Saturday, July 5, 2008

Hey... PINK! Soooooo Dedicate

Image Hosted by ImageShack.us


အရင်တစ်ခေါက်က “ကျွန်မချစ်တဲ့ အပြာရောင်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး ရေးတော့ Pinkgold ဆိုပြီး အပြာရောင်အကြောင်း ရေးနေတယ်လို့ နောက်ပြောင် ပြောဆိုကြပါသေးတယ်။ လူတော်တော် များများကလည်း ကျွန်မကို ပန်းရောင်ကြိုက်တဲ့ ကောင်မလေးလို့ သိထားကြတာကိုး။ လက်ဆောင်လေးတွေ လက်ခံရပြန်ရင်လည်း ပန်းရောင်ပါတဲ့ ပစ္စည်းလေးတွေပဲ ဖြစ်ဖြစ်နေတတ်သေးတယ်ရှင့်။ တစ်ကယ်တော့ ကျွန်မက အပြာရောင်ကို ချစ်တာပါ။ Pinkgold ရဲ့ Favorite Color က အပြာရောင် ပေါ့လေ။ ဒီတစ်ခေါက်တော့ နာမည်နဲ့ လူနဲ့လိုက်အောင် ပန်နုရောင်သွေးတဲ့ ဆောင်းပါးလေး တစ်ပုဒ်လောက် ရေးအုံးမှလို့ တွေးမိပြီး ပန်းရောင်နဲ့ ပတ်သက်သမျှ သိသလောက်လေး ဝေငှပေးလိုက်ပါတယ်ရှင်။

မိန်ကလေး တော်တော်များများက ပန်းရောင်မြင်ရင် ရင်ခုန်လေ့ ရှိကြပါတယ်။ ပန်းရောင်ကို ချစ်ခြင်းရဲ့သင်္ကေတ အဖြစ်မှတ်ယူကြသလို နူးညံ့ခြင်းနဲ့ နှစ်လိုစရာကောင်းခြင်း ဆိုတဲ့ အသွင်တွေကိုလည်း ဆောင်ပါသေးတယ်။

Nature of Pink: အနီရောင်ရဲ့ ဆင့်ကွဲကာလာ တစ်ခုဖြစ်တဲ့ ပန်းရောင်ဟာ နုညံ့ခြင်း၊ ပျော့ပျောင်းခြင်းဆိုတဲ့ အသွင်ကိုဆောင်ပြီး တက်ကြွ၊ သွေးဆူတတ်တဲ့ သဘောသဘာဝရှိတဲ့ အနီရောင်နဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ဒါကြောင့် မိန်းကလေးတွေလို အားနွှဲ့တဲ့ သဘာဝကို ပန်းရောင်က ဖော်ဆောင်ပါတယ်။

Culture of Pink: တစ်ချို့နိုင်ငံတွေမှာ ၊ အထူးသဖြင့်တော့ ယူအက်စ်မှာ ပန်းရောင်ဟာ မိန်းမငယ်လေးတွေကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်ပါတယ်။ အမျိုးသားတွေ ပန်းရောင်ဝတ်ရင်တော့ လုံးဝကို စတိုင်လ်ကျ လှပမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပန်ရောင်ဆိုတာ မိန်းမဆန်တဲ့ဆိုတဲ့ ဓလေ့ထုံးစံကိုပဲ လူတော်တော်များများက လက်ခံထားကြလို့ပဲ ဖြစ်ပါတယ်။

Using Pink: အနီရောင်နဲ့ ပန်းရောင် နှစ်ခုစလုံးကတော့ အချစ်အတွက် ကိုယ်စားပြုတဲ့ အရောင်တွေပါ။ ဒါပေမယ့် စောစောက ပြောခဲ့သလိုပဲ အနီရောင်က ရဲတင်းသွက်လက်ပြီး သွေးဆူလွယ်တဲ့ အချစ်ကို ကိုယ်စားပြုတယ်။ ပန်းရောင်လေးကတော့ အသဲယားစဖွယ် ချစ်ဖို့ကောင်းတာလေးတွေကို ရည်ညွှန်းပါတယ်။ Native American တွေကတော့ ပန်းရောင်ကို creativity ကို ရည်ညွှန်းသုံး စွဲတာ ဖြစ်ပြီး အာရှသားတွေကတော့ လက်ထပ်ခြင်းဆိုတာကို ရည်ညွှန်းသုံးစွဲပါတယ်တဲ့။ အရောင်ကုထုံး (Color Therapy) မှာတော့ ပန်းရောင်ကို ဖိစီးမှုတွေ သက်သာစေဖို့၊ အကြောတွေ ပြေစေဖို့၊ diet လုပ်တဲ့အခါ အစားစာချင်စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် သုံးစွဲကြပါတယ်ရှင်။

Using Pink with Other Color: ပန်ရောင်ကို အနက်ရောင်၊ မီးခိုးရောင်၊ နက်ပြာရောင်တွေနဲ့ တွဲစပ်ရင်တော့ အရောင်တွေ လိုက်ဖက်မှု မရှိပဲ ရှုပ်ထွေးစေမှာ ဖြစ်ပါတယ်။ ပန်းရောင်ကို အစိမ်းရောင် အနု အရင့်တွေနဲ့ တွဲစပ်လိုက်ရင်တော့ စူးရှ ထက်မြက်တဲ့ အသွင်ကို ဆောင်ပါတယ်တဲ့။

Language of Pink:
Good pink
• In the pink - healthy
• Tickled pink - happy, content
• Pink collar - female office worker (sometimes used in a derogatory manner)

Bad or neutral pink
• Pink collar - female office worker (sometimes used in a derogatory manner to imply low person on the office totem pole)
• Pink - cut, notch, or make a zigzag

Pink Words: ပန်းရောင်ရဲ့ synonym words တွေကတော့ Salmon, coral, hot pink, fuschia, blush, flesh, flush, fuchsia, rose စတာတွေပဲ ဖြစ်ပါတယ်။

1 comment:

MgThaJan said...

ပင့်ကူရဲ့ favorite color က အပြာကိုး အခုမှ သိတော့တယ် :)