Thursday, January 28, 2010

Moving Blog

ကျွန်မရဲ့ ဘလောဂ့်ကို Wordpress ကိုပြောင်းလိုက်တာ တစ်နှစ်လောက်တော့ ရှိတော့မယ်ရှင့်။ တစ်ချို့တွေက ဒီအဟောင်းကိုပဲ လာဖတ်ကြတာ တွေ့နေရသေးလို့ ခြေရာခံနိုင်အောင် လိပ်စာအသစ်လေး ပေးချင်ပါတယ်။
http://pinkgold.wordpress.com ကို လာရောက်ကြပါလို့ ဖိတ်ခေါ်ချင်သလို၊ လင့်ချိတ်ထားသူများကိုလည်း လိပ်စာလေးပြောင်းပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

ကျေးဇူးပါ
ပင့်ဂိုလ်း

Monday, January 11, 2010

Miss Tourism 2010

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပမည့် Miss Tourism 2010 ပြိုင်ပွဲကြီး

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ 2010 ခုနှစ် ဖေဖော်ဝါရီလတွင် Miss Tourism ပြိုင်ပွဲကြီးကို ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ဤပွဲကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအား
မြှင့်တင်ပေးလိုခြင်း ၊ မြန်မာနိုင်ငံတွင်းမှ စိတ်ဝင်စားဖွယ်ရာ ဒေသများကို ဖော်ထုတ်ကာ အများသူငှာ သိရှိစေလိုခြင်း ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအသင်း၏ သံတမန်တစ်ဦးကို ဖော်ထုတ်ပေးလိုခြင်း အစရှိသည့်
ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သည်။

Miss Tourism 2010 ပြိုင်ပွဲကြီးကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ Miss Tourism ပြိုင်ပွဲကြီးနှင့်အတူ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း
ကုမ္ပဏီအသီးသီးမှ ခင်းကျင်းပြသကြမည့် ပြခန်းများကိုပါ ထည့်သွင်းပြသသွားမည်ဖြစ်သည်။ Miss Tourism 2010 ပြိုင်ပွဲကို မည်သူမဆိုလာရောက်ကြည့်ရှုနိုင်စေရန်အတွက် ပွဲဝင်ကြေးကို အခမဲ့ သတ်မှတ်ထားသည်။

ပြိုင်ပွဲဝင်လိုကြသူများအနေဖြင့် စိတ်ကြိုက်ဝတ်စုံတစ်စုံနှင့် ရိုးရာဒေသတစ်ခုခုကို ကိုယ်စားပြုပြီး ဆန်းသစ်တီထွင်ထားသည့် ဝတ်စုံတစ်စုံ စုစုပေါင်းနှစ်စုံဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။


ပြိုင်ပွဲဝင်လျှောက်တစ်စောင်ကို ၅၀၀၀ ကျပ်ဖြင့်ရောင်းချပေးမည်ဖြစ်သည်။ လျှောက်လွှာများကို 2010 ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ လပြည့်ဝန်းပလာဇာ (၁၀)ထပ်ရှိ People Media ရုံးခန်းတွင်လာရောက်ဝယ်ယူနိုင်ပါသည်။