Thursday, January 31, 2008

အရုပ်မဟုတ်ဘူး

နတ်ဆိုးတွေ မွှေနေပြီ၊
တိမ်ဆိုင်တွေကင်းပျောက်
အလင်းရောက်မယ့်နေကို စောင့်နေတာလား။
ဖြူလွလွ ရောင်စဉ်လေးနောက်
လမ်းလျှောက် လိုက်ခဲ့သူတွေ
နောက်ကိုလှည့်ကြည့်တော့
အနီရောင်အုတ်စီးရိုး တစ်ခုဘဲရှိတယ်။
ကျဥ်းကြပ်ကြပ်စိတ်တွေ ထွက်ပေါက်
တို့တွေ လမ်းလျောက်လို့တောင် မရဘူးလားကွယ်။
ထိန်းချုပ်မှုတွေများပြား
ကန့်သတ် မှုတွေကြားက
လူးလွန့် ကြီးပြင်း
ငါတို့ ခရီးနှင်ခဲ့တာလဲ ကြာပြီ။
ဒီတစ်ခါ ဆက်လျှောက်
အသက်တွေလဲ ရောက်နေ
လက်တွေလဲ မြောက်နေရဦးမလား
လုပ်ချင်တိုင်းလုပ်
ဒို့ အရုပ်မဟုတ်တာ ပြကြဦးစို့ကွာ။

ရဲသွေးနီနီ

Wednesday, January 30, 2008

Who the hell is spreading the bad news?

ကျွန်မတို့နိုင်ငံမှာ သတင်းတွေ လွတ်လပ်စွာ စီးဆင်းခွင့် မရှိဘူး။ အမှန်တရားကို သိချင်ရင် နိုင်ငံခြား မီဒီယာတွေကို အားကိုးရတယ်။ မနေ့က ဖြစ်တဲ့ ကိစ္စဟာ ကျွန်မတို့တွေ အတွက်တော့ တုန်လှုပ်စရာ အကြောင်းတစ်ခုပါ။ ဒါပေမယ့် ဒီလိုဖြစ်သွားတဲ့ အတွက် ဘယ်သူကမှလည်း လိုက်လံဖြေရှင်းပေးလို့ မရသလို ကျွန်မတို့လည်း ဘာမှဖြေရှင်းပေးနိုင်တာ မဟုတ်ပါဘူး။ ကိုနေဘုန်းလတ် မဖမ်းခံရလား မခံရလားဆိုတာ ကျွန်မတို့လည်း သေချာ မသိပါဘူး။ သူ့အိမ်ကို ရဲတွေ ၀ိုင်းထားတယ်ဆိုတာလည်း လူတွေရဲ့ ချဲ့ကား ပြောဆိုခြင်း မျှသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် လူတွေဟာ သတင်းတွေကို လက်လွတ် စပယ်ဖြန့်နေရတာလည်း။ သာမန်လူတွေအတွက်တော့ ဘာမှ မပြောပလောက်ပေမယ့် တစ်ခုသော နာမည်ကြီး မီဒီယာ တစ်ခုမှာ ဘာမှ မရေရာ မသေချာသေးတဲ့ ကိုနေဘုန်းလတ်ရဲ့ သတင်းကို လုံးဝ သေချာနေသလိုမျိုး ရေးထားတယ်။ အချိန်နဲ့ နေရာကအစ မမှန်ပဲ သေသေချာချာကို ရေးထားတယ်။ ထားပါတော့ ဒီကိစ္စရဲ့ သတင်းတွေကလည်း ပြန့်နေတာကို။ နောက်ဆက်တွဲ သတင်းတက်လာတယ်။ သူ့ရဲ့ သူငယ်ချင်း ဘလောဂ့်ဂါတွေတောင် ထွက်ပြေးတိမ်းရှောင်နေရတယ်တဲ့။ ဒီဘက်က အခြေအနေကို သေချာ မသိပဲ ဘာကြောင့် အဲလို ရမ်းလုပ်တာလည်းတော့ ကျွန်မလည်း မသိပါဘူး။ ဒီဘက်မှာ အားလုံး အိုကေပါတယ်။ ဘယ်သူကမှလည်း ထွက်ပြေးမနေသလို၊ ကျွန်မတို့တွေဟာ ဘာမှလည်း မဟုတ်တာ လုပ်တဲ့သူတွေ မဟုတ်ကြပါဘူး။ အားလုံးဟာ လွတ်လပ်စွာ blogging လုပ်နေကြတာပါ။ ဂျီတော့မှာလည်း 10 ယောက်အထက်သော လာမေးသူတွေကို လက်မလည်အောင် ဖြေရှင်းရတယ်။ စိတ်ပိန်တယ် ဆိုတာကလွဲရင် ဘာမှ ပြောစရာအကြောင်း မရှိပါဘူး။ မသေချာ မရေရာတဲ့ သတင်းတွေကို ဘယ်သူက ဖြန့်နေတာလဲ။ မသေချာ မရေရာတဲ့ သတင်းတွေကို ဘာကြောင့်ရော တင်ပေးနေရတာလဲ။

Tuesday, January 29, 2008

Me and My Names

တစ်ခါတစ်လေ တော့လည်း ဘလောဂ့်ရေးရတာ စိတ်ပျက်စရာ တော့ကောင်းသားရှင်။ တစ်ခြားတော့ မဟုတ်ပါဘူး။ ရေးစရာ အကြောင်းလေးတွေကို ရှာဖွေရတာ ပြောပါတယ်။ ခုလည်း ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူး ကျွန်မကို ဘလောဂ့်ဂါတော်တော်များများက ပင့်ကူလေး ပင့်ကူလေး ခေါ်ခေါ်နေတော့ ကျွန်မရဲ့ တစ်ကယ့် နာမည်တွေရယ်၊ ကျွန်မကို နောက်ပြောင်ခေါ်တဲ့ နာမည်တွေရယ်ကို ပြန်တွေးကြည့်တာ ကျွန်မလည်း နာမည် တော်တော် များသားရှင့်။ ငယ်ငယ်တုန်းကတည်းက တစ်ယောက် တစ်မျိုး ခေါ်ကြတဲ့ နမည်ကလည်း အများကြီးပဲလေ။ အဲဒီ နာမည်တွေများ မသိချင်ကြဘူးလားဟင် (စကား ခေါ်ကြည့်တာ ဟီး) တစ်ကယ်တော့ မသိချင်ဘူးပြောလည်း ရေးမှာပါပဲ။ ကျွန်မ ငယ်ငယ်ကတည်းကနေ ခုချိန်ထိ အခေါ်ခံရတဲ့ နာမည်တွေကို ပြန်ပြောင်းတွေးကြည့် ရသော် .........

ကျွန်မက မွေးတုန်းက တော်တော် ချစ်စရာ ကောင်းတာရှင့်။ ၀၀ကစ်ကစ် ဖြူဖြူ ဖွေးဖွေးလေးပေါ့။ ခုချိန်မှာတော့ ပိန်ပိန် ညိုညို ရုပ်ဆိုးဆိုးလေးပေါ့လေ။ အဖေကတော့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းကို သိပ်ချစ်လို့ ဆိုပြီးတော့ ကျွန်မကိုလည်း အဲဒီ အမကြီးရဲ့ နာမည် အတိုင်း ထက်ထက် လို့ နာမည်ပေးခဲ့ပါတယ်။ နောက် အသက်ကလေးလဲ နည်းနည်း ကြီးလာတော့ အသက် တစ်နှစ် နှစ်နှစ် အရွယ်လောက်မှာ တော်တော် အကျင့်ပုတ်တယ် ဆိုပဲ။ လူတွေ လုပ်ကြံပြောကြတာတော့ မဖြစ်နိုင်ဘူးနော် တစ်ကယ် ပုတ်ရင်လည်း ပုတ်မှာပေါ့ (ဟိ) ။ အဲတော့ ကျွန်မကို နာမည်လေးများ လှလှလေး ပေးလိုက်ကြတာ အပုတ်လေး တဲ့ (အင့် ဟင့် ဟင့် တူများကိုနော်).. ဒါပေမယ့် ကျွန်မက ငယ်ငယ်တုန်းက တော်တော် ချစ်စရာ ကောင်းတယ်လို့ ပြောဖူးတယ် မဟုတ်လား။ မျက်နှာဝိုင်းဝိုင်းလေးနဲ့ပေါ့။ အဲတော့ တစ်ချို့တွေက ခေါ်ကြတယ် အ၀ိုင်း တဲ့။ ကျွန်မ အဖေက ကျောင်းဆရာလေ။ အဖေတို့ကျောင်းက ကျောင်းအုပ်ဆရာမကြီးဆို ကျွန်မကို ခေါ်တာများ လပြည့်ဝန်း တဲ့။ ခုချိန်ထိ ခေါ်တုန်းနော်။ သြော် ချစ်စရာ ကောင်းတာ မယုံကြဘူးပေါ့လေ။ မယုံရင် *ဒီမှာကြည့်လိုက်*။ ၀ိုင်းဝိုင်း ၀န်းဝန်းလေးကို တွေ့သွားရစေ့မယ်။

နောက် အဖေက ရွာတစ်ရွာမှာ အလယ်တန်းပြ ဆရာအနေနဲ့ တာဝန် ကျတုန်းကတော့ အဲဒီ ရွာက လူတွေက ခေါ်ကြတာက မလေး တဲ့။ ခုချိန်ထိ ခေါ်တာနော်။ သူတို့တွေက ချစ်စရာ ကောင်မလေးတွေကို မလေးလို့ ခေါ်လေ့ရှိတယ်တဲ့။ နောက် ကျွန်မလည်း အသက်ကြီးလာ၊ 10 တန်းအောင်ပြီး တက္ကသိုလ် တက်တော့ တစ်ရက်လည်း ကျရော ကောင်လေး တစ်အုပ် အနောက်ကနေ လိုက်ပြီး နာမည်မေးတာ။ အမြင် ကပ်ကပ်နဲ့ ပြောထည့်လိုက်တာ စနိုး လို့။ ခေါ်လိုက်ကြသေးတယ် တစ်လလောက်။ အဲနာမည်ကိုလေ။ ပြီးတော့ ကျွန်မက မွေးရာပါ ပဲများတယ်ရှင့်။ ပဲများပြီး မွေးလာတာတော့ မဟုတ်ဘူး။ ပြောရရင် ကျွန်မ လမ်းလျှောက်တဲ့ ပုံစံကြောင့် တော်တော် များများက ပဲများတယ် ထင်ကြတာလေ။ Model တွေ catwalk လျှောက်သလိုပဲ (နောက်တာ မဟုတ်ဘူး၊ မယုံရင် လိုက်မေးကြည့်ပါလား။ လိမ်ဖယ်ဖယ်လေး လျှောက်တာ) အဲတော့ ကျွန်မ သူငယ်ချင်း တစ်ချို့ ခေါ်ကြတာက ရွှေပဲ တဲ့။ ကျွန်မကလည်း ခေါ်တိုင်း အခေါ်ခံတဲ့သူ။ ဘယ်တော့မှ စိတ်မဆိုးဘူး။ ဘယ်လိုခေါ်ခေါ် အေးဆေး။ ဈေးထဲမှာ ရွှေပဲသီးတွေ အော်ရောင်းတာတောင်မှ ကျွန်မ တစ်ခါ ကိုယ့်ကို ခေါ်တယ်ထင်ပြီး လိုက်မေးဖူးသေးတယ်။ အန်တီ သမီးကို ခေါ်လားလို့။ (ရှက်လိုက်တာ)

နောက် Blazon မှာ အလုပ်ဝင်တော့ အဲဒီကလူတွေ ခေါ်ကြတာက ရွှေထက်။ အခု လူတော်တော် များများ ခေါ်တဲ့ နာမည်လေးပေါ့။ ကျွန်မလည်း ကြိုက်ပါတယ်။ နောက်တော့ နာမည်ဘယ်သူလဲ မေးရင် ရွှေထက်ပဲ ပြောဖြစ်တာ များပါတယ်။ Planet မှာ ဖိုရမ် ၀င်ရေးတော့ နာမည်က လော်ရာ (Laura)။ ပလန်းနက်က သူငယ်ချင်းတွေဆို အပြင်မှာတွေ့လည်း လော်ရာပဲ။ နောက် မြန်မာတီးရှောပ့် ပေါ်လာတော့ နာမည်ပြောင်းရေးတယ် PinkGold။ သေချင်တဲ့ကျား တောပြောင်းဆိုတာ မှန်တယ်။ ဆိုင်မဆိုင်တော့ မသိဘူး။ အဲမှာတင် နာမည်က တော်တော် ပေါသွားတာ။ ကဒေါင်းညင်သာက စခေါ်တယ်။ ပန်းရွှေတဲ့။ နောက်တော့ ကိုတက်ဆလာတို့၊ စိန်မျောက်မျောက်တို့၊ ကိုထိုက် တို့ ခေါ်ကြပြန်တယ် ရွှေပန်း တဲ့ (ဆိုးတယ်နော)။ တစ်ချို့တွေက လာကြသေးတယ် ပန်းရောင်ရွှေတဲ့။ အဲ ဘလောဂ့်လည်း ရေးရော PinkGold ဆိုတဲ့ နာမည်နဲ့ပါပဲ။ တစ်ရက် စီမီနာ ကိစ္စ အစည်းအဝေးလေး တက်ဖြစ်ပါတယ်။ ကိုညီလင်းဆက်ကနေ စခေါ်လိုက်တာ ပင့်ကူတဲ့။ လူအဖြစ်ကနေ တိရစ္ဆာန်ဘ၀ကို လုံးလုံးရောက်တော့တာပဲ။ ခုချိန်ထိလည်း ဘလောဂ့်ဂါ တော်တော် များများက ပင့်ဂိုလ်းတောင် မခေါ်ကြတော့ဘူး။ ပင့်ကူလေး၊ မမပင့်ကူ စသဖြင့် ခေါ်ကြတာပေါ့နော်။

ကျွန်မက နာမည်သာ ပေါတာ မဟုတ်ဘူး။ ကာရံကလည်း ရှိသေးတယ်
အဖော်မပါတဲ့ လော်ရာ
အတော်ရိုးတဲ့ မယ်ပင့်ဂိုလ်း
အတော်ရိုးတဲ့ မယ်ပင့်ဂိုလ်း

အဲလို အဲလို ကျွန်မမှာ လူက မချမ်းသာ ပေမယ့်၊ နာမည်ကတော့ ပေါများ ချမ်းသာကြောင်း ပိုစ့်တင်ပြီး ကြွားလိုက်ရ ကြောင်းပါရှင်။ သြော် ကျွန်မရဲ့ နာမည်အရင်းကော သိကြလား။ မသိရင် ပြောပြမယ် တင်မြတ်ထက် တဲ့။ အဖေပေးတဲ့နာမည်။

Sunday, January 27, 2008

Blogger Free Gathering and MBS's Future Plan

ဒီနေ့ ကျွန်မတို့ Yangon Blogger တွေ အလွတ်သဘော တွေ့ဆုံပွဲလေး တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ တစ်နယ်တည်းနေ ဘလောဂ့်ဂါ အချင်းချင်း ရင်းနှီး ကျွမ်းဝင် စေချင်တဲ့ သဘောလေးနဲ့ပါ။ ပြီးတော့ ကျွန်မတို့ Myanmar Blogger Society အနေနဲ့ September 1 ရက်နေ့မှာ Seminar တစ်ခု လုပ်ခဲ့တာကလွဲရင် ကျန်တဲ့ လုပ်မယ်လို့ ရည်မှန်းထားတဲ့ အစီအစဉ်လေးတွေကို ဘာမှ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်လေ။ အဲတော့ ဒီအကြောင်းလေးကိုလည်း ပြောရင်း ဘလောဂ့်ဂါတွေကိုလည်း ကိုယ်လုပ်နိုင်မယ့် တာဝန် အသီးသီးကို တာဝန် ခွဲဝေပေးရင်း ဆိုတဲ့ သဘောနဲ့ တွေ့ဆုံပွဲလေး လုပ်ဖို့ စီစဉ် ခဲ့တာပါ။ ၀မ်းနည်းစရာ ကောင်းတာက ကျွန်မတို့ တွေ့နေကျ လူဟောင်းတွေကလွဲရင် အသစ်တွေ သိပ်မလာဘူးရှင်။ မအားတာ ကြောင့်ပဲလား၊ မလာရဲတာလား၊ မျက်နှာပြရမှာ ကြောက်တာလားတော့ ကျွန်မလည်း မသိဘူးပေါ့နော်။ အဲတော့ လာတဲ့ သူလေးတွေ အချင်းချင်းပဲ ဘာတွေလုပ်ကြမယ်၊ ဘယ်လို အစီအစဉ်လေးတွေရှိတယ်၊ ဘယ်သူတွေက တာဝန်ယူမယ် စတာလေးတွေကို ပြောဖြစ်ခဲ့ပါတယ်။

ကျွန်တို့ MBS ရဲ့ နောက်ဆက်လုပ်မယ့် အစီအစဉ်လေးတွေကို စီမီနာ တုန်းကလည်း ပြောပြခဲ့ဖူးပါတယ်။ ဒါကတော့ Blogger တွေရဲ့ ပိုစ့်တွေကို သူတို့တွေရဲ့ ဘလောဂ့်တွေကို သွားစရာမလိုပဲ တစ်နေရာတည်းမှာ စုစု စည်းစည်း ဖတ်နိုင်မယ့် RSS Web Portal လေးတစ်ခု လုပ်မယ့် အစီအစဉ်လေးပါ။ ဒါလေးကိုလည်း ခုချိန်မှာ စလုပ်တော့မှာပါ။ နောက်တော့ ဒီ MBS ကနေ ဦးဆောင်ပြီး ရန်ကုန်မှာသာမက နယ်တွေမှာပါ နည်းပညာ ပြန့်ပွားရေး သင်တန်းတွေကို ပညာဒါန သဘောမျိုးနဲ့ သင်တန်းပေးသွားမယ့် အစီအစဉ်လေးတွေ၊ မိဘမဲ့ ကလေးကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေမှာ တတ်အားသရွေ့ လှူဒန်းသွားမယ့် အစီအစဉ်လေးတွေ ပါပါတယ်။ ကျွန်မတို့ လုပ်နိုင်သလောက်ကို ခုချိန်ကနေ Plan တွေ သေချာဆွဲပြီး စိတ်ဝင်စားမယ့်၊ တစ်ကယ်လည်း ပါဝင်လုပ်ဆောင်ချင်တဲ့ blogger တွေကို တာဝန်ခွဲဝေ ပေးပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ရှင်။ အဲတော့ ကျွန်မတစ်ခုလောက် request လုပ်ချင်တာက မြန်မာနိုင်ငံရဲ့ နယ်အသီးသီးကနေ blogging ပြုလုပ်နေကြတဲ့ blogger အသီးသီးဟာ volunteer သဘောမျိုးလေးနဲ့ ဒီအစီအစဉ်လေး ဖြစ်မြောက် အောင်မြင်အောင် အကူအညီလေးတွေ ပေးကြစေလိုပါတယ်။ နောက်နောင်မှာ ကျွန်မတို့ တွေ့ဆုံပွဲလေးတွေ လုပ်ရင်လည်း တက်တက်ကြွကြွနဲ့ လာရောက် ပါဝင်ပေးစေလိုပါတယ်။ ၀ိုင်းဝန်းပြီးတော့ အကြံလေးများ ပေးစေလိုပါတယ်။ ဒါမှာ MBS ရဲ့ အစီအစဉ်လေးတွေဟာ မြန်မြန်နဲ့ အောင်မြင်နိုင်မှာ မဟုတ်ပါလားရှင်။

အဲဒီတော့ ဒီလို ပညာပေး အစီအစဉ်တွေ၊ အလှူ ဒါနတွေကို အင်တိုက် အားတိုက် ပြုလုပ်နိုင်ရေး အတွက် ကျွန်မတို့မှာ fund တစ်ခုလိုအပ်ပါတယ်။ မြန်မာနိုင်ငံကသာမက တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ မြန်မာ ဘလောဂ့်ဂါတွေဆီမှာလည်း ကျွန်မတို့တွေ fund လေးတွေကို ကောက်ခံသွားမှာ ဖြစ်ပါတယ်ရှင်။ စိတ်ဝင်စားတဲ့ မည်သူမဆို blogger ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွန်မတို့ရဲ့ အစီအစဉ်လေးအတွက် ၀င်ရောက်ပါဝင် ထောက်ပံ့ပေးနိုင်ပါတယ်။ ပြီးတော့ ကျွန်မတို့တွေ နောက်ပိုင်းမှာ Member System ကိုလည်း သေချာလေး ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Monthly Fund အနေနဲ့လည်း ရန်ကုန်မှာ ရှိတဲ့ သူတွေက တစ်လကို အနည်းဆုံး 1500 ကျပ်ထည့်ဝင်ဖို့ ဒီနေ့တက်ရောက် လာသူတွေနဲ့ အတည်ပြု သတ်မှတ်ပြီး သွားပါပြီရှင်။ နိုင်ငံခြားက blogger တွေ အတွက်ကတော့ Monthly Fund ထည့်ဝင်ဖို့ ကိစ္စကို ကျွန်မတို့ နိုင်ငံအလိုက် amount တစ်ခု ပြန်လည် သတ်မှတ်ပေးပါမယ်။ ပြီးတော့ Singapore မှာ Bank Account တစ်ခုဖွင့်ပြီးတော့ ငွေလွှဲဖို့ အဆင်ပြေနိုင်အောင် စီစဉ်ပေးသွားမှာပါ။ အားလုံးလည်း ကျွန်မတို့ကို ဘယ်လို ဘယ်ပုံ လုပ်သင့်တယ်ဆိုတာ ၀ိုင်းဝန်း အကြံပေးဖို့ တောင်းဆိုပါတယ်။ Two heads are better than one. ဟုတ်တယ်ဟုတ်!

ကျွန်မတို့ ဒီနေ့ ဘယ်သူက ဘာလုပ် စသည်ဖြင့် တာဝန်ခွဲဝေ ပေးသွားပုံကိုပါ တစ်ခါတည်း ပြောပြပေးပါမယ်။ MBS ရဲ့ တာဝန်ခံတွေ အဖြစ်ကတော့ လောလောဆယ်မှာ ကိုနေဘုန်းလတ်၊ မောင်ပွတ်၊ ဘာညာ၊ ကိုပီကေ စိုးဇေယျ တို့က တာဝန်ယူ လုပ်ဆောင်ပါလိမ့်မယ်။ Web Portal ကိစ္စကိုတော့ ကိုညီလင်းဆက်၊ တေဇာ၊ ကိုမျက်လုံး၊ စေတန် နဲ့ ကိုဥပက္ခာ တို့က ဆောင်ရွက်ပါလိမ့်မယ်။ ဒီနေ့မှာ စေတန်နဲ့ ကိုဥပက္ခာကတော့ တက်ရောက် မလာခဲ့ပါဘူး။ ဒါပေမယ့် သူတို့တွေက Web နဲ့ပတ်သက်တာတွေကို ကျွမ်းကျင်ကြတဲ့ အတွက် ဆက်သွယ်ပြီး အကူအညီတောင်းလို့ရအောင် ထည့်ထားလိုက်ပါတယ်။ ကူလည်း ကူညီကြမှာပါ (ဟဲဟဲ ချုပ်တာ)။ Funding စုဆောင်းဖို့ ကိစ္စကိုတော့ ကျွန်မ ပင့်ဂိုလ်းကပဲ တာဝန်ယူ ဆောင်ရွက်မှာပါ။ ကျွန်မနဲ့အတူ နှင်းမိုးဝေ (ကောင်မလေး) နဲ့ တိုလီလေးတို့ကို အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။ Public Realtion ပိုင်းကိုတော့ မမယ်လိုဒီမောင်က တာဝန်ယူ ဆောင်ရွက်ကြမယ် ဆိုပြီး ကျွန်မတို့ တာဝန်လေးတွေ ခွဲဝေခဲ့ပါတယ်။

ပြီးတော့ MBS ရဲ့ စတင် မတည်ငွေအဖြစ် ဒီနေ့ တက်ရောက်လာသူ Blogger များထံမှ Fund ကောက်ခံခဲ့ပါတယ်။ ကောက်ခံရရှိတဲ့ ငွေပမာဏနဲ့ တက်ရောက်လာသူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်ရှင်။

ကိုဘလာဂေါက် 10000 ကျပ်
မမယ်လိုဒီမောင် 30000 ကျပ်
ကိုချမ်းမြစိုး 20000 ကျပ်
ကိုတက်ဆလာ 10000 ကျပ်
စိုးဇေယျ 5000 ကျပ်
ကိုမင်းဆွေ (နောင်တော်ကဗျာလမ်း) 2000 ကျပ်
ပင့်ဂိုလ်း 10000 ကျပ်
ဆူးလင်းသစ် (blog reader) 2000 ကျပ်
ဖိုးသူတော် 2000 ကျပ်
မျက်လုံး 5000 ကျပ်
ဘာညာ 5000 ကျပ်
ကိုဝေ (သတင်းစာ) 5000 ကျပ်
969 Group (ကိုခနန္ဒ) 4000 ကျပ်
တေဇာ 5000 ကျပ
ကိုပီကေ 30000 ကျပ်
တော်ကီ 5000 ကျပ်
ကိုဂျက် (ကွမ်းခြံကုန် မဟုတ်ပါ) 10000 ကျပ်
အနှင်း (ကောင်မလေး) 10000 ကျပ်
ကိုနေဘုန်းလတ် 50000 ကျပ်
ကိုညီလင်းဆက် 30000 ကျပ်

စုစုပေါင်း မတည်ငွေ အဖြစ် 254000 (နှစ်သိန်းငါးသောင်းလေးထောင်ကျပ်) ရရှိပြီး အလုပ်တွေ စလုပ်ကြတော့မှာ ဖြစ်ပါတယ်။ Fund ထည့်ဝင်ချင်တဲ့ blogger များအနေနနဲ့ ကျွန်ကို ဆက်သွယ်နိုင်ပါတယ်ရှင်။ Gtalk အက်ချင်ရင်တော့ pinkgold@cuttiepinkgold.info ကိုအက်နိုင်ပြီ။ မေလ်းပို့ချင်ရင်တော့ pinkgold@misyou.net ကို ဆက်သွယ်နိုင်ပါတယ်။်

Friday, January 25, 2008

The Benefits of an Online Relationship!

ကျွန်မ ဘလောဂ့်လောကနှင့် အွန်လိုင်းအချစ်အကြောင်းကို ရေးဖို့ ကြိုးစားခဲ့ပေမယ့်.. ဘာကြောင့်လဲ မသိဘူး အဲဒါရေးမယ်လို့ ပြောတိုင်းကို ထောက်ခံတဲ့သူကနည်းနည်း တားတဲ့ သူကများနေတာကြောင့် မရေးတော့ ပါဘူးလေ ဆိုပြီး မရေးပဲ နေခဲ့ပါတယ်။ ကျွန်မ အကောင်းဘက်ကနေ တွေးပြီးရေးဖို့ စိတ်ကူးတာပါ။ ဒါပေမယ့် ကျွန်မကလည်း ကျွန်မရှင့်။ စိတ်ထဲမှာ တစ်ခုခုကို လုပ်ချင် နေပြီဆိုရင် မလုပ်ရရင် ဘယ်လိုကြီးမှန်းကို မသိ။ လူတွေကိုသာ ဖွင့်မပြောတာ စိတ်ထဲမှာတော့ တစ်နုံ့နုံ့နဲ့ပေါ့။ တစ်ကယ်တော့ Online Relationship အကြောင်းကို ကျွန်မ အကောင်းဘက်ကနေ တွေးပြီးရေးမှာပါ။ အင်တာနက် ဆိုတာကြီး ခေတ်စားလာတဲ့ အချိန်မှာ အွန်လိုင်းဆိုတာလည်း လူတွေရဲ့ ဘ၀ တစ်စိတ် တစ်ဒေသ ဖြစ်လာတယ်ဆိုတာ အားလုံးလည်း လက်ခံပြီးသားပါ။ ဒီတော့ အွန်လိုင်းမှာ သံယောဇဉ်ဖွဲ့ကြတာ မဆန်းပါဘူး။ ဖြစ်လည်း ဖြစ်သင့်တဲ့ အရာတစ်ခုပါ။ အားအား ယားယားတော့ လျှောက်မကျူကြနဲ့ပေါ့ရှင်။ အွန်လိုင်းကို မှန်မှန် ကန်ကန် သုံးတဲ့သူတိုင်းဟာလည်း အလဟသ မဟုတ်တစ်ရုတ်တွေနဲ့ အချိန်ကုန် နေကြတာ မဟုတ်ပါဘူး။ အဲတော့ ကျွန်မ ပြောချင်တယ် အွန်လိုင်း relationship က ဘာတွေ ကောင်းလဲပေါ့လေ။ ကျွန်မလည်း တစ်အားကြီး လေ့လာ ထားတာတော့ မဟုတ်ပါဘူး။ ဟိုရှာ ဒီဖွေနဲ့ သူများတွေ ပြောစကားကို လိုက်မှတ်သားရင်း ရလာတဲ့ အချက်ကလေးတွေပါ။ ကျွန်မပြောတာတွေ မှားရင်လည်းမှားမယ်၊ မှန်ရင်လည်း မှန်မယ်.. Anyway ပါ.. ရေးချင်တာတော့ရေးမှာပဲ..(ကွိကွိ… Amazon ဒေသက လာတာ မဟုတ်ပါ။ ဘာညာ့ဆီက ကူးတာ)

သြော် ကျွန်မပြောမှာက အွန်လိုင်း ချစ်သူအကြောင်းပဲ မဟုတ်ဘူးနော်။ အရမ်းကို ခင်သွားကြတဲ့ သူငယ်ချင်းတွေအကြေင်းလည်း ပါပါတယ်တဲ့ရှင်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ကိုယ်တိုင်တောင် အွန်လိုင်းမှာ အချစ်ဆုံး သူငယ်ချင်းတွေ ကိုယ်စီရှိကြပြီး သူတို့တွေများ အွန်လိုင်းတက်မလာခဲ့ရင် နေမထိ ထိုင်မသာ ဖြစ်ပြီး လွမ်းလွမ်း ဆွေးဆွေးလေး ခံစားတတ်ကြသေးတယ် မလား။ အိုကေ ပေရှည်တာနားပြီး ပြောချင်တာ ပြောတော့မယ်။ ကျွန်မပြောမှာက သူများစကားတွေကို လိုက်စုဆောင်းထားတဲ့ အချက်ကလေး နည်းနည်းထဲပါ။

  1. "အွန်လိုင်းမှာ ချစ်ကြတာတွေရဲ့ အကောင်းဆုံးအချက်ကတော့ လူနှစ်ယောက်ဟာ လူချင်း မတွေ့ပဲတောင် သူတို့တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ သံယောဇဉ် နှောင်ဖွဲ့မိကြပြီး နောက်ပိုင်းမှာ စိတ်ချင်းဆက်သွယ် ချစ်မိသွားတာပဲလို့ ကျွန်မယုံကြည်ပါတယ်။ သူတို့တွေဟာ တစ်ယောက်အကြောင်းကို တစ်ယောက် နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်လာတယ်။ ဒီလို နားလည်လာခြင်းဟာ ချစ်ခြင်းရဲ့ အဓိကကျတဲ့ အရာပဲ မဟုတ်လားရှင်" -Mary Sammons
  2. "ဘာပဲ ဖြစ်ဖြစ်ပါ. နောက်ဆုံးမှာတော့ လူချင်းတွေ့ကြတာ အကောင်းဆုံးပါပဲ" -Sandy
  3. "နှစ်ယောက်သားသာ တစ်ယောက်တစ်နေရာစီမှာ နေနေကြတယ်။ ဝေးတာပဲ ဖြစ်ဖြစ် နီးတာပဲ ဖြစ်ဖြစ်ပေါ့။ အဲတော့ တစ်ယောက်က တစ်ယောက်ကို လွှမ်းမိုးတာမျိုး မရှိတော့ဘူး။ အပြင်လောကကြောင့် တစ်ယောက်ကို တစ်ယောက် စိတ်ပျက်စရာ မျိုးတွေလည်း မကြုံရတော့ဘူး" -Charlene
  4. " ကျွန်တော်တို့ စကားပြောရင်းနဲ့ပဲ တစ်ယောက်အကြောင်း တစ်ယောက် အများကြီး သိလာကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ မသိတဲ့ လျှိုထားတဲ့ အကြောင်းအရာတွေလည်း ရှိအုံးမှာပါပဲ။ အဲဒါတွေကတော့ နောက်ပိုင်း ဆက်ဆံရေးမှာ နည်းနည်းတော့ စိတ်ရှုပ်စရာလေးတွေ ဖြစ်လာနိုင်တာပေါ့" -SAK
  5. "အွန်လိုင်းမှာ ချစ်ကြတာက ပိုပွင့်ပွင့် လင်းလင်းရှိတယ်၊ ပိုပြီးတော့ ရိုးရိုးသားသား ပြောလို့ရတယ်။ ကိုယ့်အကြောင်းကို အားမနာတမ်း ပွင့်လင်းစွာ ပြောနိုင်တယ်" -Allison
  6. " ကျွန်တော်တို့ တစ်ယောက်အကြောင်းကို တစ်ယောက် လေ့လာနိုင်တယ်ဗျာ။ လူချင်းတွေ့လို့ မပြောဖြစ်တဲ့ ရင်ထဲက ခံစားချက်တွေကိုတောင် အွန်လိုင်းမှာ ရင်ဖွင့်လို့ သိပ်ကောင်းတယ်" -Rachel
  7. "အွန်လိုင်း ဆက်ဆံရေးမှာ ကျွန်မ တွေ့ရတဲ့ အဓိက အားသာချက်ကတော့ communication skill တိုးတက်လာတာပဲရှင့်။ ကိုယ့်ရဲ့ ခံစားချက်ကို စကားလုံးတွေနဲ့ ဘယ်လို ဖော်ပြရမလဲ ဆိုတာ ကောင်းကောင်း သိလာတယ်။ အပြင်မှာ ချိန်းတွေ့စရာလည်း မလိုတဲ့အတွက် သူ့အတွက် အထူးရွေးချယ်ပြီး အ၀တ်တွေ ၀တ်ရတာမျိုးတို့၊ သူကြိုက်တဲ့ ရုပ်ရှင်ကို ရွေးကြည့်ရတာမျိုးတော့ စတာတွေနဲ့ နပန်းလုံးစရာ မလိုတော့ဘူးပေါ့" -Melissa Vladar
  8. "ကျွန်မတို့ ချိန်းတွေ့တဲ့ အခါလည်း sex နဲ့ပတ်သတ်တဲ့ pressure တွေ၊ လက်ပွန်းတတီး ရင်နှီးထွေးပွေ့ မှုတွေ စတာတွေကို ကြောက်စရာမလိုဘူးလေ။ အွန်လိုင်းမှာ အဲလိုကိစ္စ အရှုပ်အထွေးတွေ ဘာမှ မရှိပါ ဘူး။ " -Adena
  9. " အွန်လိုင်းမှာ ချစ်ကြတာရဲ့ ကောင်းတဲ့ အချက် တစ်ချက်က ကျွန်မတို့ရဲ့ ရုပ်ရည်ရူပကာ ပယောဂကြောင့် မဟုတ်ပဲ ဒီလူကို ချစ်တာ၊ ဒီလူရဲ့ စိတ်ဓတ်ကို ချစ်တာ အဲဒါပါပဲရှင်" -S. Mazingo
  10. "တစ်ကယ်လို့ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲကြမယ်ဆိုရင်တောင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ (ဥပမာ..ပါးရိုက်တာ ဘာညာ) မျိုးတွေ မဖြစ်စေပဲ စကားလုံး သက်သက်နဲ့ ရပ်စဲလို့ရတယ်လေ။" -Yewande Fasoranti
  11. "အွန်လိုင်း ဆက်ဆံရေးမှာ အားသာချက်တစ်ခု ရှိတာက လူတစ်ဘယ်လို ရုပ်ရည်ရူပကာ ရှိတယ်ဆိုတာတွေကို ထည့်တွက်စရာမလိုပဲ အဲဒီလူရဲ့ စိတ်နှလုံးနဲ့ စရိုက်ကို လေ့လာနိုင်ဖို့ အခွင့်အရေးတွေ ရှိလာတာပဲပေါ့။ စိတ်လှတဲ့ သူတစ်ယောက်ကို ချစ်ရတာဟာ ချစ်ခြင်းတွေထဲမှာ အလှပဆုံး ချစ်ခြင်းတရားပဲ မဟုတ်လား" -Debra Williams
  12. "သူတို့တွေ ကိုယ့်အိမ်နားမှာ နေတာထက်ကို သူတို့အကြောင်း လေ့လာရတာ ပိုလွယ်တယ်ဗျ။ သူတို့တွေရဲ့ ကိစ္စအ၀၀တွေ၊ စိတ်ဝင်စားတဲ့ အရာတွေ ပြောဖို့ အခွင့်အရေးတွေ အများကြီးရတယ်ဗျ" –Manny
  13. "Online relationship မှာ ကျွန်မတို့တွေဟာ နားထောင်မှု စွမ်းရည်နဲ့ စကားပြောစွမ်းရည်တွေ တိုးတက်လာ တယ်လေ" -Sandy

  1. “သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာတာ။ အွန်လိုင်းမှာ ဆိုရင် လက်တွေ့ပြဿနာတွေနဲ့လည်း ကင်းဝေးနေတယ် အဆင့်အတန်းတွေ ဘာတွေလည်းမရှိဘူး ပြောရတာလည်း မျက်နှာချင်းဆိုင်မဟုတ်တော့ ပိုပြီး သက်တောင့်သက်သာ ရှိတယ် ကိုယ်နဲ့ မကိုက်ရင်လည်း ရှောင်တိမ်းရလွယ်တယ်လေ”- Kaung Kin Ko

ဒါတွေကတော့ အွန်လိုင်း ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လူတော်တော်များများ ပြောပြကြတဲ့ အချက်ကလေးတွေပေါ့။ ကျွန်မရေးတာဟာ Benefits တွေကိုပဲ ရေးတာ ဖြစ်လို့ အွန်လိုင်းမှာ မကောင်းတဲ့ အချက်တွေကို ထည့်မရေးထားပါဘူး။ မကောင်းကြောင်းသာ ပြောရရင်တော့ A-4 နဲ့ 15 မျက်နှာလောက် ရှိလိမ့်မယ်။ ဖတ်ကြမလား ရေးပေးမယ်လေ..အဟိ။ ပြီးတော့ အားအား ယားယား အချိန်ပေါတိုင်း မိန်းကလေးတွေကို လိုက်ကျူ၊ ယောင်္ကျားလေးတွေကို လိုက်အီစီကလီ ရိုက်နေတဲ့ မိန်ကလေးမျိုး တွေအတွက် မဟုတ်ပဲ အမှန်တစ်ကယ် ချစ်ကြ ခင်ကြတဲ့ သူတွေအတွက်သာ ရည်ရွယ်ကြောင်းပါရှင်။

Wednesday, January 23, 2008

Some of the the World's Best....!!

WORLD'S BIGGEST INDOOR SWIMMING-POOL

Image Hosted by ImageShack.us

World Water Park ….. Edmonton , Albert , Canada …………..SIZE….5 Acres

WORLD'S BIGGEST OFFICE COMPLEX ………… CHICAGO

Image Hosted by ImageShack.us

WORLD'S BIGGEST SHOPPING MALL

Image Hosted by ImageShack.us

South China Mall, Dongguan, China ………892,000 meter-square
Shops on 6 floors

WORLD'S BUSIEST AIRPORT…………… NEW YORK

Image Hosted by ImageShack.us

WORLD'S WIDEST BRIDGE………AUSTRALIA

Image Hosted by ImageShack.us

Sydney harbor bridge, Australia ……..16 lanes of car traffic…..8 lanes in the upper floor, 8 in the lower floor

WORLD'S LONGEST BRIDGE……………CHINA

Image Hosted by ImageShack.us

Donghai Bridge , China ……………………32.5 kilo meters

WORLD'S BIGGEST PASSENGER-SHIP

Image Hosted by ImageShack.us

WORLD'S BIGGEST PLANE……………AIRBUS

Image Hosted by ImageShack.us

Airbus A380………..555 Passenger s

WORLD'S BIGGEST BUS

Image Hosted by ImageShack.us

Neoplan Jumbo - cruiser……..2 in 1 bus….double deck bus……170 passenger capacity

WORLD'S HIGHEST STATUE…………….BRAZIL

Image Hosted by ImageShack.us

WORLD'S TALLEST BUILDING………DUBAI

Image Hosted by ImageShack.us

Burj Dubai……….900 meters high. To be finally completed 2008

WORLD'S LARGEST PALACE………………….ROMANIA

Image Hosted by ImageShack.us

Palace of the Parliament….. Bucharest , Romania ………. more than 500 bedrooms, 55 kitchens,120 sitting rooms

WORLD'S BIGGEST STADIUM……….BRAZIL

Image Hosted by ImageShack.us

WORLD'S COSTLIEST STADIUM……… ENGLAND

Image Hosted by ImageShack.us

MOST COMPLEX INTER-CHANGE……… TEXAS

Image Hosted by ImageShack.us

WORLD'S BIGGEST EXCAVATOR

Image Hosted by ImageShack.us

Built by KRUPP of Germany………….45,500 tons……95 meters high……215 meters long

WORLD'S BIGGEST HOTEL……… LAS VEGAS

Image Hosted by ImageShack.us

WORLD'S MOST EXPENSIVE HOTEL … DUBAI…U.A.E

Image Hosted by ImageShack.us

Burj Al Arab Hotel, Dubai ….only 7 Star Hotel in the World
Cheapest room…$1000 per night.…..Royal suit…$28,000 per night

WORLD'S BIGGEST ROMAN-CATHOLIC CATHEDRAL…………IVORY-COAST

Monday, January 21, 2008

Funny Birthday Quotes

ကျွန်မ မွေးနေ့တုန်းက ဘယ်လို quotes လေးတွေကို ရေးရမလဲဆိုတာ ရှာရင်း၊ ဖွေရင်းနဲ့ တွေ့လိုက်ရတဲ့ Funny Birthday Quotes လေးတွေကို ပြန်လည် မျှဝေပေးလိုက် ချင်ပါတယ်။ သူငယ်ချင်းတွေရဲ့ မွေးနေ့မှာလည်း Birthday Card လေးတွေမှာ စာရေးပြီး ပို့လို့ရတာပေါ့။ ကျွန်မ အစကတော့ ဘာသာပြန်ပြီး တင်ပေးမလို့ပဲရှင့်။ ဒါပေမယ့် ဖတ်ရတာ ပေါ့သွားမှာ စိုးတာကြောင့် မူရင်းအတိုင်းလေးပဲ တင်ပေးလိုက်မယ်နော်။ တော်တော်လေးကို မိုက်တယ်။ ဖတ်ကြည့်ကြပါနော်။

  1. “Time and Tide wait for no man, but time always stands still for a woman of thirty.”

  2. "Thirty five is a very attractive age; London society is full of women who have of their own free choice remained thirty-five for years."

  3. "Inside every older person is a younger person - wondering what the hell happened."

  4. "Old age isn’t so bad when you consider the alternative."

  5. "You are only young once, but you can be immature for a lifetime."

  6. "Age is a number and mine is unlisted."

  7. "A well-adjusted woman is one who not only knows what she wants for her birthday, but even knows what she's going to exchange it for."

  8. "The secret of staying young is to live honestly, eat slowly, and lie about your age."

  9. "Inflation is when you pay fifteen dollars for the ten-dollar haircut you used to get for five dollars when you had hair."

  10. "As you get older three things happen. The first is your memory goes, and I can't remember the other two."

  11. "Thanks to modern medical advances such as antibiotics, nasal spray, and Diet Coke, it has become routine for people in the civilized world to pass the age of 40, sometimes more than once."

  12. "When I have a birthday I take the day off. But when my wife has a birthday, she takes a year or two off."

  13. "The first sign of maturity is the discovery that the volume knob also turns to the left."

  14. "Age is strictly a case of mind over matter. If you don’t mind, it doesn’t matter."

  15. "You know you are getting old when the candles cost more than the cake."

  16. "You are only young once, but you can be immature for a lifetime."

  17. "A diplomat is a man who always remembers a woman's birthday but never remembers her age."

  18. "Growing old is mandatory; growing up is optional."

  19. "A woman has the age she deserves."

  20. "Age is not a particularly interesting subject. Anyone can get old. All you have to do is live long enough."

  21. "Life is a moderately good play with a badly written third act."

  22. "Men grow old, pearls grow yellow, there is no cure for it."

  23. "Life is one long process of getting tired."

  24. "Let us respect gray hairs, especially our own."

  25. "Growing old is like being increasingly penalized for a crime you have not committed."

  26. "When I was younger, I could remember anything, whether it happened or not."

  27. "Call this an unfair generalization if you must, but old people are no good at everything."

  28. "Life would be infinitely happier if we could only be born at the age of eighty and gradually approach eighteen."

  29. "Of late I appear To have reached that stage When people who look old Who are only my age"

  30. "I'm sixty years of age. That's 16 Celsius."

Sunday, January 20, 2008

Thank You All My Friend

ကျွန်မမွေးနေ့တုန်းက လာရောက်ဆုတောင်ပေးကြတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။ လူတွေအများကြီးရဲ့ wish လုပ်ပေးတာကို ခံရတာ ပထမဦးဆုံး အကြိမ်းတော့ မဟုတ်ပေမယ့် အရမ်းပျော်ပါတယ်။ ပထမဦးဆုံးအကြီမ်က Myanmarteashop Forum မှာ 23 နှစ်မြောက်မွေးနေ့ကျု ပိုစ့်တင်ပေးတုန်းကပေါ့။ အဲဒီတုန်းကလည်း အရမ်းပျော်ခဲ့ရပါတယ်။ ကျွန်မရဲ့ မွေးနေ့ကို ဒီဘလောဂ့်လေးမှာ ကျင်းပသလိုပဲ ပဒုမ္မာဖိုရမ်နှင့် ပလန်းနက် ဖိုရမ်မှာ မွေးနေ့ပိုစ့်တင်ပြီး ကျင်းပပေးကြသော သူငယ်ချင်းများကိုလည်း ကျေးဇူးအထူး တင်ပါတယ်ရှင်။

ကဲ ဇန်န၀ါရီ 19 ရက်ရဲ့ ညနေဘက်မှာ 19 လမ်းမှာ ဘာတွေ သွားစားပြီး ဘာတွေလုပ်ခဲ့ကြတယ် ဆိုတာကို သူများတွေ သွားရည်ယိုအောင် တင်ပေးလိုက်မယ်နော်။ စားခွင့်မကြုံတဲ့ သူတွေကိုတော့ အားနာပါရဲ့ရှင်။ နောက်တစ်ခါ အ၀ ကျွေးမယ်.. မှတ်ထားနော်

စားထားကွ.. ခေါက်ဆွဲကြော်

Photobucket

ငါးခေါင်းဟင်းချိုဆိုလား ဘာဆိုလား.. စပ်လွန်းလို့ တစ်စက်မှ မစားနိုင်ခဲ့ဘူး

Photobucket

သူတို့တွေကို ထမင်းကြော် ထည့်ပေးနေတုန်း ဘူရဲမသိ ရိုက်ထည့်လိုက်တာ.. ( မသိရင် သူများကပဲ အကောင်ပိန်သလောက် အစားကြီးသလို ဘာလိုလို ညာလိုလို ဘာညာလိုလို :P)

Photobucket

ကဲ စားထား သောက်ထားကြကွ အဟ

Photobucket

တိုလီလေး နဲ့ ကိုသန့် ( မွေးနေ့ ပါတနာ)

Photobucket

သူတို့ကတော့ အသာက်သမားတွေ

Photobucket

ဘာမှ မစားမသောက်ပဲ လူတစ်ကာကို ဓါတ်ပုံခိုးရိုက်နေတဲ့ မျိုးမျိုးကျော်ထွန်း

Photobucket

မမယ်လိုဒီမောင်
နဲ့ ကိုချမ်းမြစိုး

Photobucket

သရဲလေးကောင် ကိုမျက်လုံးကိုတက်ဆလာ၊ တိုလီလေး၊ ကိုဘလာဂေါက်

Photobucket

မောင်လေး ဖိုးသူတော်

Photobucket

သူများမွေးနေ့ကို စုံတွဲလာတက်တဲ့ မြို့စားကြီး နေဘုန်းလတ်

Photobucket

ကဲ စား စား စား ကြပါအုံးလားလို့

Photobucket

လာရောက်အားပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ပြီးတော့ နောင်တော် ကဗျာလမ်း ဆိုတဲ့ Blogger တစ်ယောက်လည်း ပါပါသေးတယ်။ သူ့ပုံတော့ မပါလာဘူးထင်တယ်။ အားပေးခဲ့ကြတဲ့ သူတွေကတော့ ကိုဘလာဂေါက်၊ ကိုတက်ဆလာ၊ ကိုမျက်လုံး၊ တိုလီလေး (မင်းယွန်းသစ်)၊ မမယ်လိုဒီမောင်၊ မျိုးကျော်ထွန်း ကိုချမ်းမြစိုး၊ ကိုမင်းဆွေ (နောင်တော် ကဗျာလမ်း)၊ တေဇာ၊ ကိုသန့်ဇော်မင်း၊ ရဲအောင်သူ၊ ဖိုးသူတော်၊ ဘာညာ၊ စိုးဇေယျ၊ ကိုနေဘုန်းလတ်နဲ့ သူ့ချစ်ချစ် တို့ပဲ ဖြစ်ပါတယ်ရှင်။ နောက်နှစ်တွေမှာလည်း ကျွေးအုံးမှာ လာခဲ့ကြနော်!