Saturday, September 22, 2007

Wearing Perfume for the others!

တစ်ခြားသူတွေကို လက်ဆောင်ပေးဖို့ ရေမွှေးဝယ်ချင်တယ်ဆိုရင်တော့ တစ်ခါတစ်ရံမှာ ခက်ခဲနိုင်ပါတယ် မိန်းကလေးတွေအတွက် ရွေးချယ်တဲ့အခါ သူတို့ တွေနဲ့ သဟဇာတဖြစ်ဖို့ လိုပါတယ် ပြီးတော့သူနဲ့ လိုက်ဖက်မဲ့ ရနံ့ မျိုးသိထားရပါမယ် အမျိုးသမီးလေးတွေနဲ့ လိုက်ဖက်မယ် ရေမွှေးရနံ့ မျိုးတွေကတော့

ပန်းနံ့ တစ်မျိုးတည်းပါတဲ့ရနံ့  (စံပယ်ပန်း၊ နှင်းဆီပန်းနံ့ တစ်မျိုးတည်းသာပါတဲ့ ရနံ့ )
အရှေ့တိုင်းဆန်တဲ့ ရနံ့  ( ကတိုးကောင်နဲ့  သစ်မြစ်များမှရသော စူးရှတဲ့ ရနံ့ )
ပန်းပေါင်းစုံပါဝင်သော သင်းပျံ့ ချိုအီတဲ့ရနံ့ 
လန်းဆန်းတက်ကြွမှု ဖြစ်စေတဲ့ရနံ့ 
သံပုရာသီးကဲ့သို့  အသီးတစ်မျိုးတည်း (သို့ ) ပိုပြီးပါဝင်တဲ့ရနံ့ 
အနံ့ မပြင်းသော သစ်ခွပန်းကဲ့သို့ ပန်းများရဲ့ ရနံ့ 
သစ်မြစ်၊ ဥစ်ဖုများနဲ့  ရေညှိပင်များမှရရှိသော အဆီအနှစ်များနဲ့ ထုပ်လုပ်ထားသောရနံ့ 

ပြီးတော့ ကိုယ်ပေးချင်တဲ့လူတွေရဲ့ အသက်အရွယ်ပေါ်မူတည်ပြီးတော့လည်း ရွေးချယ်ပေးနိုင်ပါသေးတယ် သစ်မြစ်၊ ဥစ်ဖုများရဲ့ ရနံ့ များပါဝင်တဲ့ ရေမွှေးတွေဟာ လန်းဆန်းတက်ကြွ စေတဲ့အတွက် စိတ်ကူးထဲကသူကို လက်ဆောင်ပေးဖို့ ရည်ရွယ်နိုင်ပါတယ်

အရှေ့တိုင်းဆန်တဲ့ ရေမွှေးမျိုးကိုတော့ လူကြီး လူကောင်းများအတွက် ရည်ရွယ်နိုင်ပါတယ်
အစိမ်းရောင်ပါတဲ့ ရေမွှေးရနံ့ ကတော့ လက်ဆောင်ပေးဖို့ အလွန်ကောင်းပြီး ၀တ်စုံကောင်းတစ်စုံကို ၀တ်ဆင်ထားသလို ကိုယ်ရည် ကိုယ်သွေးတောက်ပစေပါသတဲ့
လူငယ်တွေကြားမှာ သီးခြားဖြစ်စေဖို့  ပိုပြီးပေါ်လွင်စေနိုင်တဲ့ရနံ့ ကတော့ ပင်လယ်ကိုကြည့်ပြီး ခံစားရစေနိုင်သလိုမျိုး တက်ကြွတဲ့ရနံ့ မျိုးတွေနဲ့ အတူ လွပ်လပ်တဲ့နေ့ တွေကို ဖြတ်သန်းရသလို ခံစားရစေနိုင်တဲ့ ရနံ့ မျိုးဖြစ်ပါတယ်

သစ်သီးပါတဲ့ ရနံ့ မျိုးကတော့ အမျိုးသမီးတွေအတွက် ပူနွေးတဲ့ရာသီမှာ သင့်တော်ပါတယ် ပန်းရနံ့ ပါတဲ့ ရေမွှေးကလည်း ကွဲပြားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါသည်တဲ့

Wednesday, September 19, 2007

Kinds Of Fragrance

ရှေ့မှာတုန်းက ရေမွှေးမှာ EDP EDT and EDC ဆိုပြီးသုံးမျိုး ရှိတယ် ဆိုတဲ့အကြောင်း ပြောခဲ့တယ်လေ ရေမွှေး အမျိုးမျိုးရှိတဲ့ အထဲကမှ ဘယ်ရေမွှေးကို သုံးရမှန်းမသိ ဘယ်ရေမွှေး အမျိုးအစားက ပိုကောင်းမယ်မှန်းမသိ မဖြစ်ရအောင် နည်းနည်းလောက်ထပ်ပြောမယ်နော်။

Eau De Perfume

အားလုံး သိကြတဲ့အတိုင်းပါပဲ ရေမွှေးဆီကို အများဆုံး အသုံးပြုထားတဲ့ ရေမွှေးအမျိုးအစား ဖြစ်ပါတယ်။ ဒီရေမွှေးကတော့ တော်တော်လေးကို ကြာကြာရှည်ရှည်လေး ရနံ့စွဲစေပါတယ်။ တစ်ချို့ အမျိုးအစားတွေဆိုရင် ၂၄ နာရီပတ်လုံးတောင် ရနံ့စွဲထင် နေစေပါသတဲ့။ ဒါကြောင့် သိပ်အကုန်အကျမများစေပဲ ကြာရှည်စွာ ရနံ့စွဲကျန်ရစ် စေဖို့ဆိုရင် ဒီလိုရေမွှေးမျိုးက သင့်တော်ပါတယ် ။

Eau De Toilette

ဒီရေမွှေးမျိုးကတော့ ပေါ့ပါးတဲ့ရနံ့မျိုးဖြစ်ပါတယ်။ သိပ်အကြာကြီးမခံပါဘူး ။ တစ်ချို့တွေကတော့ ရေချိုးတဲ့အခါထည့်ချိုးဖို့လောက်ပဲ သုံးတတ်ကြပါသတ။ဲ့ လူချမ်းသာတွေ ဖြစ်မှာပေါ့နော်။ ရေမွှေးကိုတောင်ရေထဲ ထည့်ပြီချိုးတယ် ဆိုတော့။ သူက ရေမွှေးဆွတ်ပြီး ၃ နာရီလောက် အတွင်းမှာ ရနံ့ပျက်ပြယ်တတ်ပါတယ်။ ဒီလိုရေမွှေးမျိုးကို စစချင်း ဖော်စပ်တုန်းကတော့ အလုပ်ထဲမှာပဲဖြစ်ဖြစ် ငြီးငွေ့လာတဲ့အခါ လန်းဆန်းသွားစေဖို့ တစ်တို့ နှစ်တို့လောက် ဆွတ်ပေးဖို့ ရည်ရွယ်ခဲ့တာပါတ။ဲ့ ဒါပေမယ့်လေ နောက်ပိုင်း သတိထားမိ သလောက်ကတော့ ရေမွှေးတွေဟာ EDT တွေပဲဖြစ်လာကြတယ်။ သူကရနံ့စွဲထင်စေဖို့ ခဏ ခဏ ဆွတ်ပေးရတော့ ရေမွှေးအကုန်မြန်တော့လေ ရေမွှေးထုတ်တဲ့သူတွေက သူတို့ရေမွှေးတွေ များများရောင်းကောင်းအောင် လူလည်ကျပြီး ထုတ်တာနေမှာပေါ့နော်။

Eau De Cologne

ဒီရေမွှေးမျိုးကလည်း သိပ်အကြာကြီးမခံပါဘူး ။ သူကပိုပြီးတော့တောင် ခဏ ခဏ ဆွတ်ပေးရသေးတယ။် နပိုလီယံကတော့ ဒီလိုရေမွှေးမျိုးကို သိပ်ကြိုက်တယ်ဆိုပဲ။ ဒါပေမယ့် ရေမွှေးထုတ်တဲ့ သူတစ်ချို့ကတော့ ဒီလိုရေမွှေးမျိုးဟာ Standard ရေမွှေးမျိုး မဟုတ်တဲ့အတွက် သိပ်ပြီးတော့မထုတ်လုပ်ကြတော့ပါဘူး။

ရေမွှေး ကောင်းကောင်းလေးတွေ ရွေးဝယ်နိုင်ကြ ပါစေရှင်။

How to persuade the others.!

တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေပဲ စိတ်ပြောင်းလာစေသော နည်းများ

မိတ္တဗလဋီကာ ဆိုတဲ့ စာအုပ်ကို လူတိုင်းကြားဖူးကြမှာပါ။ လူတော်တော်များများလည်း ဖတ်ဖူးကြပါလိမ်မယ့်။ ကျွန်မတို့ရဲ့ လူမှုဘ၀အတွက် တစ်ကယ်လိုအပ်တဲ့ အချက်အလက်တွေ အကြောင်းအရာတွေကို စုစည်းရေးသားထားတဲ့ စာအုပ်လေးမို့လို့လည်း ကမ္ဘာမှာ Best Seller ဆိုတဲ့ စာအုပ်တစ်အုပ် ဖြစ်နေတာပေါ့ရှင်။ ကျွန်မလည်း ဒီစာအုပ်လေးကို ဖတ်ရတာ တော်တော် အရသာတွေ့ပါတယ်။ ဦးနုရဲ့ ဘာသာပြန်ဆိုချက်တွေက ကောင်းလွန်းလှသလို၊ လူတိုင်းအတွက်လည်း အသုံးဝင်၊ တန်ဘိုးထားအပ်တဲ့ အကြောင်းအရာတွေ ကြောင့် မြန်မာ့ စာပေလောကမှာလည်း နာမည်ကြီးရတာပေါ့ရှင်။ ဒီစာအုပ်ထဲမှာ ပါတဲ့ စိတ်ဆိုးပြေတဲ့ နည်းလမ်းလေးတစ်ချို့ကို ကျွန်မဖောက်သည်ချချင် မိပါရဲ့။ ဖတ်ဖူးကြသူတွေလည်း ပြန်မှတ်မိအောင်၊ မဖတ်ဖူးကြသူတွေလည်း ဖတ်စရာ အသစ်တိုးအောင် ကျွန်မဒီပိုစ့်လေးကို တင်လိုက်ရပါတယ်ရှင်။

  1. ချီးမွမ်းခြင်း၊ ရိုးသားစွာ ချီးကျူးခြင်း တို့ဖြင့်စ၍ ပြောပါ။
  2. တစ်ဖက်သားတို့၏ အပြစ်များကို သွယ်ဝှုက်သောနည်းဖြင့် သတိရအောင် ပြုလုပ်ပါ။
  3. တစ်ဖက်သားကို အပြစ်မပြောမီ သင့်၏ အပြစ်များကို ဦးစွာဖော်ပြပါ။
  4. တိုက်ရိုက်သြဇာပေးမည့် အစား၊ လိုရင်းကိစ္စကို ပြီးစေမည့် မေးခွန်းများကို မေးပါ။
  5. တစ်ဖက်သားအား သူ့ဂုဏ်သူ ပြန်ဆယ်ပါစေ။
  6. တစ်ဖက်သား၏ တိုးတက်မှု အနည်းအများကို ပဓါနမထားပဲ ချီးကျူါ်ပါ။ ထိုသို့ချီးကျူးသောအခါ ရက်ရက် ရောရော ရှိပါစေ။
  7. တစ်ဖက်သားကို သိဒ္ဓိတင်ပါ။
  8. အားပေးစကားကို ပြောကြားပါ။ သင်ပြင်လိုသော တစ်ဖက်သား၏ အမှားသည် ပြင်ရန်လွယ်ကူသည်ဟု တစ်ဖက်သား သဘောပေါက်အောင် ပြောပါ။ သင်လုပ်စေချင်သော အလုပ်မှာ လုပ်ရန်လွယ်ကူသည့် အကြောင်းကိုလည်း တစ်ဖက်သား သဘောပေါက်ပါစေ။
  9. သင်လုပ်စေလိုသော အလုပ်ကို တစ်ဖက်သားသည် ၀မ်းမြောက် ၀မ်းသာစွာနဲ့ လုပ်ချင်လာအောင် ခိုင်းပါ။

မှန်ကန်တဲ့ နည်းလေးတွေနဲ့ အများအပေါ် လွှမ်းမိုးနိုင်ကြပါစေရှင်။

Monday, September 17, 2007

Cute Coincidence

<a onblur="try {parent.deselectBloggerImageGracefully();} catch(e) {}"
href="http://img241.imageshack.us/img241/3170/image011ok4.jpg">

Type the rest of your post here.

Cute Coincidence

href="http://img241.imageshack.us/img241/3170/image011ok4.jpg">

Type the rest of your post here.

Friday, September 14, 2007

Wearing Perfume (for men)

-လူတစ်ယောက်ရဲ့ အနံ့ခံအာရုံဟာ မနက်စောစောပိုင်းအိပ်ယာထချိန်မျိုးမှာ ပိုပြီးအာရုံခံ ကောင်းပါတယ်။ အ၀တ်အစားဝတ်တဲ့အချိန်မှာ ဂရုစိုက်ပြီးရေမွှေးကိုရွေးဆွတ်ပါ။ မုတ်ဆိတ် ရိတ်ပြီးတဲ့အချိန်မှာလည်း မိမိအနံ့မကြိုက်တဲ့ ရေမွှေးမျိုးကို အသုံးမပြုဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိမိလည်းအနံ့ ခံမရ၊ မိမိလည်းမကြိုက်တဲ့ အနံ့မျိုးကို မိမိသွား လာနေထိုင်၊လုပ်ကိုမယ့် ပတ်ဝန်းကျင်ကလည်း ကြိုက်ပါ့မလားလို့ စဉ်းစားဖို့ကောင်းပါတယ်။

ရေချိုးခန်းတွေမှာ သုံးတဲ့ရေမွှေးမျိုးဟာ အလွန်အနံ့ပြင်းပါတယ်။ အချိန်အတန်ကြာအောင် လည်းအနံ့စွဲနေတတ်တယ်။ အဲဒီအမျိုးအစားရေမွှေးကို သုံးရင်ဘယ်လောက်သုံးမယ် ဆိုတာ စဉ်းစားပြီးသတိထားသုံးပါ။ ကြိုက်လို့သုံးရင်လည်း လက်ကောက်ဝတ်၊ လည်ပင်းနဲ့ တံတောင် ဆစ်တွေမှာ နည်းနည်းလေးပဲဆွတ်ပါ။ များများဆွတ်မယ်ဆိုရင် ခြေထောက်ကိုစပြီးဆွတ်ပါ။ ဒါမှ အနံ့ဟာ အပေါ်ကိုတက်လာပါလိမ့်မယ်။

-ရေမွှေးကို များများဆွတ်မိလို့ စိတ်ညစ်မသွားပါနဲ့။ ရေမွှေးမှာ သွေ့ခြောက်မြန်စေတဲ့ အရက် ပြန်ပါပါတယ်။ဒါကြောင့် နာရီပိုင်းအတွင်း ခြောက်သွားပြီး အနံ့စူးရှလွန်းတာလည်း ဖျော့ သွားပါလိမ့်မယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော၊ အမျိုးသမီးတွေ ကျေနပ်နှစ်ခြိုက်ဖို့အတွက်ရော၊ မိမိရဲ့ကိုယ်စိတ်နှလုံး ကြည်လင်လန်းဆန်းနေဖို့ အတွက်ရော မွှေးကြိုင်နေရပါမယ်။ အမွှေးနံ့ ဟာ စိတ်ကို လန်းဆန်းတက်ကြွစေတာလည်း အမှန်ပါပဲ။

အဲဒီလို အသုံးပြုတဲ့အခါမှာ စူးရှလွန်းတဲ့ရေမွှေးမျိုး အထူးသဖြင့် ကတိုးဆီကို အလွန်အကဲ သုံးထားတဲ့ အမွှေးနံ့မျိုးကိုမသုံးကြဘဲ ခေတ်နဲ့အညီ လူကြိုက်များတဲ့ သင်းပျံ့တဲ့အမွှေးနံ့ မျိုးကိုသာ အသုံးပြုသင့်တယ်။

Making Own Perfume

ကျွန်မတို့ဟာရေမွှေးတွေကို ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ် စိတ်ဝင်စားမယ်ဆိုရင်လုပ်ကြည့်နိုင်ပါတယ် လိုအပ်တာကတော့ အမွှေးဆီတွေပေါ့နော် အမွှးဆီတွေကိုသာ စုဆောင်းနိုင်မယ်ဆိုရင် အိုကေပြီပေါ့ မြန်မာနိုင်ငံမှာဝယ်လို့ရ မရတော့သေချာမသိပါဘူး နိုင်ငံခြားတွေမှာဆိုရင်တော့ ရကောင်းရနိုင်ပါတယ် ကဲရေမွှေးပြုလုပ်နည်းအမျိုးမျိုးကိုပြောတော့မယ်နော်
ပထမနည်းကတော့ အရမ်းကိုလွယ်ပါတယ် လိုအပ်တာကတော့ ရေသန့်သန့်နှင့် မွှေးပျံ့တဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ပန်းလေးတွေပေါ့နော် ရေသန့်သန့်မတ်ခွက် (၃) ခွက်လောက်နဲ့ ပန်းပွင့်ကတော့ မတ်ခွက်တစ်ခွက်ခွဲလိုအပ်ပါတယ် ပြီးတော့ပန်းပွင့်လေးတွေကို သေသေချာချသာစိတ်ပြီးရေနဲ့ရောထားလိုက်ပါ(သေးသေးလေးတွေ ဖြစ်သွားတဲ့အထိ စိတ်ပါ) ၁၂ နာရီကနေ ၁၅ နာရီလောက်ထိကြာအောင်ထားပြီးရင်တော့ ရေမွှေးရပြီပေါ့ လွယ်တယ်နော်
နောက်တစ်မျိုးပို ထပ်ပြောပါဦးမယ် နည်းနည်းတေ့ခက်တယ် ခက်တယ်ဆိုတာက မွှေးရနံ့တွေကိုအရင် စုဆောင်းရမှမို့ပါ လိုအပ်တာတွေကတော့ စန္ဒကူးအဆီ နှစ်စက်ကနေ ၅ စက် ၊ ကတိုးကောင်ရဲ့အဆီ နှစ်စက် ကနေ ၅စက် ၊ Jojoba Oil ၂စက်ကနေ ၃စက်လောက်ထိကို တစ်ဆင့်ပြီး တစ်ဆင့်သေသေချာချာရောစပ်ရပါမယ် ပြီးတော့ပုလင်းတစ်လုံးထဲမှာထည့်ပြီး ၁၂ နာရီလောက်ကနေ ၁၅ နာရီလောက်ထိကြာအောင် မှောင်ပြီး ခြောက်သွေ့တဲ့နေရာမှာထားပါ ပြီးရင်တော့ကိုယ်တိုင်လုပ်တဲ့ရေမွှေးကိုရပြီပေါ့
အခုပြောမှကတော့ နည်းနည်းလေးထူးခြားပါတယ် ပထမဦးဆုံးရွာတဲ့ မိုးရေစက်တွေနဲ့ပြုလုပ်ရမှပါ ပေါင်းခံထားတဲ့ရေ ၂ခွက် သုံးခွက်လောက်ကို ဗော့တကာအရက် လက်ဖက်ရည်ဇွန်း ၃၊၄ ဇွန်းလောက်ရောပါ ပြီးတော့ စန္ဒကူးအဆီ ၃၊ ၄ စက်လောက်ရောပါ ပြီးတော့ကိုယ်နှစ်သက်တဲ့ အနံ့လေးတွေလည်း ၂စက် ၃စက်လောက်ရောနိုင်တယ်နော် ပြီးတော့မှ ပုလင်းထဲထည့်ပြီး အပေါ်မှာပြောထားတဲ့ အချိန်လောက်ကြာကြာထားရင် ရေမွှေးရပါပြီ A Drop In The Rain လို့နာမည်ပေးလိုက်ပါမယ်
ကိုယ်နှစ်သက်တဲ့ မွှေးရနံ့ဆီလေးတွေကို အထက်မှာပြောတဲ့ သေသေချာချာရောလိုက်ပြီး နာရီကြာကြာလေးလည်းထားလိုက်မယ်ဆိုရင် ကိုယ်တိုင်လုပ် ရေမွှေးလေးတွေကို သုံးလို့ရပြီပေါ့နော်

Thursday, September 13, 2007

Romance of Perfume

လွန်ခဲ့သော နှစ်ပေါင်း များစွားကတည်းက ရေမွှေးတွေကို တစ်ခြားသောလူတွေ သတ္တ၀ါတွေကို သွေးဆောင် သိမ်းသွင်းဖို့ အသုံးပြုခဲ့ကြပါတယ။် ၁၈ ရာစုလောက်တုန်းက ဘုရင်ဂျော့ III က ပြည့်တန်ဆာမတွေဟာ အမျိုးသားတွေကို သွေးဆောင် ဖြားယောင်းဖို့ အတွက်ရေမွှေးတွေကို သုံးကြတယ်ဆိုတာ သိသွားပြီး ရေမွှေးဟာ မှော်ပညာတစ်မျိုး ဖြစ်တယ်ဆိုပြီး ရေမွှေးတွေကို အကြီးအကျယ် ပိတ်ပင်တားဆီးခဲ့ ပါသေးတယ။် သို့ပေမဲ့နောက်ပိုင်းမှာ ရေမွှေးထုတ်လုပ်တဲ့သူတွေက ရေမွှေးဟာမှော်ပညာနဲ့  လုပ်ထားတာ မဟုတ်ကြောင်း သိပ္ပံနည်းကျ လက်တွေ့ ပြသခဲ့ပြီးတဲ့နောက်မှာ ရေမွှေးထုတ်လုပ်မှုဟာ ပြန်လည်ကျယ်ပြန့် လာခဲ့ပါတယ်။

ရေမွှေးတွေဟာ တစ်ကယ်ပဲ ချစ်ရေးချစ်ရာနဲ့ ပတ်သက်လာရင် အထောက်အကူဖြစ်တယ်ဆိုတာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကြော်ငြာတွေများလားဆိုတာ အရင်တုန်းကသံသယ ဖြစ်ခဲ့ကြပါသေးတယ်။ ကျွန်မတို့တွေ အနံ့တစ်ခုကို ရှုရှိုက်လိုက်တဲ့အခါ ထိုရနံ့ဟာ နာဗ့်ကြောလေးတွေကနေတစ်ဆင့် ဦးနှောက်ထဲမှာရှိတဲ့ Limbic System ဆီသို့ သတင်း အချက်အလက်ပေါင်း မြောက်များစွာကို ပို့ဆောင်ပေးပါ တယ။် Old Brain လို့ခေါ်တဲ့ ၄င်း System ဟာအလိုအလျောက် ဖြစ်ပေါ်တတ်တဲ့ စိတ်လှုပ်ရှားမှုတွေ၊ လိင်ခံစားမှုတွေနဲ့ ရန်လိုမှုတွေကို ကြိုမြင်နေတတ်ပါတယ်။ စံပယ်ပန်းရနံ့ နှင့် ဗယ်နီလာ (vanilla) တို့ ဟာ လိင်နဲ့ ပတ်သက်တဲ့ စိတ်ခံစားမှုဖြစ်အောင် လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။ ပြောရမယ်ဆိုရင် ကျွန်မတို့တွေ ဒီလိုစွဲမက်ဖွယ်ကောင်းတဲ့ ရနံ့တွေကို ကြိုက်နှစ်သက်မှုဟာ ချွေးကနေတစ်ဆင့်ဖြတ်သန်းသွားတဲ့ pheromone လို့ခေါ်တဲ့ မမြင်နိုင်တဲ့အနံ့မော်လီကျူးလီးတွေကြောင့် ဖြစ်ပါတယ်။ Pherin ဆိုတာဂရိဘာသာစကားဖြစ်ပြီး သယ်ဆောင်တယ်လို့ ခေါ်ပါတယ်။Hormone ကတော့ စိတ်လှုပ်ရှားမှုဖြစ်ပြီး sexual communication မှာသူက အဓိကတာဝန်ယူ ဆောင်ရွက်ပေးတာဖြစ်ပါတယ်တဲ့။

သဘာဝအားဖြင့်တော့ လူတွေရဲ့ချွေးမှာရှိတဲ့ acidic nature မတူညီတာကြောင့် pheromones အားလုံးဟာ မတူညီကြပါဘူး။ အမျိုးသားတွေရဲ့ ၄င်းအနံ့ မော်လီကျူးလေးတွေဟာ အမျိုးသမီးတွေထက်စာရင် ကတိုးနံ့ ပိုပြီးပါဝင်ပါတယ။် ကတိုးနံ့နဲ့ စန္ဒကူးနံ့ တွေဟာ အမျိုးသမီးတွေကို ချစ်ရေးချစ်ရာနဲ့  ပတ်သက်လာရင် ပိုပြီးတော့ ဆွဲဆောင်နိုင်တယ်လို့ ပြောကြပါတယ။် ရေမွှေး ထုတ်လုပ်တဲ့သူတွေဟာ ရှားပါးတဲ့ တိရိတ္ဆာန်တွေဖြစ်တဲ့ ကြောင်ကတိုး၊ ကတိုးနဲ့ ဦးခေါင်းကနေ ဖယောင်းပါတဲ့ ဆီတစ်မျိုး ထုတ်ယူလို့  ရတဲ့ ဝေလငါးတွေကို ရှာဖွေကြပါတယ။ အဲဒီကနေရတဲ့ အနံ့တွေဟာ လူတွေရဲ့ ရာဂ ခံစားမှုကို ဖြစ်ပေါ်စေပါတယ်တဲ့။ Exotic and romantic Perfume တွေကို စန္ဒကူး၊ စံပယ် နဲ့ ylang-ylang ခေါ်တဲ့အပင်ငယ်လေးတို့ ကနေဖန်တီးယူထားတာပါ။ အီဂျစ်၊ ဂရိနဲ့  ရောမက လူတွေဟာ နတ်ဘုရားတွေကို ပူဇော်ပသဖို့ တင်မဟုတ်ပဲ ထိုသို့ ဆွဲဆောင်နိုင်ရန်အတွက် ရေမွှေးအမျိုးမျိုးကို ထုတ်လုပ်ကြပါတယ်။ အခုဆိုရင် ကျွန်မတို့ တွေဟာရေမွှေးတွေကို တော်တော်လေးကို နှစ်သက်နေတတ်ကြပါပြီ။ ပြီးတော့လည်း ကျွန်မတို့ တွေဟာ အဲသလို ရေမွှေးဆီတွေနဲ့  ကိုယ်တိုင်တောင် ရေမွှေးတွေ လုပ်လို့ ရပါသတဲ့။

ကဲ စိတ်ဝင်စားရင်တော့ ကတိုးကောင်တွေ ဝေလငါးတွေ စန္ဒကူးတွေရှာပြီး ရေမွှေးလေး ဖော်စပ်ကြပေါ့နော။

Monday, September 10, 2007

Love Poem (1)

ချစ်သူ

ငါနဲ့ဝေးသွားခဲ့ရင်လွမ်းဖွယ်တေးတွေမသီလေနဲ့

မင်းအသိ မင်းအာရုံထဲ

ငါ့ပုံရိပ်တွေရောက်မလာစေနဲ့

ငါတို့လျှောက်ခဲ့တဲ့လမ်းတွေကိုလည်း

လွမ်းဆွတ်တ သ စွာမအောက်မေ့လေနဲ့

ဒါပေမယ့်

ထပ်တူညီနေမယ့်နေ့စွဲလေးတွေကိုတော့

မိုးပေါက်တွေ နှင်းစက်တွေစိုစွတ်ပါစေ

မင်းအမှတ်ရချင်လည်းရပါလေ

မင်းမေ့ချင်လည်းမေ့ပေါ့။

ငါလည်းခပ်ဝေးဝေးတစ်နေရာမှာ ငြိမ်သက်နေမယ်

ငါ့ရင်ဘတ်ထဲကချုပ်ရိုးအနာကျက်တဲ့အထိပေါ့

ဒါပေမယ့်လည်းလေ

မင်းရင်ထဲကရေလှိုင်းဒဏ်တွေ

ငါ့ထံကို ရိုက်ခတ်လာတာမှမဟုတ်ဘဲ

ဥသြငှက်ရဲ့ အသဲကွဲတေးသံ

အထီးကျန်စွာငါဆိုနေတာမှမဟုတ်ဘဲ

မင်းနဲ့ ဝေးရ ပြီးတဲ့နောက်

ငါ့ရဲ့ပတ်ဝန်းကျင်ဟာ

မတ်လရဲ့နေ့တစ်နေ့လို

ခြောက်သွေ့အက်ကွဲနေခဲ့တယ်

နေမ၀င် နေမထွက်တဲ့ဆည်းဆာမှာ အိမ်မက် မက်ပြီး

ငါတို့ရဲ့အဖြစ်အပျက်တစ်ချို့ကို

ငါအမှတ်ရချင်လည်းရမယ်

မေ့ချင်လည်းမေ့မယ်

ဒီကမ္ဘာမြေပေါ် ငါရှင်သန်နေရတဲ့အချိန်တွေမှာ

မင်းကိုဟိုးအဝေးဆုံးရောက်စေတဲ့ကံကြမ္မာနဲ့

ဟိုးအဝေးတစ်နေရာမှာခိုအောင်းနေတဲ့

ငါတို့ရဲ့သိမ်မွေ့တဲ့အချစ်ဝိဥာဉ်တို့အတွက်

မင်းရှိတဲ့မိုးတိမ်ဖြူဖြူ ကောင်းကင်ပြာပြာ

ဒါမှမဟုတ်

ကြယ်ကလေးတွေနဲ့ လမင်းကြီးဆီမှာ

ငါလွမ်းဆွတ်ခဲ့ရတာလေးတွေကို

မင်းခွင့်ပြုခဲ့ရင်

ငါ့မျက်လုံးအစုံမှာမင်းတွေ့နေကြ

သန့်စင်စွာ ကြင်လင်စွာတောက်ပနေတဲ့

ချစ်ခြင်းတွေယောယှက်နေတဲ့သံယောဇဉ်လေးတွေကို

မင်းသတိတရ အသိအမှတ်ပြုပေးပါ

မင်းနဲ့ ဝေးကွာခဲ့ရလို့

ကုမရတဲ့ငါ့ရဲ့ ကြာရှည်နေတဲ့ဒဏ်ရာမှာ

ငါမင်းကိုတမ်းတ နွမ်းလျတဲ့ အခါ

ငါ့ရဲ့ချစ်ခြင်းတစ်စွန်းတစ်ကို

မင်းမြင်ခွင့်ရတာပါပဲ

နောက်ပြီးငါ့အတွက်

ကံကြမ္မာဆီကိုဆုတောင်းပေးပါ

အဲဒါကတော့

ငါ့ဆီကမင်းကို အဝေးဆွဲခေါ်သွားတာ

မင်းရှိတဲ့အဲဒီအဝေးဆီကိုပဲ

ငါ့ကို

နောက်တစ်ကြိမ်ဆွဲခေါ်သွားပါလို့..

Saturday, September 8, 2007

Mind-set of perfume users (men)

ကဲ ဟောဒါက အမျိုးသားတွေ အတွက်ပါရှင်။

လီမွန်ရနံ့သင်းသင်းလေးတွေနဲ့ spicy ဖြစ်တဲ့ရနံ့မျိုးကို ကြိုက်နှစ်သက်တတ်တဲ့ သူမျိုးတွေကတော့ အကောင်းမြင်ဝါဒ သမားတွေပေါ့ လုပ်ရည်ကိုင်ရည် ကြံရည်ဖန်ရည်ရှိပြီး တာဝန်တွေကိုလည်း မြန်မြန်ဆန်ဆန်ပဲပြီးအောင် လုပ်တတ်ပါတယ် ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ သူမျိုးလည်းဖြစ်ပါတယ် သူဟာ အပြောင်အလဲတွေ စိတ်လှုပ်ရှားမှုတွေကိုလည်း နှစ်သက်တတ်သူတစ်ဦးဖြစ်ပါတယ်

အရှေ့တိုင်းဆန်တဲ့ ရနံ့မျိုးကို ကြိုက်နှစ်သက်တဲ့အမျိုးသားတွေကတော့ တစ်ကိုယ်တည်းနေထိုင်မှုကို သဘောကျသူမျိုးဖြစ်ကြပါတယ် သူများတွေကို အားကိုးလိုစိတ်နည်းပါးပါတယ် သူရဲ့စိတ်ကတော့ တစ်ခါတစ်လေမှာ နုညံ့ပြီး ခံစားမှုလွယ်တတ်ပါတယ် အပေါ်ယံဆက်ဆံရေးတွေကို သိပ်ပြီးသဘောတွေ့ တတ်တဲ့သူမျိုး မဟုတ်ပါဘူး လေးလေးနက်နက်မထားပဲပြောင်းလဲလွယ်တဲ့ သူမျိုးကိုလည်း သူကမကြိုက်တတ်ပါဘူးတဲ့

ရနံ့ အေးအေးလေးတွေ ပေါ့ပါးတဲ့ရနံ့ မျိုးလေးတွေကြိုက်တတ်တဲ့သူမျိုးကတော့ အမြဲတမ်းပဲ လန်းဆန်းတက်ကြွနေတတ်ပြီး အနုပညာဆန်တဲ့ စိတ်ကူးစိတ်သန်းလေးတွေရှိနေတတ်ပါတယ် ဂီတကိုလည်း စိတ်ဝင်စားပြီး ခေတ်ဆန်မှုကိုသဘောကျတတ်ပါသတဲ့ ငြီးငွေ့ ဖွယ်ကောင်းတဲ့နေ့ စဉ်ဘ၀ကို အမြဲတမ်းပဲ ပျော်ရွှင်ဖွယ်ရာဖြစ်အောင်လည်း ဖန်တီးနေထိုင်ပါသတဲ့ ဖက်ရှင်ကျကျနေထိုင်ရတာကို သဘောတွေ့ ပြီး သူ့ ကိုယ်သူလည်း ထင်ထင်ပေါ်ပေါ်ဖြစ်အောင် ဖန်တီးတတ်ပါတယ်

စူးရှပြီးအီတဲ့မွှေးရနံ့ ကိုကြိုက်တဲ့ အမျိုသားတွေကတော့ သူတို့ ကိုယ်သူတို့ သပ်ရပ်သန့် ရှင်အောင်နေတတ်ကြပြီး ယောင်္ကျားပီသတဲ့ ရုပ်သွင်ရှိကြတဲ့သူမျိုးပါ သူဟာအောင်မြင်တဲ့ဘ၀မှာနေထိုင်လိုသူတစ်ဦးလည်းဖြစ်ပါတယ် အောင်မြင်လာအောင်လည်း ကြိုးပမ်းတတ်တဲ့သဘာဝရှိသူမျိုးတစ်ဦးဖြစ်ပါတယ်

အီပေမဲ့ အေးမြတဲ့ရနံ့ မျိုးကို ကြိုက်နှစ်သက်သူတွေကတော့ လွတ်လပ်မှုကိုသဘောကျပြီး သမရိုးကျလမ်းစဉ်တွေ ကနေခွဲထွက်တတ်သူပါ ဘ၀ရဲ့အခက်အခဲတွေကိုလည်း ကိုယ်ပိုင်အစွမ်းနဲ့ ဖြေရှင်နိုင်သူပေါ့ သူရဲ့အပြုအမူတွေဟာလည်း အေးစက်စက်နဲ့  တည်ငြိမ်နေတတ်ပါတယ်

Mind-set of perfume users (women)

လူတစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့  သူကြိုက်နှစ်သက်တဲ့ ရနံ့ တွေရဲ့ဆက်စပ်မှုကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က သုတေသနပြုလုပ်ခဲ့ကြပါတယ် .. အဓိက ကတော့ရေမွှေး ကုမ္ပ္ပဏီတွေက သူတို့ ရဲ့  ရေမွှေးကို ကြော်ငြာဆို့ နဲ့  အရောင်းမြှင့်တင်ဖို့ အတွက် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ကဲကိုယ်ကြိုက်တဲ့ ရနံ့ နဲ့  ကိုယ့်ရဲ့ စိတ်နေစိတ်ထားတွေ တိုက်ဆိုင်မှုရှိရဲ့လားလို့  ကြည့်လိုက်ကြရအောင်

အရင်ဆုံးအမျိုးသမီးတွေ အတွက်အရင်ပြောပါမယ်

လီမွန်ရနံ့ တွေ နဲ့  ပန်းရနံ့ တွေကို ကြိုက်နှစ်သက်သူတွေဟာ အကောင်းမြင်တတ်တဲ့သူတွေ ဖြစ်ပြီး အမြဲတမ်း တက်တက်ကြွကြွရှိတတ်ကြပါတယ်တဲ့ သူတို့ တွေဟာ စွန့် စားမှုတွေကိုလည်းကြိုက်နှစ်သက်ကြပါသတဲ့ အမြဲတမ်းခေါင်းဆောင်လိုစိတ်လည်းရှိတတ်ကြပါတယ် ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုတွေရှိနေတတ်တယ် အသစ်အဆန်းတွေကိုရှာဖွေတတ် စိတ်ဝင်စားတတ်ကြပြီး အခက်အခဲတွေဆိုတာဟာလည်း သူတို့ တွေအတွက် အေးဆေးပဲဖြစ်နေတတ်ကြပါတယ်တဲ့

အရှေ့တိုင်းဆန်တဲ့ စူးရှရှရနံ့ မျိုးကိုကြိုက်နှစ်သက်တဲ့ အမျိုးသမီးတွေကတော့ ပျော်ပျော်နေတတ်တဲ့ သူမျိုးတွေဖြစ်ပါတယ် သူတို့ တွေသာ ကိုယ့်တစ်ယောက်ထဲအစွမ်းနဲ့  ဘ၀ကိုရင်ဆိုင်နိုင်စွမ်းရှိကြပါတယ် သူတို့တွေဟာ ပါတီတွေသွားတာထက်စာရင် အိမ်မှာနေတာကိုပိုသဘောကျတတ်ကြတယ် ကိုယ့်အတွက်ရော သူများတွေအတွက်ပါ စဉ်းစားပေးတတ်ကြတယ် ပေါ့တီးပေါ့ဆနေတတ်တဲ့သူတွေကို သူတို့ တွေ မကြိုက်ဘူး အထီးကျန်ဆန်တဲ့ဘ၀ကိုလည်း မက်မောတတ်ကြတယ် ဆုံးဖြတ်ချက်ကို ပြတ်သားစွာချတတ်တဲ့ သူတွေလည်းဖြစ်ပါတယ် သူတို့ တွေဟာ တမူထူးခြားပြီး သီးသန့် ဖြစ်နေတတ်ကြပါတယ်တဲ့

ရှတတပန်းရနံ့ လေးတွေကို ကြိုက်တဲ့သူတွေကတော့ အရမ်းကို ဆတ်ဆတ်ထိမခံတဲ့သူမျိုးတွေပေါ့ စိတ်ကလည်းနှစ်ခွဖြစ်ဖြစ်နေတတ်ပါတယ် စိတ်ကူးယဉ်တတ်ကြတယ် အရမ်းကို မသာညေအငခ ဖြစ်တတ်ကြတယ် စိတ်ခံစားမှုလွယ်တတ်ကြတယ် သူတို့တွေဟာ စိတ်ကူးယဉ်နေပေမဲ့ တစ်ကယ်တမ်းကြတော့ လက်တွေ့ မလုပ်ချင်ကြဘူး ဇိမ်ကျကျနေထိုင်လိုကြတယ်

သစ်သီးရနံ့ မျိုးကိုကြိုက်တတ်တဲ့ အမျိုးသမီးတွေကတော့ သွက်သွက်လက်လက် ချက်ချက်ချာချာ လူမျိုးတွေပေါ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေထိုင်တတ်ကြတယ် သူတို့ ရဲ့ဆန္ဒတွေကို တတ်နိုင်သလောက် အကောင်အထည်ဖော်ကြတယ် ဘ၀ကိုရေစုန်မျောတတ်တဲ့လူစားမျိုးကို မုန်းတတ်ကြတယ် ဆုံးဖြတ်ချက်တွေကိုလည်း ချက်ချင်းချတတ်ကြပြီး အားသွန်ခွန်စိုက် လုပ်တတ်ကြတယ် ဘ၀မှာထိခိုက်ဒါဏ်ရာတွေ ကြုံတွေ့ လာရင်လည်း စိတ်ပျက်အားငယ်မနေပဲ အခက်အခဲကိုကျော်လွှားနိုင်ဆို့ ကြိုးစားတယ် ဒါပေမဲ့ တစ်ခါတရံမှာတော့ စိတ်ကူးယဉ်ဆန်တတ်ကြပါသေးသတဲ့

ချိုမြမြမွှေရနံ့ ကိုကြိုက်တဲ့သူတွေကတော့ ဗျာများတတ်ကြပြီး ကသီလင်တနိုင်တဲ့ သူမျိုးတွေပေါ့ စီမံကိန်းတစ်ခုကို ရေရှည်အတွက်မျှော်ကိုးပြီး ဂရုတစိုက်ချမှတ်တတ်ကြပါသေးတယ် ပဋိပက္ခတွေကိုရှောင်လွှဲ တတ်ကြတယ် သူတို့  တွေကိုကာကွယ်ပေးမဲ့သူမျိုးကို အမြဲတမ်း အနားမှာရှိနေစေချင်ကြတယ် သို့ ပေမဲ့လည်း သူတို့ ဘ၀ကိုနှောင့်ယှကါပြီး ဆရာကြီးလာလုပ်တာမျိုးမဖြစ်စေချင်ကြဘူး

စန္ဒကူးလိုမျိုး ပြင်းပြတဲ့ရနံ့ မျိုးကိုကြိုက်နှစ်သက်တဲ့ သူတွေကတော့ ဟာသဥာဏ်ရှိတဲ့သူတွေပေါ့ သူတို့ တွေစိတ်ညစ်နေတာတို့  စိတ်အာှးုယ်နေတာတို့ ကိုတွေ့ ခဲပါတယ် ပြသနာတွေကိုလည်းမရှုပ်မထွေးပဲဖြေရှင်းနိုင်စွမ်း ရှိကြပါတယ် အတိတ်ကိုလည်းပြန်ကြည့်ပြီး ပူပန်နေတတ်တဲ့သူမျိုးမဟုတ်ပါဘူး ကံကိုထက် မိမိကိုယ်ကို ပိုပြီးအားကိုးတတ်ကြပါတယ် သူတို့ တွေရဲ့ပတ်ဝန်းကျင်မှာသူဟာ အားထားရာဖြစ်နေတတ်ပါတယ် အုပ်စု အသင်းအဖွဲ့ တွေမှာလည်းသူဟာ အရေးပါတဲ့နေရာကိုရရှိထားတဲ့ သူမျိုးဖြစ်တတ်ကြပါတယ်

ပေါင်ဒါရနံ့ လို အနံ့ မျိုးကိုနှစ်သက်တဲ့ သူတွေကတော့ ဖာသိဖာသာနေတတ်ကြပြီး ထင်ပေါ်ကြော်ကြားလိုစိတ်လည်း မရှိတတ်ကြပါဘူး ကိုယ့်ကို ကိုယ်ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ် တစ်ခြားသူတွေကို ဘောင်မကျော်မိစေရန်လည်း ဂရုစိုက်ကြပါတယ် လူရှေ့ သူရှေ့မှာလည်း ထင်ထင်ပေါ်ပေါ်မနေတတ်ကြပါဘူး သေချာတာကတော့ သူတို့ တွေဟာ သီးသန့် နေထိုင်လိုစိတ်ရှိကြတာပါပဲ

Perfume.... The fragrance we love!

ကျွန်မ ဘလောဂ့်မရေးတာလဲ တော်တော်လေး ကြာသွားပြီရှင့်။ ပြီးခဲ့တဲ့လက 37 ပိုစ့်လောက် တင်ခဲ့တာကိုမှ မထောက် ငြိမ်ချက်သား ကောင်းနေလိုက်တာလို့ အပြစ်တင်လိုကလည်း တင်ကြပါတော့။ ကျွန်မကလည်း ကိုယ့်အခက်အခဲနဲ့ကိုယ်ရှင့်။ ရုံးက တင်းကျပ်လွန်းတဲ့ IT Rules တွေရယ်၊ အခုတလော တော်တော် အလုပ်များတာရယ်ကြောင့် ပိုစ့်တွေ မရေးဖြစ်တာပါ။ ခုတော့ အချိန်လေးအားတုန်း၊ အင်တာနက်လေး သုံးခွင့်ရတုန်း ပိုစ့်လေး တစ်ခုလောက်တော့ တင်မယ် စိတ်ကူးမိပါတယ်ရှင်။ တစ်ကယ်တော့ ဆားချက်တာပါ။ အရင်ပလန်းနက်မှာ ဖိုရမ်ရေးတုန်းက ရေးသားခဲ့ဖူးတဲ့ ရေမွှေးတွေအကြောင်းကို Blog ဖတ်သူ များအတွက် ပြန်လည်ဝေငှပေးချင်ပါတယ်။ သမိုင်းကြောင်းလေးနဲ့ အရင်စလိုက်မယ်နော်။

ရေမွှေးလို့ ခေါ်တဲ့ အမွှေးနံသာတွေကို အီဂျစ်လူမျိုးတွေက သူတို့ တွေရဲ့နတ်ဘုရားတွေကို ပူဇော်ပသတဲ့နေရာမှာ စတင်အသုံးပြုခဲ့တယ်လို့ ဆိုစမှတ်ပြုကြပါတယ် နောက်တော့မှ လူတွေက အမွှေးနံသာအဖြစ်ရော ဆေးအဖြစ်ပါအသုံးပြုလာကြပါတယ် ရေမွှေးသုံးစွဲမှုဟာ ၁၇ ရာစုလောက်ရောက်တဲ့အချိန်မှာ အရမ်းကို ကျယ်ပြန့် လာခဲ့ပါတယ် ပြင်သစ်နိုင်ငံဟာကမ်ဘာမှာ အကြီးကျယ်ဆုံး ရေမွှေးထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ် ရေမွှေးရဲ့ အဓိက raw material တွေကို သစ်ပင်နဲ့  တိရိတ္ဆန်တို့ ကနေ ကရတယ်လို့ ပြောကြပါတယ် ၁၈၀၀ ပြည့်နှစ်လောက်မှာ ပထမဆုံး synthetic product ကိုထုတ်လုပ်နိုင်ခဲ့ပါတယ် ရေမွှေးထုတ်လုပ်တဲ့ ဖော်မြူလာတွေကိုလည်း လျှို့ ဝှက်စွာ ထိန်းသိမ်းထားကြရပါတယ်

Three Kinds of Fragrance Notes
First Notes
ကျွန်မတို့ တွေ ရေမွှေပုလင်းကို စစချင်းဖွင့်လိုက်တဲ့ အချိန်မှာ ထွက်လာတဲ့ အနံ့ ဖြစ်ပါတယ်

Second Note
ကျွန်မတို့ ရဲ့ ကိုယ်ပေါ်မှာ ဆွတ်လိုက်တဲ့အချိန်မှာ ထွက်လာတဲ့ အနံ့ ဖြစ်ပါတယ်

Third Note

ကျွန်မတို့ တွေထွက်သွားပြီး ကျန်ခဲ့တဲ့ရေမွှေနံ့  ဖြစ်ပါတယ်

ရေမွှေးတွေကို အမျိုးအစားအားဖြင့် EDP EDC and EDT ဆိုပြီးသုံးမျိုးခွဲထားပါတယ်
EDP ( Eau De Perfume)
EDP ဆိုတာကတော့ ရေမွှေးဆီ အများဆုံးပါဝင် သောအမျိုးအစားဖြစ်ပါတယ် သာမန်အားဖြင့်ပြင်းပြတဲ့ အနံ့ ဖြစ်ပါတယ်

EDT ( Eau De Toilette)
EDT ဆိုတာရေမွှေးဆီနဲ့  တစ်ခြား Chemical တွေကိုသမအောင် အသုံးပြုထားတာဖြစ်ပါတယ် သင်းပျံ့  ပျံ့  အနံ့ လေးရှိပါတယ်

EDC ( Eau De Cologne)
EDC ဆိုတာ ရေမွှေးဆီကို အနံ့ ရရုံလောက်သာ အသုံးပြုထားတာဖြစ်ပါတယ်

ကျွန်မတို့ ဟာ ရေမွှေးတွေကို ရွေးချယ်ဝယ်ယူရာ မှာလည်း သေချာဂရုတစိုက် ၀ယ်ဖို့ လိုပါတယ် ဘာကြောင့်လဲဆိုတော့ ရေမွှေးတစ်မျိုးထဲ သုံးထားပေမဲ့ လူတစ်ယောက်နှင့် တစ်ယောက်ဟာ တူညီတဲ့ ရနံ့ ကို မရနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ် လူတစ်ယောက်ဘေးနားက ဖြတ်သွားလို့ ရတဲ့ ရနံ့ ကိုကြိုက်ပြီး ကံကောင်စွာနဲ့  အဲဒီတံဆိပ်ကို ရှာဝယ်နိုင်ခဲ့ရင်တောင် သူဆီမှာထွက်တဲ့ အနံ့ မျိုး ကိုယ့်ဆီမှာထွက် ချင်မှ ထွက်မှာပါ ဘာကြောင့်လဲဆိုတော့ လူ့ ခန္ဒာကိုယ်ကို ဖွဲ့ စည်းထားတဲ့ Body Chemistry တွေမတူညီနိုင်တဲ့အတွက်ဖြစ်ပါတယ် ရေမွှေးဝယ်တော့မယ်ဆိုရင် ပထမဆုံး ကိုယ်ပေါ်မှာအရင်ဆွတ်ပြီး တစ်မိနစ်၊ နှစ်မိနစ်လောက်ထားကြည့်ပါ ပြီးမှထွက်လာတဲ့အနံ့ ဟာ ကိုယ်တစ်ကယ် ကြိုက် မကြိုက်ဆိုတာ သေချာမှဝယ်စေချင်ပါတယ်

Tuesday, September 4, 2007

Blind Girl

ကျွန်မ ခဏနုတ်ဆက်တဲ့ အနေနဲ့ ကျွန်မကြိုက်တဲ့ အကြောင်းအရာလေး တစ်ခုကို ပိုစ့်အနေနဲ့ တင်ချင်ပါတယ်. လူတိုင်းလည်း ဒီဝတ္ထုလေးကို ဖတ်ပြီး တစ်ခုခုခံစား သွားရလိမ့်မယ်ထင်ပါတယ်ရှင်။.. မျက်စိကန်းနေတဲ့ ကောင်မလေးနဲ့ သူ့ချစ်သူ ကောင်လေးရဲ့ အကြောင်းလေးပါ။

ဟိုးရှေးရှေးတုန်းက မျက်စိကန်းနေတဲ့ အတွက် ကိုယ့်ကိုကိုယ် အလွန်တရာ မုန်းတီးနေတဲ့ မိန်းကလေး တစ်ယောက်ရှိပတယ်။ သူမရဲ့ ချစ်သူတစ်ယောက်ကလွဲရင် လူတိုင်းကို သူမမုန်းတယ်။ ချစ်သူကောင်လေး ကလည်း သူမရဲ့ အနားမှာ အမြဲနေပြီး ပြုစုယုယ ပေးတယ်။ သူမက "ကျွန်မသာ ဒီလောမှာ ရှိတဲ့ အရာမှန်သမျှကို မြင်နိုင်ရင် ရှင့်ကို ကျွန်မ လက်ထပ်မယ်လို့ ပြောလေ့ရှိပါတယ်။

တစ်နေ့မှာတော့ တစ်စုံတစ်ယောက်က သူမကို မျက်လုံးတစ်စုံ လှူဒန်လာပါတယ်။ မျက်စိ အစားထိုး ခွဲစိတ်ပြီး နောက်မှာတော့ သူမရဲ့ မျက်စိတွေဟာလည်း အကောင်းပကတိဖြစ်ပြီး အရာရာကို မြင်နိုင်စွမ်း ရှိသွားတယ်။ ချစ်သူကောင်လေးက "မင်း ခုတော့ ကျုယ်ကို လက်ထပ်တော့မှာပေါ့နော်" လို့ပြောတယ်။ ဒါပေမယ့် သူမရဲ့ ချစ်သူဟာ မျက်ကတ်း တစ်ယောက်မှန်း သူမမြင်တွေ့ လိုက်ချိန်မှာတော့ အရမ်းကို တုန်လှုပ်သွားခဲ့မိပါတယ်။ ပြီးတော့ "ရှင့်ကို ကျွန် လက်မထပ်နိုင်ဘူး၊ ရှင်ဟာ မျက်ကန်းတစ်ယောက်ပဲ " လို့ပြန်ပြောလိုက်တယ်။ သူမရဲ့ ချစ်သူဟာ ၀မ်းနည်းစွားနဲ့ သူမအနားကနေ ထွက်ခွာ သွားပြီး နောက်ပိုင်းမှာတော့ စာတစ်စောင်ကို ရေးပို့လိုက်တယ်။ "ငါ့ကို လက်မထပ်နိုင်ပေမယ့် ငါ့ရဲ့ မျက်လုံးကိုတော့ ဂရုစိုက်ပါကွာ" တဲ့။

ဒါကတော့ လူတွေဟာ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ပြောင်းလဲသွားတတ်တယ် ဆိုတာ ပြသနေပါတယ်။ သူတို့တွေရဲ့ အတိတ် အခြေအနေဟာ ဘယ်လိုရှိခဲ့ ဖူးတယ်ဆိုတာ လူနည်းနည်းလောက်သာ ရှိတတ်ကြပါတယ်။ ဘ၀မမမေ့သူက နည်းနည်းလေးပဲ ရှိတယ်ပေါ့လေ။ သူတို့တွေ ကောင်းစားဖို့ အတွက် တစ်ချို့ပတော့ နာကျင်ခံစားစွာနဲ့ ပေးဆပ်ခဲ့ကြတယ်ဆိုတာ မေ့သွားတတ်ကြတယ်လေ။

Apologies!!!!

ကျွန်မ Blog ရေးခြင်းကို ခဏရပ်ထားရပါလိမ့်မယ်ရှင်။ အလုပ်တွေက အခုတလော အရမ်းများနေတာကြောင့်၊ လတ်တလောမှာတော့ blog မှာ ရေးနိုင်သေးမှာ ဟုတ်သလို၊ သူငယ်ချင်းတွေဆီကိုလည်း မကြာခဏ လာလည်နိုင်တော့မယ် မထင်တော့ဘူး။ အားလုံး အဆင်ပြေသွားတဲ့ အချိန်မှာ အရင်လို အလှအပပိုစ့်တွေ ပြန်တင်နိုင်အောင် ကြိုးစားပါ့မယ်ရှင်။ ပြီးတော့ ဒီအချိန်က ကျွန်မတာဝန် ယူထားရတဲ့ နောက်ထပ် Brand အသစ်တစ်ခုကို Launch လုပ်နေတဲ့ ကာလာမို့လို့ အဲဒီဘက်ကို ဦးစားပေးရပါလိမ့်မယ်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို အထူးတလည် တောင်းပန် အပ်ပါတယ်ရှင်။ သူငယ်ချင်းတွေကို သတိရနေမယ် အထူးသတိရနေမယ်ဆိုတာတော့ မပြောလည်း သိနေကြတယ် မဟုတ်လား။

Sunday, September 2, 2007

Blog Seminar is successfully Finished

မင်္ဂလာပါရှင်
အားလုံးသိကြတဲ့ အတိုင်းပါပဲ ကျွန်မတို့ရဲ့ Blog Seminar ကြီး အောင်အောင်မြင်မြင် ပြီးမြောငခဲ့ပါတယ်။ ဒီင်္အခမ်းအနားကို တက်ရောက် လာသူပေါင်း 600 ကျော်ရှိတာမို့ တစ်ကယ်ကို ထင်ထားတက ထက်အောင်မြင်ခဲ့တဲ့ ပွဲလေးတစ်ပွဲပါရှင်။ ဒီပွဲလေး ဖြစ်မြောက်အောင် အဘက်ဘက်ကနေ ကြိုးစားပေးကြတဲ့ ဘလောဂ့်ဂါရောင်းရင်း မောင်နှမတွေ၊ ကျွန်မတို့နဲ့ စိတ်တူကိုယ်တူ အွန်လိုင်းကနေ တစ်ချိန်လုံး အားပေးခဲ့ကြတဲ့ နိုင်ငံရပ်ခြားက မောင်နှမတွေ ကိုလည်း လှိုက်လှိုက်လှဲလှဲ ဂါရ၀ပြုပါတယ်ရှင်။ Myanmar Blogger Society နဲ့အတူ ပူးပေါင်း ပါဝင်ကူညီကြတဲ့ စပွန်စာတွေကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်ရှင်။ င်္ဒအခမ်းအနားလေး အကြောင်းကို တစ်ခြား ဘလောဂ့်ဂါမောင်နှမတွေလည်း သူတို့တွေရဲ့ ဘလောဂ့်တွေမှာ အသီးသီးရေးသား နေကြတာမို့လို့ အထူးတလည်တော့ ရေးပြမနေတော့ပါဘူး။ အခမ်းအနားမှူး ကျွန်မရဲ့ လူသူ မသိလိုက်တဲ့ ခပ်ကြောင်ကြောင် အဖြစ်အပျက်လေး ကိုတော့ ဖောက်သည် ချချင်မိပါ၇ဲ့။

အဲဒီနေ့ မနက်က မိုးတွေ သဲသဲမဲမဲ ရွာနေတယ်ရှင်။ ထိတ်ခနဲ စိတ်ပူမိတာက ဘုရား ငါ့တို့ Seminar လူရော လာပါ့မလား။ ဖြစ်ချင်တော့ ပင့်ဂိုလ်းက အဲဒီနေ့က 8 နာရီခွဲလောက်မှ နိုးတာရှင့်။ ကိုဘလာဂေါက်တို့က Service+ ကနေစုထွက်ကြမှာဆိုတော့ ဒီအချိန်လောက်ဆို သူတို့တွေ သွားနေကြပြီ ထင်ပါရဲ့ ဆိုပြီး ကျွန်မလည်း ခပ်သွက်သွက်လေးပဲ ပြင်ဆင်လိုက်ပါတယ်။ ကျွန်မရောက်တဲ့ အချိန်မှာတော့ ဘလောဂ့်ဂါ မောင်နှမတွေ အကုန်စုံနေပါပြီ။ နောက်ကျလို့ အဆူများခံနေရမလား တွေးပူမိပေမယ့် တော်သေးတာပေါ့ ဘာမှ မပြောကြလို့။ ကျွန်မရောက်တော့ Seminar ကိုတက်ရောက်လာတဲ့ လူတစ်ချို့တောင် ရောက်နေပြီဆိုတော့ မဆိုးဘူးလို့တော့ ထင်မိသား။ ကျွန်မလည်း မနေ့ညက အလွတ်ကျက်ထားတဲ့ ပြောစရာ စကားတွေကို ပြန်ပြောပြီင်္း ကိုနေဘုန်းလတ်ကလည်း ထပ်ပြောရမယ့် အကြောင်းတွေကို သေချာမှာကြား ပြန်ပါတယ်။ တစ်ယောက်ထဲ မထိုင်ရဲလို့ ဆိုပြီး အနားမှာ မမအနှင်းကိုလည်း ခေါ်ထားရသေးတယ်လေ။ လူတွေကလည်းတစ်ဖြေးဖြေး များလာပြီး ခန်းမကြီးတောင် လျှံသွားတယ် ဆိုတော့ အရမ်းကြောက်နေမိတယ်။ ငါစကားပြောမှားရင် ဘယ်လိုလုပ်မလဲပေါ့။ မမမီကလည်း မကြောက်ဖို့ ဘေးနားကနေ အားပေးနေပါရဲ့။ ကဲ အခမ်းအနားလည်း စရော. လူကစကားပြောဖို့ မတ်တပ်ရပ်လိုက်တာ အိုးအို.. ခြေသလုံးတွေ တစ်ဆပ်ဆပ်နဲ့ တုန်နေလို့ ယိုင်ခွေ မသွားအောင် ၊ စကားလည်း မမှားအောင် မနည်း သတိထားနေရတယ်လေ။ (ပထမဆုံး အတွေ့အကြုံကိုလို့)။ ကြားထဲမှာ စကားတွေလည်း ထစ်သွားသေးတယ်။ လူတွေကလည်း ၀ိုင်းကြည့်တော့ ဘယ်လိုကြီးလည်း မသိဘူး။ ရင်ထဲမှာလည်း တစ်လှပ်လှပ်နဲ့။ ကိုမျက်လုံရဲ့ ဘလောဂ့်ကိုတောင် မှားပြီး ကြေငြာလိုက်သေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်ကြည်လင်ဖို့ ဆိုပြီးတော့လေ။ (တစ်ကယ်က တစ်ယောက်နဲ့ တစ်ယောက် ကြည့်နိုင်မြင်နိုင်ဖို့)။ ဆောရီးနော် ယောက္ခမကြီး။

စစချင်း ဦးရဲမြတ်သူကိုဖိတ်တယ်၊ ပြီးတော့ ကိုနေဘုန်းလတ်ကို ဖိတ်တယ်။ အဲဒီအချိန်ထိ အိုကေနေတယ်။ အဲ.. ဘာညာပြောမယ့်အလှည့်လဲ ရောက်ရောရှင်။ ဘာညာကို လိုက်ရှာတယ် မတွေ့ဘူး။ မြတ်စွာဘုရား ဘာညာ ဘယ်ရောက် သွားပြီလဲ။ ဦးရဲမြတ်သူတို့ ကိုနေဘုန်းလတ်တို့ကျတော့ ရှေ့ကထိုင်ခုံမှာ ခန့်ခန့်ကြီး ထိုင်နေကြတာ ဆိုတော့ ကြည့်ပြီး ခေါ်လိုက်ရုံပဲလေ။ ဘာညာပြောမယ့် အကြောင်းအရာကို မိတ်ဆက်ရင်း ဘာညာ့ကို ရှာတယ်။ မတွေ့ဘူး။ စိုးရိမ်စိတ်နဲ့ စကားတွေမှားပြီး “ လေးစားစွာ ပန်ကြားအပ်ပါတယ်” နေရာမှာ စင်မြင့်ပေါ်ကို ဖိတ်ခေါ်ပါတယ် ဆိုပြီး ကတဲ့သူတွေကို ပြောသလို ပြောမိတယ်လေ။ (ရှက်လိုက်တာ.. မသိလိုက်ကြဘူး မဟုတ်လားဟင်).. အဲ နောက်တော့မှ မယ်မင်းကြီးမက ကျွန်မအနားမှာ ရပ်နေတာရှင်။ အဲတော့မှ ကိုယ့်ဟာကိုလည်း ရီချင်မိပါရဲ့။ အနားက လူကိုတောင် မမြင်ဘူးလေ။

နောက်ပိုင်း စကားပြောတာတွေ ကျတော့ အိုကေသွားပါပြီရှင်။ အရှိန်ရလာပြီလေ။ အေးဆေးပေါ့။ ဒီကြားထဲ စေတန်နဲ့ တူတူ ဂျာနယ်ဖတ်မိလို့ ကိုညီလင်းဆက်က လာဆူသေးတယ် (ဟဲ့ အခမ်းအနားမှူး ရှေ့မှာထိုင်ပြီး ကောင်းကောင်းနေလေ။ နင့်ကို အကုန် မြင်နေရတယ်ဟဲ့.. ငြိမ်ငြိမ်နေတဲ့..) တိဝူးလေ မီးလည်း ပျင်းတော့ ဂျာနယ် ဖတ်မိတာပေါ့လို့။.. နောက်ပိုင်းပြောတာတွေတော့ အကုန် အဆင်ပြေတယ်။ အွန်လိုင်းပေါ်ကနေ အားပေးနေကြတဲ့ ညီအကိုမောင်နှမတွေရဲ့ စီဘောက်ထဲက စာသားတွေကိုကျတော့ ဒီနေ့ မနက်ကမှ ဖတ်ရတာရှင့်။ ပင့်ဂိုလ်းရဲ့ ဘ၀က ထိုင်ရာကထပြီး လျှောက်သွားလို့မရတဲ့ အဖြစ်လေ။ ဒီတော့မှ သြော် ငါတို့တွေချည်းပဲ Seminar လုပ်နေတာ မဟုတ်ပါလား။ ငါတို့နဲ့ စိတ်တူ ကိုယ်တူ မောင်နှမတွေ အများကြီး ရှိပါလား ဆိုပြီး ၀မ်းသာလွန်းလို့ မျက်ရည်တောင် လည်မိပါရဲ့ရှင်။ (တစ်ကယ်မျက်ရည်လည်တာနော်)။ နောက်များမှာလည်း ဒီထက်မက အောင်မြင်တဲ့ အခမ်းအနားမျိုးကို Blogger မောင်နှမ များနဲ့ တူတူကျင်းပ ချင်သေးပါရဲ့ရှင်။

ပင့်ဂိုလ်းဆီမှာတော့ ဓါတ်ပုံတွေ မရှိဘူးရှင့်။ Memory Stick ကိုတေဇာ့ကို ပေးလိုက်လို့လေ။ ကိုယ့်ပုံပဲ ကိုယ်တင်တော့မယ်။ ဒါတောင် သူများဆီက ယူလာတာ…