကျနော် အကြံရသွားတယ်ဗျာ။ Kiss ပေးနေတဲ့အချိန်မှာ ၂ ကယ်လိုရီလောက် သုံးရတယ် ဆိုတော့ သိပ်ဝလို့ ၀ိတ်ချချင်သူတွေ kiss များများနဲ့ ကြာကြာပေးကြပါလို့ နှိုးဆော်ရင် ကောင်းမလားလို့။ ဟီး။