Tuesday, November 13, 2007

Cosmetic Allergies

ကျွန်မလည်း ဟိုအကြောင်းလေး ရေးလိုက်၊ သူများတက်တာ ရေးလိုက်၊ တောင်းပန်တဲ့ ပိုစ့်လေးတင်လိုက်၊ ခရီးထွက်သွားလိုက်နဲ့ ကိုယ့်ဘလောဂ့်မှာ တင်သင့်တဲ့ ပိုစ့်တွေတောင် မတင်မိတာ အတော်လေး ကြာနေရောပေါ့။ The World Of Physical and Mental Beauty ကြီးက ရောက်တတ်ရာရာ တိုလီမုတ်စ ထွေလီကာလီ ဘလောဂ့်ကြီး ဖြစ်တော့မယ် ထင်ပါရဲ့။ ခုတော့ မဖြစ်ချေသေးဘူးဆိုပြီး မရေးတာကြာနေတဲ့ အလှအပနဲ့ ပတ်သက်တာလေး တစ်ခုလောက် တင်မယ်လို့ စဉ်းစားမိတုန်း မိန်းကလေး တော်တော်များများမှာ Cosmetic နဲ့ မတည့်လို့ Allergic ထတတ်တာလေးကို သတိရမိတယ်လေ။ ဒီတော့ ဘယ်လိုလုပ်ရမယ် ဆိုတာကို ပြောချင်တာနဲ့ အင်တာနက်ထဲမှာ မွှေနှောက်ရင်း အသုံးတည့်မယ် ထင်တာလေး တစ်ခုတော့ ထွက်လာတယ်ရှင့်။ အလှအပပိုစ့်တွေကို မျှော်လင့်စောင့်စား နေကြတဲ့သူတွေ ကြိုက်ကြလိမ့်မယ် ထင်ပါတယ်ရှင်။

ကျွန်မတို့ရဲ့ အသားအရေဟာ အမျိုးမျိုးကွဲပြားမှု လေးတွေ ရှိကြပါတယ်။ Sensitive Skin ရှိတဲ့သူတွေကတော့ ဓါတ်မတည့်တာကို များသော အားဖြင့် ကြုံရတတ်ပါတယ်။ Allergic ထလာပြီဆိုရင် ပြသတတ်တဲ့ လက္ခဏာမျိုးကတော့ မျက်မှာပြင် ရောင်ကိုင်းလာတာ၊ အနီရောင် အစက်အပြောက်လေးတွေ ဖြစ်လာတာ၊ တစ်ကိုယ်လုံး ယားယံလာတာ၊ အဖုလေးတွေ စုစု စုစု ထွက်လာတာ မျိုးတွေပါ။ မိတ်ကပ် တစ်ခုတည်းကြောင့်တော့ Allergic ထတတ်တာမျိုး မဟုတ်ပါဘူး။ ရှန်ပူ၊ ဆံပင်ဆိုးဆေး၊ ဆပ်ပြာ၊ polyester ပါတဲ့ အ၀တ်အစားတွေ စတာတွေ ကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ ပြီးတော့ Aroma Therapy မှာသုံးတဲ့ Essential Oils, condom သုံးစွဲတာတို့၊ ကြက်သွန်ဖြူ၊ ဂျင်း စသော အပင်တွေ ကြောင့်လည်း Allergic ထာတာ ဖြစ်တတ်ပါသေးတယ်။ အိုကေပါ ကျွန်မတို့ Cosmetic Allergic အကြောင်းလေး ဆက်လိုက်ရအောင်နော်။

Always check out the following things before using any cosmetic:

- မိတ်ကပ်ကို လိုအပ်သည်ထက် ပိုပြီး အများကြီး သုံစွဲမိတာ၊ မျက်နှာပေါ်မှာ brand အမျိုးမျိုးရဲ့ မိတ်ကပ်တွေကို ထပ်ထပ် လိမ်းတာ၊ ပစ္စည်း အသစ်တစ်ခုကို စတင်သုံစွဲချိန်မှာ ဓါတ်မတည့်တာကို  ကြုံတွေ့ရတတ်ပါတယ်။

- ညစ်ပတ်နေတဲ့၊ သုံးစွဲလက်စ ဖြစ်နေတဲ့ brush တွေကြောင့်လည်း allergic ထနိုင်ပါသေးတယ်။ cosmetic အသစ် တစ်မျိုးမျိုးကို သုံးတော့မယ် ဆိုရင် လက်ရှိ သုံးစွဲလက်စ brush တွေကို အသုံမပြုတာ အကောင်းဆုံးပါ။ အကောင်းဆုံးကတော့ brush တွေ ကို တစ်လကို အနည်းဆုံး 2 ကြိမ်းကနေ 4 ကြိမ်လောက်ထိ သန့်စင်ပေး သင့်ပါတယ်ရှင်။ ဒီလိုပြုလုပ်ခြင်းဟာ ၀က်ခြံထွက်ခြင်းမှလည်း အလိုလို ကာကွယ် ပြီးသား ဖြစ်သွားပါလိမ့်မယ်။

- မိပ်ကပ်တွေ မသုံးစွဲမီမှာ သုံးစွဲမယ့် မိတ်ကပ်တွေရဲ့ သက်တမ်းနဲ့ Expiry Date ကိုလည်း တစ်ချက်လေးလောက် သတိပြု ကြည့်ပေးစေချင်ပါတယ်။

- ပြီးတော့ ကိုယ့်နဲ့ သင့်တော်တဲ့ brush အမျိုးအစားကိုသာ သုံးပါ။ Skin irritation ဟာ brush ကြောင့်လည်း ဖြစ်တတ်တဲ့အတွက် ဖြစ်ပါတယ်။ မိပ်ကပ်တွေ အတွက်ဆိုရင် natural-hair brushes မျိုးက အကောင်းဆုံး ဖြစ်ပါတယ်။ cream ပါတဲ့ မိပ်ကပ် မျိုးတွေ ကို nylon-hair brushes မျိုးနဲ့ လိမ်းပေးနိုင်ပါတယ်။

Take the following precautions

ကိုယ့်အသားအရေဟာ Sensitive skin အမျိုးအစားသာ ဖြစ်မယ်ဆိုရင် မိပ်ကပ် မ၀ယ်မီမှာ အရင်ဆုံး test လုပ်ကြည့်တာ ကောင်းပါလိမ့်မယ်။ ပြီးတော့ မိပ်ကပ်တွေ မသုံးစွဲမီမှာ လက်ကို သေချာ သန့်စင်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ လက်မှာပါလာတတ်တဲ့ Bacteria ပိုးတွေကလည်း ဓါတ်မတည့်တာ၊ ယားယံတာ မျိုးကို ဖြစ်နိုင်စေပါတယ်။ ကိုယ့်မှာ ရှိတဲ့ မိပ်ကပ်ရဲ့ Expiry Date ကို အမြဲဂရုစိုက် သင့်သလို၊ ရက်လွန် နှစ်လွန် နေတဲ့ cosmetic တွေကို အမြန်ဆုံး လွှင့်ပစ် သင့်ပါတယ်ရှင်။  

 

 

No comments: