Friday, November 30, 2007

Blue

အပြာရောင်ဆိုတာ အရောင်တွေ အားလုံးထဲမှာ ကျွန်မ အကြိုက်ဆုံး အရောင်လေးပါ။ သူက စိတ်ကို ကြည်လင်စေပြီး မျက်စိလည်း အေးစေတာကြောင့် ကျွန်မ ကြိုက်နှစ်သက်ရတာပါ။ အဲတော့ ကျွန်မနှစ်သက်တဲ့ အပြာရောင်လေး အကြောင်းကို ကျွန်မအနေနဲ့ ပိုစ့်တစ်ခု အကြောင်းအရာ တစ်ခု အဖြစ် ရေးသား ပေးချင်ပါတယ်။

အပြာရောင်ဆိုတာ တည်ငြိမ်တယ်၊ အေးချမ်းတယ်။ လွတ်လပ်ပေါ့ပါးပြီး friendly ဖြစ်တဲ့ အရောင် တစ်မျိုးပါ။ လူတော်တော် များများလည်း အပြာရောင်ကို နှစ်သက်တတ်ကြတပါတယ်။

Nature Of Blue: အပြာရောင်ဟာ ကောင်ကင်ကြီးရဲ့ အရောက်ဖြစ်ပြီး သဘာဝ တရားရဲ့ အရောင်လည်း ဖြစ်ပါတယ်။ အပြာရောင်ကို ကြည့်ရှုခြင်းအားဖြင့် ကြည်နူးမှု ရရှိစေပြီး စိတ်ရွှင်လန်းစေပါတယ်။ ပြီးတော့ အပြာရောင်က အိပ်ပျော်စေဖို့လည်း ကူညီပေးပါတယ်။ အိပ်ခမ်းတွေမှာတော့ အပြာရောင်ကို ဆင်ယင် ခြယ်သ ပေးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် အပြာရောင်တွေ အရမ်းရင့်ပြီး အရမ်းများလွန်းရင်လည်း လေးလံထိုင်းမှိုင်းမှုကို ဖြစ်ပေါ်စေပါတယ်။

Culture Of Blue: များသောအားဖြင့်တော့ အပြာရောင်ကို ငြိမ်းချမ်းရေး အရောင်လို့ ယူဆကြပါတယ်။ ဘာသာရေး ယုံကြည်မှုတွေ အတွက်လည်း အပြာရောင်ကို အသုံးပြုကြသလို မကောင်တဲ့ စိတ်တွေကိုလည်း အပြာရောင်က ဖယ်ရှားပေးပါတယ်။ အပြာရောင်က မိမိကိုယ်ကို ယုံကြည်မှုကို ဖြစ်ပေါ်စေပြီး၊ အပြာရောင်ကြောင့် ကြောက်စိတ်ဝင်တာ၊ အတိတ် နမိတ်ဆိုးတွေဟာလည်း မရှိတော့ဘူးလို့ ခံစားရစေပါတယ်။ ဒါကြောင့် အပြာရောင်ဟာ ကမ္ဘာကြီးရဲ့ cooperate color အဖြစ် သတ်မှတ်ခံရပြီး police officer တွေရဲ့ ယူနီဖောင်းဟာလည်း အပြာရောင် ဖြစ်လာရခြင်း ဖြစ်ပါတယ်။ ခပ်ရင့်ရင့် အပြာရောင်တွေကတော့ ဥာဏ်ကောင်းခြင်း၊ စည်းလုံးခြင်းနဲ့ လွတ်လပ်မှု သဘောတရား တွေကို ဖော်ဆာင်ပါတယ်ရှင်။

ကျွန်မတို့ အင်္ဂလိပ်စာကို လေ့လာမယ်ဆိုရင် see red ဆိုတာ ရှုးရှုး ရှဲရှဲ ဖြစ်တာ ကိုရည်ညွှန်းတယ် ဆိုတာ အားလုံးလည်း သိကြပါလိမ့်မယ်။ ဟုတ်ကဲ့ပါရှင် see blue ဆိုတဲ့ idiom လေးကတော့ စိတ်ဓါတ် ကျဆင်းတာလို့ အဓ္ဓိပါယ် ရပါတယ်တဲ့။ see dark blue ကတော့ အလွန်အမင်း ငြီးငွေ့ဖွယ် ဖြစ်တာဆိုပြီး ရှေးတုန်းက ပြောဆိုခဲ့ကြ ဖူးပါတယ်ရှင်။

အီရန် နိုင်ငံမှာတော့ အပြာရောင်ဟာ ၀မ်းနည်းခြင်းရဲ့ အထိမ်းအမှတ် အရောင်ဖြစ်ပြီး၊ အနောက်နိုင်ငံတွေ မှာတော့ အပြာရောင်ဟာ ချစ်ခြင်းရဲ့ သင်္ကေတ အဖြစ် ဆိုစမှတ် ပြုကြပါတယ်ရှင်။

Using Blue: မိုးပြာရောင်ကတော့ ဥစ္စဓန ချမ်းသာမှုကို ဖော်ဆောင်ပေးပြီး၊ အင်အားကြီးမားမှုကိုလည်း ဖော်ဆောင် ပေးပါတယ်တဲ့။ Navy Blue ကတော့ နွေးထွေးခြင်းရဲ့ သင်္ကေတ ဖြစ်ပါတယ်။ Light and Dark Blue ကိုပေါင်းစပ် လိုက်တဲ့ အခါမှာတော့ ယုံကြည်မှု တစ်ခုကို တည်ဆောက်ပေးတာလို့ အဓ္ဓိပါယ် ရပါတယ်။ ဒါကြောင့် ဘဏ်ဝန်ထမ်းတွေဟာ ဒီလိုအရောင်ကို ယူနီဖောင်းအဖြစ် ရွေးချယ်တတ်ကြပါတယ်။ အပြာရောင်ကို ကျွန်မတို့တွေ တစ်နှစ်ပတ်လုံး ၀တ်ဆင်နိုင်တဲ့ year-round color အဖြစ် သတ်မှတ် ထားပေမယ့်လို့၊ အပြာရောင် ဖျော့ဖျော့လေးတွေ ကိုတော့ Spring(နွေဦးပေါက်) ရာသီတွေမှာ ၀တ်ဖို့ သင့်တော်တဲ့ အရောင်လေး ဖြစ်ပါတယ်။ ခပ်ရင့်ရင့် အပြာရောင်ကတော့ ချမ်းအေးလှတဲ့ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ အရောင်လေးပဲ ဖြစ်ပါတယ်ရှင်။

Using Blue with other color: အပြာရောင်ကို အစိမ်းရောင်နဲ့ တွဲလိုက်ခြင်းအားဖြင့် ပန်ချီခြယ်သလို သဘာဝ ဆန်တဲ့ အရောင်ကို ရရှိစေပြီး၊ grey ရောင်နဲ့ တွဲဖက်လိုက်ခြင်းကတော့ ကြက်သရေ ရှိတဲ့အသွင်ကို ဆောင်စေပါတယ်ရှင်။ မိုးပြာရောင် နုနုလေးကို အညိုရောင် နုနုလေးနဲ့ တွက်ဖက်ခြင်းဟာ friendly ဖြစ်တဲ့ အသွင်ကို ဆောင်စေပါတယ်။ အပြာနဲ့ အ၀ါရဲ့ အစပ်မဟပ်ကတော့ လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်စေပါတယ်တဲ့။ အပြာရင့်ရောင်ကို အဖြူရောင်နဲ့ တွဲဖက်ခြင်းက လန်းဆန်းခြင်းကို ဖြစ်ပေါ်စေပြီး အနီရောင် အဖြူရောင်နဲ့ အပြာရောင်တွေဟာ မျိုးချစ်စိတ်ကို ဖော်ဆောင်တဲ့ အရောင်တွေ ဖြစ်ကြပါတယ်ရှင်။ ငွေမှင်ရောင်နဲ့ အပြာရင့်ေ၇ာင်ရဲ့ အစပ်အဟပ်ကတော့ ထူးခြားတဲ့ အသွင်ကို ဆောင်စေပါတယ်ရှင်။

Language of Blue: အပြာရောင်နဲ့ ပတ်သက်ပြီး ဘယ်လို အသုံး အနှုန်းတွေ ရှိတယ်ဆိုတာလည်း ဖော်ပြပေးပါ့မယ်။

Good blue
• True blue - someone loyal and faithful
• Out of the blue - unexpected (could be positive or negative)
• Blue ribbon - first rate, top prize
• Blueblood - person of noble birth, royalty
• Bluestocking - well-read or scholarly woman
• Bluebook - register of socially prominent people
• The Blues (capitalized) - popular style of music sometimes characterized by melancholy melodies and words
• Baby blues - Blue eyes (also see Bad blue words)

Bad blue
• Feeling blue - feeling sad or depressed
• Blue devils - feelings of depression
• The blues (not capitalized) - depression, state of sadness
• Blue Monday - feeling sad
• Baby blues - post-partum depression
• Singing the blues - bemoaning one's circumstances
• Blue laws - laws originally intended to enforce certain moral standards
• Blue language - profanity
• Bluenose - puritanical individual
• Into the blue - entering the unknown or escape to parts unknown

ဒါတွေ အားလုံးကတော့ ကျွန်မချစ်တဲ့ အပြာရောင်နဲ့ ပတ်သက်သမျှ ကျွန်မ စုဆောင်း ထားတာလေးတွေ အကုန်ပါပဲရှင်။ ထပ်ပြီး သိထားတာလေးတွေ ရှိရင်လည်း comment ရေးရင် ဝေမျှပေးကြပါအုံးလို့။

Thursday, November 29, 2007

Myanmaronline Zone

Photo Sharing and Video Hosting at Photobucket

ရွှေမြန်မာတို့ အွန်လိုင်းမှာ ပျော်ပျော် ရွှင်ရွှင် ဆုံဆည်းဖို့ နေရာအသစ်ကလေးတစ်ခု ပေါ်ထွန်လို့လာပါပြီ။ ခါတိုင်းတွေ့နေကျ အွန်လိုင်း website တွေနဲ့ မတူပဲ ထူးထူးခြားခြားလေး တင်ဆက်ထားတဲ့ website ကောင်းလေး တစ်ခုပါ။ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို အပြန်အလှန် ဖလှယ်နိုင်တဲ့အပြင် ကိုယ်နဲ့ ၀ါသနာ၊ အယူအဆချင်း ကိုက်ညီနိုင်မယ့် သူငယ်ချင်း မျိုးကိုလည်း ရှာဖွေနိုင်ပါတယ်။ ပြီးတော့ ၀ါသနာ တူတွေချင်း group လေးတွေလည်း ဖွဲ့ထားနိုင်ပြီး သန်ရာသန်ရာ လေးတွေကို ဆွေးနွေးနိုင် ပါသေးတယ်။ သူငယ်ချင်း ရှာရုံပဲလားဆိုတော့ မဟုတ်ပါဘူးရှင်။ ကိုယ်ရဲ့ အကြောင်းလေးတွေ၊ ကိုယ်စိတ်ဝင်စားတာ လေးတွေကို တစ်ပါးသူတွေကို မျှဝေပေးနိုင်ဖို့ blog လေးတွေလည်း ရေးသားနိုင်ပါသေးတယ်။ Forum ထဲမှာ ဗဟုသုတ ရစရာ အကြောင်းလေး တွေကို အပြန်အလှန် ဆွေးနွေးနိုင်သလို၊ မိမိတို့ရဲ့ လက်ရာကောင်း ဓါတ်ပုံ လေးတွေကိုလည်း မျှဝေပေးနိုင်ပါသေးတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ Music, Video, Game အစရှိသည် တို့ကိုလည်း ရှာဖွေနိုင်ရုံသာမက မျှဝေပေးနိုင်ပါသေးတယ်။ ပြီးတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ Article တွေကိုလည်း ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့တူတူ chat လုပ်လို့ ရနိုင်မယ့် Chat Program တစ်ခုကိုလည်း ထည့်သွင်းထားတာကြောင့် အခန်းကဏ္ဍတွေ စုံစုံလင်လင်ပါဝင်ပြီး သုံးစွဲသူတွေ ကြိုက်နှစ်သက် နိုင်မယ့် website လေး တစ်ခု ဖြစ်တယ်ဆိုတာ ကြော်ငြာလိုက် ပါရစေရှင်။ လိပ်စာကတော့ www.myanmaronlinezone.net ဖြစ်ပါတယ်။

Tuesday, November 27, 2007

Yeah, Yah, ဟုတ်

ကျွန်မတို့ လူမှုဝန်းကျင်မှာ လူတိုင်းပါးစပ်ဖျားမှာ "ဟုတ်" ဆိုတဲ့ စကားလေး တော်တော်ခေတ်စားလာတာ ကာလတစ်ခု ကြာမြင့်လာခဲ့ပါပြီ။ လူကြီး လူငယ် မရွေး ဒီစကားလေးကို ဖက်ရှင် တစ်ခုလို စပြောခဲ့ရာကနေ နေရာတော်တော် များများမှာ မပြောမဖြစ် ပြောရတာ ဒီ "ဟုတ်" ဆိုတဲ့ စကားလေးပါ။ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လိုလူတွေက စထွင်ခဲ့တာလဲတော့ ကျွန်မလည်း မသိဘူးရှင့်။ အချိန်ကုန် လေကုန် သက်သာအောင် ဟုတ်ကဲ့ မှာ ကဲ့ ကိုဖြုတ်ပြီး ဟုတ် လို့များ ပြောကြလေရော့သလား။ ဒါပေမယ့် ကျွန်မဒီစကားလေးကို မျက်မုန်းကျိုးနေတာ တော်တော်တော့ ကြာခဲ့ပြီရှင့်။ ပြောပြန်ရင်လည်း အလုပ်မရှိ ကြောင်ရေချိုး ဖြစ်နေမှာ စိုးလို့ မပြောပဲ နေခဲ့ရာကနေ သူငယ်ချင်း Prizewai ကလည်း သူ့အမြင်လေးကို ရေးလိုက်တော့မှ မိုက်ဖော် မိုက်ဖက် ရသွားသလို ၀မ်းသာအားရနဲ့ ရေးလိုက်ရတာပါ။

အထူးသဖြင့် ဒီ 'ဟုတ်' ဆိုတဲ့ စကားလေးကို အသေမုန်းတာကတော့ ကျွန်မ အဖေနဲ့ ကျွန်မရဲ့ အင်္ဂလိပ်စာ ဆရာတစ်ယောက်ပါ။ အဖေ့ရှေ့မှာ ဟုတ် လို့ပြောရင် အမြဲ အဆူခံရပါတယ်။ လူကြီးကို မခန့်လေးစားနဲ့ ပေါ့ပျက်ပျက်နိုင်သလို မပြောစမ်း ပါနဲ့ သမီးရယ် လို့ အမြဲပြောပါတယ်။ ယဉ်ကျေးတဲ့ မြန်မာလူမျိုးတွေကို ယဉ်ယဉ် ကျေးကျေး 'ဟုတ်ကဲ့' လို့ပဲ ပြောစေချင်တယ်တဲ့။ အဲဒီ တုန်းကတော့ ကျွန်မက ငါ့အဖေ အပြစ်မရှိ အပြစ်ရှာ ဆူတတ်ရန်ကော လို့ မျက်နှာတော် ညှိုး၊ နုတ်ခမ်းတော် စူ ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုတော့ ကျွန်မ တော်တော်လေးကို ဒီ 'ဟုတ်' ကို သဘောမတွေ့ ဖြစ်လာပါပြီ။ လူတိုင်းကတော့ ပြောနေကြတာပဲ။ ဟုတ် ဟုတ် ဟုတ် ဟုတ်။ ဒါပေမယ့် သေချာ စဉ်းစားကြည့်ပါ.။ 'ဟုတ်ကဲ့' နဲ့ 'ဟုတ်' အနှစ်သာရချင်း တော်တော်လေးကို ကွာပါတယ်။ ယှဉ်ပြောကြည့်ပါ။ ပိုသိသာပါ လိမ့်မယ်။ ကျွန်မလည်း ဒီ 'ဟုတ်' ကို ဖျောက်ဖို့ ကြိုးစားနေတယ်ရှင်။

ကျွန်မရဲ့ အင်္ဂလိပ်စာ ဆရာတစ်ယောက်ကတော့ yeah နဲ့ ပတ်သက်ပြီး ပြောဖူးတာပါ။ Yes နဲ့ Yeah က ကွာတယ် တပည့်တို့ရ။ Yes ဆိုတာ ယဉ်ကျေးစွာနဲ့ 'ဟုတ်ကဲ့' လို့ပြောတာ။ အထူး သဖြင့် လူကြီး၊ မိဘ၊ ဆရာသမား တွေနဲ့ ပြောရင် ထည့်ပြောရတယ်။ Yeah, yah ဆိုတာကတော့ ဗမာလို 'အေး၊ ဟုတ်' စတဲ့ အဓိပ္ပယ်နဲ့ ဆင်တူတာပေါ့တဲ့။ ဒါနဲ့ ပတ်သက်ပြီး ဆရာက ပြောဖူးပါသေးတယ်။ ဖြစ်ရပ်မှန် ပါပဲ။ ကျွန်မ memory မကောင်း မှုကြောင့် မပြည့်မစုံပဲ ဖတ်ရှုကြပါတော့ရှင်။ တစ်ခါက နိုင်ငံခြားက သာသနာပြု ဆရာတော်ကြီး တစ်ပါး မြန်မာပြည် ကြွလာတော့ ဒီက ဒကာ၊ ဒကာမ တွေလည်း ၀မ်းသာ အားရ ဖူးမြော်ကြာတော့ တာပေါ့။ ဒကာ တော်တွေထဲမှာ နိုင်ငံခြားကို ပေါက်ပေါက် ရောက်ရောက် ရှိကြတဲ့ ပညာတတ်ကြီးတွေ၊ သူဌေးကြီးတွေလည်း တော်တော် ပါကြပါတယ်။ အဲဒီမှာ ဆရာတော် မိန့်သမျှကို သူတို့တွေက လက်အုပ်လေး ချီပြီး yeah. Yeah နဲ့ ပြောနေတာ "အေးကွ၊ ဟုတ်တာပေါ့ကွ" လို့ ပြန်ပြောနေတာနဲ့ တူတူပါပဲ တပည့်တို့ရယ်တဲ့။ မင်းတို့တွေလည်း Yes နဲ့ Yeah ခွဲပြော တတ်ပါစေကွယ်တဲ့။

ဟုတ်ကဲ့ ကျွန်မကတော့ ဘိုလိုပြောတိုင်း၊ ချက်တိုင်း လူကြီး လူငယ်တိုင်းကို Yeah လုပ်နေကျပါ။ ဟုတ် လုပ်နေကျပါ။ ခုတော့ ကျွန်မ ကြိုးစားပြီး Yeah, Yah ကို မဖျောက်နိုင်ရင်တောင် 'ဟုတ်' ကိုတော့ သေချာကြိုးစားပြီး ဖျောက်ပါတော့မယ်ရှင်။

Saturday, November 24, 2007

Wedding Hair Styles

မင်္ဂလာဆောင်တွေလည်း များလာ၊ မင်္ဂလာ ရာသီလည်း ရောက်လာပြီဆိုတော့ မင်္ဂလာ ဆောင်ကြမယ့် မမတွေအတွက် wedding hair styles လှလှလေးတွေကို စုဆောင်းရသေလောက် ဖော်ပြ ပေးလိုက်ပါတယ်ရှင်......

Friday, November 23, 2007

Rhythm 0f Thoughts

ကြော်ငြာချင်တယ် blog တစ်ခု ကြော်ငြာချင်တယ်။ သူငယ်ချင်းတွေ စုပြီး အတွေးတွေကို ချရေးနေတဲ့ blog လေး တစ်ခုပါ။ လူငယ်တွေရဲ့ ရောက်တတ်ရာရာ ခပ်ချာချာ အတွေးတွေနဲ့ blog ကို အလှဆင်ထားတယ်။ ဖတ်ကောင်းတာတွေ ရှိမယ်။ ဖတ်လို့ အနှစ် မတွေ့တာတွေ ရှိမယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်မတို့ သူငယ်ချင်းတွေ ရေးချင်တာကို ရေးနေကြမယ်.. မျှဝေချင်တာကို လွတ်လွတ် လပ်လပ် တွေးပြီး မျှဝေနေကြမယ်... အားလုံးကို လာဖတ်ဖို့ ဖိတ်ခေါ် ချင်ပါတယ်.. Blog author တွေရဲ့ ခပ်ချာချာ အတွေတွေနဲ့ တန်ဆာ ဆင်ထားတဲ့ အတွေး တပ်ပေါင်းစု blog လေး ဖြစ်ပါတယ်.. လိပ်စာက http://rhythm-of-thoughts.myanmarbloggers.org ဖြစ်ပါတယ်။.. သွားရောက် ဖတ်ရှု ဝေဖန် အကြံပြုပေးကြပါ လို့...

Wednesday, November 21, 2007

Trip Photos (2)

ကျွန်မ နယ်ပြန်တုန်းက ရိုက်လာတာလေးတွေကို ဆက်တင်ပါရစေ.....
မာန်အောင်ကျွန်း မှာက ကမ်းခြေဆိုတာ သီးသန့် လုပ်ထားတာမျိုး မရှိဘူးရှင့်.. သူက ကျွန်းဆိုတော့ ဘယ်နေရာ သွားသွား ပင်လယ်ရှိတယ်လေ.. ဒီတော့ ပျော်ပွဲစားထွက်တာတို့ ဘာတိုပ ဆိုရင် ဆိုင်ကယ်လေး စီးပြီး ပင်လယ်ဘက် ထွက်ကြတာပေါ့နော်... ပင့်ဂိုလ်းရိုက်လာတာလေးတွေကို တစ်ချက်လောက် ရှိုးလိုက်ကြပါအုံးးးးးးး

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

ဒါကလမ်းမှာ နွားကျောင်းထွက်လာတဲ့ ဘိုးဘိုးတစ်ယောက်ကို ခွင့်တောင်းပြီး ရိုက်လာတာ

ဒါက အိမ်က ဗိုလ်ချုပ်အောင်ဆန်းပုံ

တောင်ကုတ် ဘုရားကိုးဆူတောင်က ဘုရားကိုးဆူပါ

Why do the girls wanna be beautiful?

ဒီစာလေးကို ရေးဖို့စိတ်ကူး ရနေတာတော့ ကြာပါပြီ။ မရေးဖြစ်တာကတော့ အင်တာနက်တွေ ပြတ်နေ၊ တစ်ခြား အကြောင်းအရာလေးတွေ ရေးလိုက် အလုပ်ကရှုပ်လိုက်နဲ့ မေ့လို့တောင်နေမိပါရဲ့ရှင်. ဟိုနေ့ကမှ ကျွန်မသူငယ်ချင်းတစ်ယောက်က နင်တို့ မိန်းကလေးတွေကလေ တော်တော် လှချင်ကြတာပဲ မိန်းကလေးတိုင်း တူတူချည်းပဲလို့ ဂျီတော့မှာ ပြောသွားမှ ဒီအကြောင်းလေး ရေးဖို့ ပြန်သတိရသွားတာပါ။ မိန်းကလေးတွေ ဘာကြောင့် လှချင်ကြတာလဲ။ ဒီမေးခွန်းကို မိန်းကလေးတိုင်း ရိုးသားစွာ ဖြေကြည့်စေချင်ပါတယ်။ တော်တော် များများကတော့ လှချင်လို့ပေါ့ လို့ ဖြေတတ်ကြပါတယ်။ အိုကေလေ.. ဘာကြောင့် လှချင်တာလဲလို့…..။

ကျွန်မတို့ မိန်းကလေး တွေ လှချင်တာ ဘာကြောင့် ဆိုတာ မိန်းကလေး ချင်းပဲ သိပါတယ်။ အလှပြင် ပစ္စည်းတွေဝယ်၊ အ၀တ် အစားတွေဝယ်၊ ဆံပင်ကအစ ခြေဖျားအဆုံး လှအောင် လုပ်ကြတာ မိန်းကလေး တော်တော် များများပါပဲ။ တစ်ချို့က ကိုယ့်ကို သူများအမြင်မှာ တင့်တယ်စေချင်လို့။ တစ်ချို့ကတော့ ကိုယ့်ကိုကိုယ် confidence ရစေချင်လို့။ တစ်ချို့တစ်ချို့ကတော့ ဘာရယ် ညာရယ် မဟုတ် အလှပြင်တာကို ၀ါသနာပါလို့ စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။ ယောင်္ကျားလေးတွေ ကတော့ မိန်းကလေးတွေ လှချင်တာ သူတို့တွေ ရှိနေလို့ ဆိုပဲ။ တစ်ချို့တွေ အတွက် ဟုတ်ချင် ဟုတ်မှာပါ။ ဒါပေမယ့် မိန်းကလေး တော်တော်များများ လှချင်တာ မိန်းကလေးတွေ ရှိနေလို့ပါပဲ လို့ ကျွန်မကတော့ ဆိုချင်ပါတယ်ရှင်။

ဆိုကြပါစို့ ကျွန်မတို့ အ၀တ်အစားတွေ ၀ယ်ကြတယ်။ မိတ်ကပ် နုတ်ခမ်းနီတွေ လိမ်းကြ ဆိုးကြတယ်။ ဒိမိန်းကလေး အင်္ကျီ ဘယ်လောက်တန် ၀တ်ထားတယ်၊ ဘာ cosmetic လိမ်းထားတယ် ဆိုတာ မိန်းကလေး အချင်းချင်းပဲ စိတ်ဝင် စားကြတာပါ။ ဒီတစ်ယောက်က ဒါလေးဝတ်လို့ လှရင် " ဟယ် နင်ဝတ်ထားတာလေး ကလှလိုက်တာ ဘယ်လောက်ပေးရလဲ ဘယ်မှာဝယ်ရလဲ ငါလည်း နင့်လို ၀တ်ပြီး လှချင်တယ်" ဒါမျိုးတွေကို မိန်းကလေး ချင်းချင်းပဲ ပြောကြတာပါ။ ငါ့မှာတော့ ဒီနေ့ Gucci အိတ်ကလေး ၀ယ်လာတယ်။ နောက်နေ့ကျမှ သူငယ်ချင်းတွေကို လိုက်ကြွားအုံးမယ် စတဲ့ စကားတွေဟာလည်း မိန်းကလေး ချင်းချင်းပဲ ပြောတာပါ။ ဒါတွေကို ပလန်းနက်က ဖို၇မ်မှာ မမဟနစံ လည်းတစ်ခါ ရေးဖူးပါတယ်။

ယောင်္ကျားလေးတွေ အလကားသက်သက် ဘ၀င်လေခိုက် နေစရာ မလိုပါဘူး။ မိန်းကလေးတွေ မိန်းကလေး ချင်းချင်း ရှိလို့ လှနေကြတာကို လိုက်လိုက်ကြည့်ပြီး လှတယ် ချစ်စရာ ကောင်တယ် နောက်ကလိုက်ပြောနေတဲ့ အမျိုးသားတွေကတော့ သူတို့စိတ်နဲ့ သူတို့ ထင်မှတ်မှား ကြတာပဲ ဖြစ်ပါ လိမ့်မယ်လို့ ကျွန်မကတော့ ထင်မြင်မိပါတယ်။ မိန်းကလေး တစ်ယောက် ဘယ်လိုလှနေတယ်၊ သူကတော့ မိတ်ကပ်ကို ပါးပါးလေးနဲ့ ဘယ်လိုလှအောင် ပြင်ထားတယ်၊ ဆံပင်ကိုတော့ စတိုင်လ် ကျအောင် ဘယ်လို ညှပ်ထားတယ် စတာကို မိန်းကလေး အချင်းချင်းပဲ စိတ်ဝင် တစ်စားလိုက်ကြည့်၊ လိုက်လုပ်ကြည့်ကြတာပါ။ ဘယ်ယောင်္ကျားလေး ကမှ အသေးစိတ် လိုက်ကြည့်နေတာ မဟုတ်ပါဘူး။ သူတို့အတွက်က အလှအပကို ခံပဲ ခံစား တတ်တာလို့ ထင်ပါတယ်။

ဒါကြောင့် ထပ်ပြီး ပြောချင်တာက မိန်းကလေးတွေ လှချင်တာ လောကကြီးမှာ မိန်းကလေးတွေ ရှိနေလို့သာ ဖြစ်ပါတယ်ရှင်။ အားလုံး လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။ ပြန်လည်ပြောဆို ချက်များကိုလည်း ကြိုဆိုပါတယ်။ ကျွန်မတို့ မိန်းကလေးတိုင်းလည်း ကိုယ့်ဟာကို ဘာကြောင့် လှချင်နေ၊ လှအောင် ပြင်နေကြရတာလဲ ဆိုတာ တစ်ချက်လောက် တွေးစေချင်ပါတယ်။

Tuesday, November 20, 2007