Thursday, September 13, 2007

Romance of Perfume

လွန်ခဲ့သော နှစ်ပေါင်း များစွားကတည်းက ရေမွှေးတွေကို တစ်ခြားသောလူတွေ သတ္တ၀ါတွေကို သွေးဆောင် သိမ်းသွင်းဖို့ အသုံးပြုခဲ့ကြပါတယ။် ၁၈ ရာစုလောက်တုန်းက ဘုရင်ဂျော့ III က ပြည့်တန်ဆာမတွေဟာ အမျိုးသားတွေကို သွေးဆောင် ဖြားယောင်းဖို့ အတွက်ရေမွှေးတွေကို သုံးကြတယ်ဆိုတာ သိသွားပြီး ရေမွှေးဟာ မှော်ပညာတစ်မျိုး ဖြစ်တယ်ဆိုပြီး ရေမွှေးတွေကို အကြီးအကျယ် ပိတ်ပင်တားဆီးခဲ့ ပါသေးတယ။် သို့ပေမဲ့နောက်ပိုင်းမှာ ရေမွှေးထုတ်လုပ်တဲ့သူတွေက ရေမွှေးဟာမှော်ပညာနဲ့  လုပ်ထားတာ မဟုတ်ကြောင်း သိပ္ပံနည်းကျ လက်တွေ့ ပြသခဲ့ပြီးတဲ့နောက်မှာ ရေမွှေးထုတ်လုပ်မှုဟာ ပြန်လည်ကျယ်ပြန့် လာခဲ့ပါတယ်။



ရေမွှေးတွေဟာ တစ်ကယ်ပဲ ချစ်ရေးချစ်ရာနဲ့ ပတ်သက်လာရင် အထောက်အကူဖြစ်တယ်ဆိုတာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကြော်ငြာတွေများလားဆိုတာ အရင်တုန်းကသံသယ ဖြစ်ခဲ့ကြပါသေးတယ်။ ကျွန်မတို့တွေ အနံ့တစ်ခုကို ရှုရှိုက်လိုက်တဲ့အခါ ထိုရနံ့ဟာ နာဗ့်ကြောလေးတွေကနေတစ်ဆင့် ဦးနှောက်ထဲမှာရှိတဲ့ Limbic System ဆီသို့ သတင်း အချက်အလက်ပေါင်း မြောက်များစွာကို ပို့ဆောင်ပေးပါ တယ။် Old Brain လို့ခေါ်တဲ့ ၄င်း System ဟာအလိုအလျောက် ဖြစ်ပေါ်တတ်တဲ့ စိတ်လှုပ်ရှားမှုတွေ၊ လိင်ခံစားမှုတွေနဲ့ ရန်လိုမှုတွေကို ကြိုမြင်နေတတ်ပါတယ်။ စံပယ်ပန်းရနံ့ နှင့် ဗယ်နီလာ (vanilla) တို့ ဟာ လိင်နဲ့ ပတ်သက်တဲ့ စိတ်ခံစားမှုဖြစ်အောင် လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။ ပြောရမယ်ဆိုရင် ကျွန်မတို့တွေ ဒီလိုစွဲမက်ဖွယ်ကောင်းတဲ့ ရနံ့တွေကို ကြိုက်နှစ်သက်မှုဟာ ချွေးကနေတစ်ဆင့်ဖြတ်သန်းသွားတဲ့ pheromone လို့ခေါ်တဲ့ မမြင်နိုင်တဲ့အနံ့မော်လီကျူးလီးတွေကြောင့် ဖြစ်ပါတယ်။ Pherin ဆိုတာဂရိဘာသာစကားဖြစ်ပြီး သယ်ဆောင်တယ်လို့ ခေါ်ပါတယ်။Hormone ကတော့ စိတ်လှုပ်ရှားမှုဖြစ်ပြီး sexual communication မှာသူက အဓိကတာဝန်ယူ ဆောင်ရွက်ပေးတာဖြစ်ပါတယ်တဲ့။

သဘာဝအားဖြင့်တော့ လူတွေရဲ့ချွေးမှာရှိတဲ့ acidic nature မတူညီတာကြောင့် pheromones အားလုံးဟာ မတူညီကြပါဘူး။ အမျိုးသားတွေရဲ့ ၄င်းအနံ့ မော်လီကျူးလေးတွေဟာ အမျိုးသမီးတွေထက်စာရင် ကတိုးနံ့ ပိုပြီးပါဝင်ပါတယ။် ကတိုးနံ့နဲ့ စန္ဒကူးနံ့ တွေဟာ အမျိုးသမီးတွေကို ချစ်ရေးချစ်ရာနဲ့  ပတ်သက်လာရင် ပိုပြီးတော့ ဆွဲဆောင်နိုင်တယ်လို့ ပြောကြပါတယ။် ရေမွှေး ထုတ်လုပ်တဲ့သူတွေဟာ ရှားပါးတဲ့ တိရိတ္ဆာန်တွေဖြစ်တဲ့ ကြောင်ကတိုး၊ ကတိုးနဲ့ ဦးခေါင်းကနေ ဖယောင်းပါတဲ့ ဆီတစ်မျိုး ထုတ်ယူလို့  ရတဲ့ ဝေလငါးတွေကို ရှာဖွေကြပါတယ။ အဲဒီကနေရတဲ့ အနံ့တွေဟာ လူတွေရဲ့ ရာဂ ခံစားမှုကို ဖြစ်ပေါ်စေပါတယ်တဲ့။ Exotic and romantic Perfume တွေကို စန္ဒကူး၊ စံပယ် နဲ့ ylang-ylang ခေါ်တဲ့အပင်ငယ်လေးတို့ ကနေဖန်တီးယူထားတာပါ။ အီဂျစ်၊ ဂရိနဲ့  ရောမက လူတွေဟာ နတ်ဘုရားတွေကို ပူဇော်ပသဖို့ တင်မဟုတ်ပဲ ထိုသို့ ဆွဲဆောင်နိုင်ရန်အတွက် ရေမွှေးအမျိုးမျိုးကို ထုတ်လုပ်ကြပါတယ်။ အခုဆိုရင် ကျွန်မတို့ တွေဟာရေမွှေးတွေကို တော်တော်လေးကို နှစ်သက်နေတတ်ကြပါပြီ။ ပြီးတော့လည်း ကျွန်မတို့ တွေဟာ အဲသလို ရေမွှေးဆီတွေနဲ့  ကိုယ်တိုင်တောင် ရေမွှေးတွေ လုပ်လို့ ရပါသတဲ့။

ကဲ စိတ်ဝင်စားရင်တော့ ကတိုးကောင်တွေ ဝေလငါးတွေ စန္ဒကူးတွေရှာပြီး ရေမွှေးလေး ဖော်စပ်ကြပေါ့နော။

1 comment:

Anonymous said...

ဒီပိုစ်လေးကို စိတ်ဝင်စားလို့ ကျွန်မပိုစ်မှာ လင့်ခ်ခွင့်ပြုပါနော်။

လေးစားစွာဖြင့်