Tuesday, July 1, 2008

Happy Birthday "My Blog"

ဇွန်တစ်လတောင် ကုန်သွားပြန်ပြီ...
2008 တစ်ဝက် ကျိုးခဲ့ပြီ...........
ကျွန်မ Blog လည်း တစ်နှစ် ပြည့်ပြီပေါ့.........

ဘလောဂ့်ဂါ ဆိုတဲ့ အမည်နာမ တစ်ခု၊ Pinkgold ဆိုတဲ့ nick name တစ်ခုနဲ့ Blog Community မှာ အတော်အတန်တော့ ကျင်လည်ပြီးခဲ့ပြီ။ မနေ့ တစ်နေ့ကမှ ဘလောဂ့်စရေးတယ်လို့ ကိုယ့်ကိုကိုယ် ထင်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့ အချိန်မှာပဲ တစ်နှစ်ပြည့်သွားခဲ့တယ်။ ငါဟဲ့ Blogger လို့ စပြီး နာမည်ယူစဉ်ကတည်းက သူ့အတွက် အချိန်တစ်ခု သပ်သပ် ဖယ်ထားခဲ့ရတယ်။ နောက်ပိုင်း commit to blogging ဖြစ်သွားတော့လည်း အချိန်ရရင် ရသလို ပိုစ့်တွေ စွတ်တင်ခဲ့တာ တစ်ခါတစ်ရံမှာ လုပ်စရာတွေတောင် လစ်ဟင်းလို့.....!

အရည်မရ အဖတ်မရတွေ ပါလိမ့်မယ်....
အရည်ရော အဖတ်ပါ ရတာတွေလည်း ရှိလိမ့်မယ်....
ဘ၀ အကြောင်းကို ပြန်ပြောင်းရေး ခဲ့ဖူးသလို......
ကိုယ်ပိုင် အတွေးတွေနဲ့လည်း စာတွေ စီခဲ့ဖူးတယ်....
စက်တင်ဘာကြောင့် မျက်ရည်ယိုခဲ့ရသလို...........
နာဂစ်ကြောင့်လည်း ရင်ထဲဆွေးခဲ့ရတာတွေဟာ……..
Blog Post တွေအဖြစ် စီးဆင်းခဲ့တယ်လေ…………….

Blog Seminar တစ်ခုကို Blogger တွေနဲ့ အတူတူ ပါဝင်ကူညီ ခဲ့တယ်။ Other social activities တွေမှာ တတ်အားသရွေ့ ပါဝင်လှုပ်ရှားခဲ့တယ်။ သိပ်ချစ်စရာ ကောင်းတဲ့ ဘလောဂ့်ဂါ သူငယ်ချင်းတွေ ရခဲ့တယ်။ Internet ကြောင့် knowledge ပိုခဲ့ရသလို၊ blog hopping လုပ်ရင် မသိသေးတာတွေ သိခဲ့ရတာတွေဟာလည်း profit from blogging ပဲပေါ့။ ဘလောဂ့် စလုပ်စဉ်ကတည်းက ခုချိန်ထိ မပျက်မကွက် လာရောက်ဖတ်ခဲ့ကြတဲ့ စာဖတ်သူများ၊ ဘလောဂ်ဂါများ၊ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။ တစ်နှစ်တောင် ပြည့်ခဲ့ပြီ hit count က ခုမှ နှစ်သောင်းဆိုလားပဲ (နည်းလိုက်တာ…. Blog Marketing ပြန်စရတော့မယ်ထင်တယ်… :P) သူများတွေလို အကျိုးရှိတဲ့ ပိုစ့်လေးတွေ များများရေးဖို့ထက် ကိုယ့်ရေးချင်တာ၊ ကိုယ်ပြောချင်တာတွေရယ် self entertainment အတွက်ရယ်ပဲ ဘလောဂ့်ရေးခဲ့တာက များခဲ့တာကိုးရှင့်။ ကျွန်မ ပေါသမျှပိုစ့်တွေမှာ comments လေးတွေ ပေးခဲ့ကြသူတွေကိုလည်း အမြဲ အမှတ်ရနေမှာပါ။ Cboxကြောင့် ပိုနွေးထွေးခဲ့ရတဲ့ Cbox attachement လေးတွေလည်းရှိတာပေါ့နော်။

ကျွန်မ ဘလောဂ့် လုပ်နေနိုင်သရွေ့၊ အင်တာနက်နဲ့ ထိတွေ့နေရသရွေ့၊ ပြသနာ တစ်ခုခု ဖြစ်မလာသရွေ့တော့ ဒီဘလောဂ့်လေးကို ဆက်လက် အသက်သွင်းသွားမှာပါ။ နောက်လည်း လာပါ ခုလည်းလာပါ၊ အချိန်ရှိရင်လည်း ရှိသလို လာကြပေါ့နော်။ ဝေဖန်ပါ၊ အကြံပေးပါ၊ ပြောချင်တာကို အားမနာတမ်း ပြောခဲ့ပါ။ Blog Birthday လုပ်တယ်ဆိုတော့ လာလည်သူတွေကို တစ်ခုခုတော့ ကျွေးရမယ်ထင်တယ်နော်။ Personal Birthday တွေပဲ လုပ်ဖူးတော့ ခုလိုနှစ်ပတ်လည်ကို သိပ်မရင်းနှီးသေးဘူး ဖြစ်နေတယ်ရှင့်။ ကဲပါလေ..ဘာပဲဖြစ်ဖြစ်ပေါ့ ကျွန်မ အကြိုက်ဆုံး အစားအစာလေးနဲ့ ဧည့်ခံလိုက်ပါရစေ။ ကျွန်မကျွေးတဲ့ အီကြာကွေးကို မကြိုက်ပေမယ့်လည်း အားပေးသောအားဖြင့် သုံးဆောင်သွားကြပါရှင်။ ပင့်ဂိုလ်းလို ပိန်တဲ့ အီကြာကွေးကို ကျွေးနေတာလားလို့ မမေးရဘူးနော် :P

Coffee: I take 3 to 4 cups a day.

Photobucket

My Daily Breakfast "Eii Kyar Kway" and love to take together with "coffee" or "tea"

Photobucket

7 comments:

Anonymous said...

ဘလော့ဂ်မွေးနေ့ အကျွေးအမွေးကလဲ ကပ်စေးနည်းပကွာ။ ဒါတောင် ဘလော့ဂ်ပေါ်မှာမို့ထင်တယ်။ :P

Anonymous said...

အီကြာကွေးက ၂ ချောင်းထဲ ဆိုတော့ သိပ်မ၀လို့ လက်ဆောင်ပေးတော့ဘူး :D

Anonymous said...

မျက်နှာ ပေါင်းတင်နည်းတွေ ရှာရင်းနဲ့ ရောက်လာတာပါ။
မှတ်သားစရာတွေ အများကြီး ဖတ်ရပါတယ်။

Anonymous said...

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် တကယ်ပါ ကျနော်စာတွေမရေးနိင်သေးပေမဲ့ အားလုံးကို လေးစားသတိရနေပါတယ်ဆိုတာကိုတော့ ကျနော့်ကိုယ်စားပြောပေးပါ ကော်ဖီသောက်သွာတယ်ဗျာ နောက်လည်းလာပါ။

Anonymous said...

အီကြာကွေးကိုစားချင်လိုက်တာ
မွေးနေ့ က ဒါလေးဘဲ ကျွေးတာ လားဟင်

Anonymous said...

ဟုတ်ပါတယ်ရှင့်

ကျွန်မ ဘိုင်ကျနေလို့ ဒါလေးပဲ ကျွေးနိုင်တာပါ..

ခုတောင် google အဲ ဟုတ်ပါဘူး... အိတ်ထဲက ပိုက်ချံကို မနည်းရှာပြီး နည်းနည်းလေး ထွက်လာတော့မှ ၀ယ်ရတာ

နှစ် နှစ်ပြည့်ရင် ရှယ်ကျွေးမယ်

Anonymous said...

ဒီနေ့မှ တွေ့လို့ အီကြာကွေး မကျန်တော့ဘူး ကျန်လဲ သိုးနေလောက်ပီ ပင့်ကူရေ
၂နှစ်ပြည့်ကျ ဂယ်လာစားမှာနော်
နှစ်ပေါင်းမှာစွာ ခုလိုပျော်ရွှင်စွာ ဘလော့ဂ်ဂင်းနိုင်ပါစေဗျို